ချီချင်တယ်။ ကိုင်ကြည့်ချင်တယ်။
Sabal Thwin

ဆိုဖီယာတစ်ယောက် စန္ဒီမြင့်လွင်ရဲ့ သမီးချောလေး Treasure ရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး ချစ်နေရတဲ့အကြောင်း ပြောလာပါတယ်။  

Photo: Sandy Myint Lwin



ဆိုဖီယာကတော့ ဂီတလောကမှာ အစ်မတစ်ယောက်လို ချစ်ရတဲ့ စန္ဒီမြင့်လွင်ရဲ့ မိသားစုလေးအပေါ် သူမရဲ့ အမြင်ကို ပြောပြလာပါတယ်။ စန္ဒီမြင့်လွင်ရဲ့ သမီးလေး Treasure ကိုလည်း မတွေ့မမြင်ရသေးပေမယ့် အရမ်းချစ်ပြီး အရမ်းကိုင်ကြည့်ချင်နေတယ်လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

“ မဒီး သမီး Treasure လေးကို အရမ်းချစ်နေပြီ။ Facebook Story မှာဆို မဒီးပုံကို သိပ်မမြင်ရတော့ဘူး။ Treasure ပုံတွေ မြင်မြင်ပြီးတော့ သဘောတွေကျနေတာ။ တွေ့လည်း တွေ့ချင်တယ်။ အပြင်မှာဆုံဖို့ကျတော့ ရောဂါဆန်းတွေကလည်း ဖြစ်နေကြတော့ အပြင်မထွက်သေးတာ ဖြစ်မယ်။ တော်တော်လေး ချစ်ဖို့ကောင်းတယ်။ အပြင်မှာမတွေ့ဖူးသေးဘူး။ Treasure ကို အိမ်အထိသွားကြည့်မယ်၊ သွားကိုင်ကြည့်ချင်တယ်။ Treasure က ငယ်ငယ်တုန်းက အမေနဲ့ တူတယ်။ ဒါပေမယ့် နည်းနည်းကြီးလာတော့ အဖေနဲ့လည်း နည်းနည်း တူလာတယ်လို့ ဆိုဖီ ထင်တယ်။” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က KIA ကားအသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Sandy Myint Lwin

ဆိုဖီယာနဲ့ စန္ဒီမြင့်လွင်တို့ကတော့ သီချင်းတွေတွေ “IDEC” ဆိုတဲ့ LGBT ကိုယ်စားပြု သီချင်းလေးကို နှစ်ယောက်အတူတွဲပြီး စတင်သီဆိုခဲ့ပါတယ်။ အဲဒီနောက် ဖျော်ဖြေပွဲတွေမှာလည်း နှစ်ယောက်အတူတူ သီချင်းတွေ သီဆိုခဲ့ကြပါတယ်။ ဆိုဖီယာရဲ့ Single Song လေးတွေကိုလည်း စန္ဒီမြင့်လွင်က အားပေးဝန်းရံခဲ့တာ တွေ့ရပါတယ်။ ဆိုဖီယာရဲ့ နောက်ထပ် ထွက်ရှိဦးမယ့် သီချင်းတွေမှာလည်း စန္ဒီမြင့်လွင်က ပါဝင်သီဆိုပေးထားတယ်လို့ သိရပါတယ်။ 

Photo: Sandy Myint Lwin

ဆိုဖီယာဟာ စန္ဒီမြင့်လွင်အပေါ် စီနီယာကောင်းတစ်ယောက်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ သူမဆီက လေ့လာသင်ယူရတဲ့အရာတွေ အရမ်းများတယ်လို့လည်း ဆိုဖီယာက ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“ မဒီးက သီချင်းနဲ့ ပတ်သက်ရင် အရမ်းလည်း ဇွဲရှိတယ်။ စီနီယာတစ်ယောက်အဖြစ် အတုယူစေရတဲ့ အချက်တွေ အများကြီးရှိတော့ သူနဲ့အတူတူဆက်ပြီးအလုပ်လုပ်ချင်တဲ့ စိတ်လည်းဖြစ်တယ်။ အခုထိလည်း သီချင်းတွေ အတူတူလုပ်နေတုန်းပါပဲ။ မဒီး နောက်ဆုံးထွက်ထားတဲ့ “အသည်းနာ” ဆိုတဲ့ သီချင်းကိုလည်း ညီမ အရမ်းကြိုက်တယ်။ ညီမ အခွေထဲမှာလည်း မဒီးနဲ့ ၄ ပုဒ်ဆိုထားတယ်” လို့ ဆိုပါတယ်။ 

 

Photo: Sandy Myint Lwin

ဆိုဖီယာက Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက်Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အနေနဲ့အွန်လိုင်းကနေပဲ သီချင်းအသစ်တွေ ဖန်တီးပေးနေတာဖြစ်ပါတယ်။ ဆိုဖီယာဟာ ဂီတဘက်မှာအောင်မြင်နေရုံသာ မက သရုပ်ဆောင်အဖြစ်နဲ့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author

  • Sabal Thwin

    Entertainment Reporter


က္က