စိတ်ညစ်စရာတွေတော့မတွေးဘူး။
Ei Ei Myat

အုပ်စိုးခန့်ကတော့ သူ့ကို ဝေဖန်လို့ လူတွေသိတာထက် သူ့ရဲ့အနုပညာနဲ့ပဲ ပရိသတ်တွေ သိလာတာ အားပေးလာတာကို လိုချင်တယ်လို့ ဆိုပါတယ်။

Photo ; အုပ်စိုးခန့်

အဆိုတော် အုပ်စိုးခန့်က ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ခံနိုင်ရည်ရှိအောင် ကြိုးစားနေသလို ဝေဖန်မှုတွေ ၊ Troll တာတွေနဲ့ ပတ်သက်ပြီး ယခုလို ရင်ဖွင့်လာပါတယ်။

“Troll တာနဲ့ ပတ်သက်ပြီး စိတ်ဆိုးတာမျိုး မရှိပါဘူး။ တချို့ကျတော့လည်း ကောင်းစေချင်လို့ ဝေဖန်တာ ရှိတယ်။ကျွန်တော်ကတော့ ကောင်းတဲ့ဘက်ပဲတွေးတယ်။အားလုံးက ပျော်ချင်လို့ လုပ်ကြတယ်လို့ပဲ ထင်ပါတယ်။ သူများကို Troll ရလို့ပျော်တယ်ဝေဖန်ရလို့ ပျော်တယ်ဆိုရင်ပဲ သူတို့အစား ကျွန်တော်ကျေ နပ်ပါတယ်” လို့ သူက ဆိုပါတယ်။

Photo ; အုပ်စိုးခန့်

ဒါပေမယ့် အုပ်စိုးကတော့ ဝေဖန်လို့ လူတွေသိလာတာထက် သူ့ရဲ့ အနုပညာနဲ့ပဲ အုပ်စိုးခန့်ဆိုတာကို ပိုပြီး သိစေချင်တယ်လို့ ပြောပါတယ်။

“ဝေဖန်တာဆိုတာ ကောင်းတာရှိသလို မကောင်းတာလည်းရှိတယ်။ ကျွန်တော်က အဓိက ပြောရင် အနုပညာတစ်ခုနဲ့ပဲ လူများတွေကို ချပြချင်တာ သိစေချင်တာ။ ဒီလိုဝေဖန်တဲ့ကိစ္စတွေကြောင့် အုပ်စိုးခန့်လို့ မသိစေချင်ဘူး” လို့ နိုဝင်ဘာ(၂၁) ရက်နေ့ ဝတ်မှုံရွှေရည်ရဲ့ Fan Meeting မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo ; အုပ်စိုးခန့်

အုပ်စိုးခန့်ကတော ဂီတပိုင်းတင်မကပါဘူး ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာတွေ့ရပါတယ်။ သရုပ်ဆောင် မိုရီဆာကီဝင်း၊ နေခြည်ဦးတို့နဲ့အတူ ‘အိမ်မက်တွေမိုးထားတဲ့အိမ်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မိုရီဆာကီဝင်း၊ ချမ်းမင်းရဲထွဋ်၊ အောင်လေး၊ အုပ်စိုးခန့်၊ ညီနန္ဒ၊ နေခြည်ဦး၊ မေနွယ်ထွန်း၊ ရွှေရင်အေး၊ သဲနန္ဒာစိုး၊ ဝမ်ဝမ်း နဲ့ ကေညီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo ; အုပ်စိုးခန့်

အုပ်စိုးခန့်ကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သီချင်းတွေ သီဆိုရင်းက တဆင့် ပရိသတ်တွေအားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကိုယ်ပိုင်သီချင်းများစွာလည်း သီဆိုခဲ့ဖူးသူပါ။ ပရိသတ်တွေ ပိုပြီးသတိထားမိစေခဲ့တာကတော့ သရုပ်ဆောင် ယွန်းယွန်းနဲ့ရိုက်ကူးထားတဲ့ ‘’တန်ခူးမေ’’ ဆိုတဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေအများကြီး အားပေးခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ချစ်နေပြီ’’ ဆိုတဲ့ Album လေးကလည်း အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါသေးတယ်။


က္က