ပရဟိတအလုပ်တွေအကြောင်းပြောပြလာပါတယ်။

ထူးအောင်ကတော့ နာရေးကူညီမှုအသင်းနဲ့ လက်တွဲပြီး ပရဟိအလုပ်တွေ လုပ်ဖြစ်နေတဲ့ အကြောင်းပြောပြလာပါတယ်။ သူဖြတ်သန်းရမယ့် ဘဝမှာ တန်ဖိုးရှိတဲ့အလုပ်တွေ လုပ်ချင်တယ်လို့ဆိုပါတယ်။

Photo: နာရေးကူညီမှုအသင်း(ရန်ကုန်)



ထူးအောင်ကတော့ အခုလက်ရှိမှာ ပရဟိတအလုပ်တွေ တစိုက်မတ်မတ်ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ သူဟာ နာရေးကူညီမှုအသင်းနဲ့ တွဲဖက်ပြီး ပရဟိတအလုပ်တွေ ပိုလုပ်ဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ပရဟိတအလုပ်ကတော့ ကျွန်တော်အားတဲ့ အချိန်တွေမှာ လုပ်တယ်။ မေမြင့်မိုရ်နဲ့ဆိုလည်း ပရဟိတအလုပ်လုပ်ဖို့ မောင်နှမတွေ တိုင်ပင်ဖြစ်ကြတယ်။ ညီမလေးအားလား၊ အစ်ကိုကတော့ ဒီနေ့အလုပ်မရှိဘူး ကားသွားမောင်းပေးကြမယ်ဆိုပြီးတော့ ချိန်းဖြစ်တယ်။ ပုံမှန်အဖွဲ့တွေကတော့ အများကြီးရှိပါတယ်။ မေမြင့်မိုရ်မောင်လေး ရှင်းသန့်လည်းပါတယ်။ ကျွန်တော်တို့ကတော့ နာရေးကား မောင်းတာတင်မကဘူး Dead Body တွေလည်း အမြဲသယ်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၆ ရက်နေ့က ‘’အကြင်နာမြစ်ဖျား’’ရုပ်သံဇာတ်လမ်းတွဲ အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: နာရေးကူညီမှုအသင်း(ရန်ကုန်)

ပရဟိတအလုပ်တွေ လုပ်ဖြစ်နေတဲ့ ရည်ရွယ်ချက်ကိုလည်း ထူးအောင်က ပြောပြခဲ့ပါသေးတယ်။ အသက်ရှိစဉ်အချိန်တွေမှာ ကောင်းတဲ့အရာတွေ လုပ်ချင်တယ်လို့ ဆိုပါတယ်။

‘’ ကျွန်တော်ကတော့ ကိုယ်လုပ်နိုင်တဲ့ အနေအထားမှာ ကောင်းတဲ့ အရာလေးတွေ လုပ်ချင်တယ်။ ဘယ်အရာမှ မတည်မြဲဘူးလေ။ လက်ရှိအချိန်က အကောင်းဆုံးအချိန်ပဲ။ ဒီအချိန်တွေကို တန်ဖိုးရှိစွာဖြတ်သန်းချင်တယ်။ လူဆိုတာ အမှားတွေနဲ့ ဖြတ်သန်းနေရတာပဲလေ။ အသိစိတ်ဝင်တဲ့အချိန်မှာတော့ ကောင်းမှု ကုသိုလ်တွေလုပ်ရင်း ကျွန်တော် ဖြတ်သန်းချင်ပါတယ်။ ကိုယ့်အလှည့်မှာ သယ်ပေးမယ့်လူကျရင်လည်း စိတ်ထားပြည့်ဝစွာ အဆုံးထိ ကူညီနိုင်ဖို့ မျှော်လင့်တယ်’’ လို့ သူကဆိုပါတယ်။

Photo: နာရေးကူညီမှုအသင်း(ရန်ကုန်)

ထူးအောင်ကိုတော့ Model တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အဆက်မပြတ် ရိုက်ကူးနေရတာကိုလည်းတွေ့ရပါတယ်။ သူဟာ တက်သစ်စ လူငယ်သရုပ်ဆောင်တွေထဲမှာမှ အနုပညာအလုပ်တွေလည်း ပိုလုပ်လာရသူဖြစ်သလို ပရိသတ်အခိုင်အမာ ရရှိနေတဲ့ သရုပ်ဆောင်သစ် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က