ငယ်ငယ်က စာအရမ်းတော်တဲ့သူပါ။

ရွှေမှုံရတီဟာ အနုပညာအလုပ်တွေ လုပ်နေရတဲ့ အချိန်မှာ (၁၀) တန်း စာမေးပွဲ ပြန်မဖြေဖြစ်သေးတဲ့ သူမရဲ့ ခံစားချက်ကို အခုလို ပြောပြခဲ့ပါတယ်။ 

ရွှေမှုံရတီကတော့ (၁၀)တန်းအောင် စာရင်းတွေ ထွက်တဲ့ အချိန်မှာ သူ့ရင်ထဲက ခံစားချက်ကို ပြောပြလာပါတယ်။ သူမအနေနဲ့ (၁၀) တန်းမအောင်တာကို စိတ်မကောင်းမဖြစ်ပဲ မိသားစုကို ရှာကျွေးနိုင်တဲ့ သူဖြစ်နေလို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေတာပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



" သဲ (၁၀) တန်းမအောင်ရတဲ့ အကြောင်းအရင်းကလည်း တစ်ခုကို အာရုံစိုက်လိုက်ရလို့ နောက်တစ်ခုကို လစ်ဟင်းသွားတာပါ။ သဲက အနုပညာအလုပ်မလုပ်ဘူးဆိုရင် (၁၀) တန်းအောင်မှာ အသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ သဲ ငယ်ငယ်က ကျောင်းမှာ စာအရမ်းတော်ပါတယ်။ 1 to 3 ပဲ အမြဲနေပါတယ်။ ဘာပဲပြောပြော သဲ အာရုံစိုက်လိုက်တဲ့ အလုပ်တစ်ခုက သဲရဲ့ မိသားစုတွေကို ရှာကျွေးဖို့အတွက် ဖြစ်သွားတယ်။ အဲဒီအတွက် အရမ်းဝမ်းသာတယ်။ (၁၀) တန်းမအောင်သည့် တိုင်အောင် သဲကိုယ်သဲ အမြဲ ဂုဏ်ပြုတယ်။ ငါသည် ငါ့မိသားစုကို ရှာကျွေးနိုင်တာပဲ ဆိုတဲ့ ဂုဏ်ယူတဲ့ စိတ်နဲ့ အမြဲနေပါတယ်" လို့ ဆိုပါတယ်။ 

ရွှေမှုံရတီဟာ အခွင့်အရေးရရင် (၁၀)တန်းစာမေးပွဲ ပြန်ဖြေမယ်လို့ ဆိုပါတယ်။ (၁၀) တန်းမအောင်တဲ့သူတစ်ယောက်မို့ ပရိသတ်တွေရဲ့ စနောက်ခြင်း ခံရတာကိုလည်း စိတ်မကောင်းဖြစ်နေမိတယ်လို့ သြဂုတ်လ (၁၀) ရက်နေ့က ဝိန့်စိန် ရွှေဆိုင် ကြော်ငြာရိုက်ကွင်းမှာ မီဒီယာတွေကို ဖြေဆိုခဲ့တာပါ။ 

" သဲအနေနဲ့ (၁၀)တန်းပြန်ဖြေချင်ပါတယ်။ အချိန်အခါအခွင့်သင့်လို့ရှိရင်လည်း ပြန်ဖြေမှာပါ။ သမီးကို (၁၀) တန်းမအောင်လို့ နှိမ်ကြတဲ့အတွက်လည်း အရမ်းဝမ်းနည်းရပါတယ်။ (၁၀) တန်းမအောင်တာနဲ့ပတ်သက်ပြီး Troll ကြတဲ့ အပေါ်မှာလည်း ကျေးဇူးတင်ပါတယ်။ ဒါက သဲကို (၁၀) တန်းပြန်ဖြေဖို့အတွက် သတိပေးနေသလိုပါပဲ။ သဲ အခု (၂၂) နှစ်ဆိုတော့ ပြန်ဖြေလို့ရမယ်လို့လည်း ထင်ပါတယ်။ ဇာတ်ညွှန်းတွေတောင် ဖတ်နိုင်သေးတာပဲ။ စာကျက်နိုင်တဲ့ ဦးနှောက်ရှိသေးတယ်လို့လည်း သဲထင်ပါတယ်" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ရွှေမှုံရတီ ဟာ အနုပညာပျိုးခင်းကနေ စင်တင်ပေးလိုက်တဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမဟာ ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်ဦးဖြစ်လို့နေပါပြီ။ ပရိသတ် အချစ်ကို ခိုင်ခိုင်မာမာ ရရှိထားသူဖြစ်သလို ကျရာ ဇာတ်ရုပ်မှာလည်း အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီး တစ်ယောက်ပါ။ သူမဟာ ခင်ပွန်းဖြစ်သူ အဆိုတော် ရွှေထူးနဲ့ ၂၀၁၈ ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဘက်ကိုပါ ခြေလှမ်းလာပြီဖြစ်တဲ့ သူမဟာ ရွှေထူးနဲ့ အတူ သီချင်းတွေ ဆိုလာတာကိုလည်း တွေ့ရပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က