သင်ဇာဝင့်ကျော်နဲ့ ဓာတ်ပုံတွေအကြောင်းပြောပြလာပါတယ်။

ပိုင်တံခွန်က သင်ဇာဝင့်ကျော်နဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားထဲက ဓာတ်ပုံနဲ့ Facebook ပေါ်မှာ Troll ခံနေရတာကို ပျော်ရွှင်နေပါတယ်။ ဒီဇာတ်ကားလေးရဲ့ အကြောင်းကိုလည်း သူက ပြောပြခဲ့ပါသေးတယ်။

ပိုင်တံခွန်က လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ‘’သူ .. ဘယ်သူလဲ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပိုစတာနဲ့ ဟာသတွေ အပြောခံနေရတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။ ဒီဟာသတွေကလည်း သူ့ကို ပျော်ရွှင်မှုတစ်ခုဖြစ်စေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ Troll နေမှ မTroll ရင်တောင် ကိုယ့်ဘာသာကိုယ် တစ်မျိုးကြီးဖြစ်နေတာ။ သူတို့ Troll နေတော့ ကျွန်တော်လည်း ပျော်တယ်။ ကြည့်လည်း ကြည့်ရတယ်ပေါ့နော်။ ဟိုအရင်တုန်းက အခြေအနေတွေနဲ့တော့ မတူတော့ဘူးပေါ့နော်။ အရင်တုန်းကကျတော့ စိတ်မကောင်း အရမ်းဖြစ်တယ်။ နောက်ပိုင်းကျတော့ ဒါတွေက ကျွန်တော့်အတွက် ကျင့်သားရလာတဲ့အခါကျတော့ အဲဒါတွေ မရှိပဲကို မနေတတ်ဘူးဖြစ်နေတယ်’’ ဆိုပြီးတော့ ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: သူ ဘယ်သူလဲ

သရုပ်ဆောင် ပိုင်တံခွန်က သင်ဇာဝင့်ကျော်နဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’သူ..ဘယ်သူလဲ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ပိုစတာအကြောင်းကို ပြောပြလာပါတယ်။ ဇာတ်ကားအကြောင်းလေးကလည်း ဆန်းပြားလှပါတယ်။

‘’ ပိုစတာက အဲ့ဒီလို ထွက်လာမယ်လို့လည်း ကျွန်တော်တို့ မသိခဲ့ဘူး။ ဇာတ်ဝင်ခန်းထဲက ပုံကို ပိုစတာလုပ်ထားတာ။ ‘’သူ..ဘယ်သူလဲ’’ ဆိုတဲ့ ဇာတ်လမ်းကပရိသတ်ကို မတူတဲ့ ရသတွေပေးမယ်လို့ထင်ပါတယ်။ ဒီဇာတ်ကားပုံစံလေးက စိတ္တဇဆိုတာထက် ဆိုဒ်ကို ပုံစံလေးပေါ့နော်’’ ဆိုပြီးတော့ ဇွန်လ ၁၃ ရက်နေ့က oppo Reno Series Launch မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Paing Takon

ပိုင်တံခွန်ဟာ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ တဖြည်းဖြည်း ရိုက်ကူးလာရတဲ့ မင်းသားတစ်ယောက်ဖြစ်လို့နေပါပြီ။ သူကိုယ်တိုင်ကလည်း အများအားဖြင့် ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ကမ်းလှမ်းမှသာ ရိုက်ကူးမယ်လို့ ဆိုပါတယ်။

‘’ နောက်ပိုင်းရိုက်တဲ့ ဇာတ်ကားတွေမှာ အမှန်အတိုင်းပြောရရင် ခေါင်းဆောင်ပုံစံပဲရိုက်ချင်တယ်။ ဒါပေမယ့် ကိုယ့်အတွက် ဇာတ်လမ်း၊ ဇာတ်ကွက်လည်းကောင်းမယ်၊ အဆင်ပြေတယ်ဆိုရင်တော့ ကျွန်တော်က ခေါင်းဆောင်ရယ်လို့ မဟုတ်ဘူး ရိုက်ဖြစ်တယ်။ ဒါပေမယ့် အဲဒါကတော့ နည်းနည်းရှားတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က