loading...

loading...

loading...

ပရိသတ်တွေက ကားလက်ဆောင်ပေးခဲ့ပါတယ်။
Sabal Thwin

ဘီလီလမင်းအေးကတော့ ကား လက်ဆောင်ဝယ်ပေးကြတဲ့ ပရိသတ်တွေကို အရမ်းအားနာမိတဲ့ အကြောင်းပြောပြလာပါတယ်။ 

ဘီလီလမင်းအေးကတော့ သူမရဲ့ မွေးနေ့မှာ ပရိသတ်တွေက ဝယ်ပေးတဲ့ တန်ဖိုးကြီး ကားတစ်စီး လက်ဆောင်ရခဲ့တာ တွေ့ရပါတယ်။ သူမအနေနဲ့ ဒီလို လက်ဆောင်ရဖို့ မျှော်လင့်မထားခဲ့ဘူးလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ဖူး Myanmar idol ပြိုင်ပွဲပြီးသွားတာ ၃ နှစ်ကျော်သွားပြီ။ ဒါပေမယ့် မမေ့ မလျှော့ချစ်ပေးကြတယ်၊ မောင်နှမသဖွယ် နွေးနွေးထွေးထွေး ချစ်ပေးကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဒီလိုမျိုး ကြီးကြီးမားမား လက်ဆောင် တစ်ခါမှ မရခဲ့ဖူးဘူး။ သူတို့တွေ ကား လက်ဆောင်ပေးကြတဲ့ အချိန်မှာ အားနာတဲ့စိတ်တော့ ဖြစ်မိတယ်။ ဖူး တစ်ခါမှ မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ လက်ဆောင်ကို ပေးထားတဲ့အတွက် ဖူး ကျေနပ်ပါတယ်” ဆိုပြီးတော့ မတ်လ ၂၂ ရက်နေ့က သူမရဲ့ မွေးနေ့အလှူမှာ ဖြေဆိုခဲ့တာပါ။ 

ဘီလီလမင်းအေးဟာ အခုချိန်မှာလည်း ကိုယ်ပိုင်ကား မရှိသေးဘူးလို့ သိရပါတယ်။ မိဘတွေရဲ့ ကားကို အတူတူ သုံးနေတယ်လို့လည်း မီဒီယာ အင်တာဗျူးမှာ ဖွင့်ဟ ပြောပြခဲ့ပါတယ်။ သူမဟာ မတ်လ ၂၂ ရက်နေ့မှာပဲ အသက် ၂၅ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ အသက် တစ်နှစ်ကြီးလာတိုင်းဖြစ်ချင်တဲ့ ဆန္ဒကတော့ ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ချင်တယ်လို့လည်း သူက ဆိုပါတယ်။ 

ပရိသတ်တွေဆီက ကား လက်ဆောင်ရခဲ့လို့လည်း မပျော်နိုင်ဘူးလို့ ဘီလီလမင်းအေးက ပြောပါတယ်။ ပရိသတ်တွေရဲ့ ပိုက်ဆံကို အကျိုးရှိတဲ့နေရာတွေမှာ သုံးချင်တယ်လို့လည်း ရင်ဖွင့်ပြောပြလာပါတယ်။ 

“ ဖူးကို အခုလို ကြီးမားတဲ့ လက်ဆောင်ပေးကြသလို သူတို့ လိုချင်တာလေးတွေကို စုဖို့အတွက် စုဗူးလေးတွေ လက်ဆောင်ပေးထားတယ်။ နောက်နှစ်မွေးနေ့ကျရင်တော့ ဒီစုဗူးလေးကို အတူတူဖောက်ပြီးတော့ အလှူလေးတွေ လုပ်ချင်တယ်။ ပိုက်ဆံတွေကို အခုလို မသုံးစေချင်ပါဘူး။ လိုအပ်နေတဲ့သူတွေ အများကြီးရှိပါတယ်။ Fan တွေက ဖူးအတွက် အမေမတူ၊ အဖေ မတူတဲ့ မောင်နှမတွေ ဖြစ်နေပါပြီ" ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါတယ်။ 

ဘီလီလမင်းအေးဟာ Myanmar Idol (Season-2) ပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ ပြိုင်ပွဲကြီး ပြီးသွားတဲ့နောက်မှာလည်း ဂီတအလုပ်တွေ ကို တစိုက်မတ်မတ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’အရှုံးမပေးတဲ့ ဝိညာဉ်’’ ဆိုတဲ့ သီချင်းအခွေကို ၂၀၁၈ ခုနှစ် မတ်လ အတွင်းက ထွက်ရှိခဲ့ပါတယ်။ နောက်ထပ်လည်း Single Song တွေ ထွက်ခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က