အောင်မြင်တဲ့အနုပညာရှင်နှစ်ယောက်ကို နှိုင်းယှဉ်လာတဲ့အပေါ် ပြောပြလာတာပါ။

အောင်မြင်ပြီးသား အနုပညာရှင်အချင်းချင်းကို ယှဉ်စရာမလိုတဲ့အကြောင်း သက်မွန်မြင့်က ပြောပြလာပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ အနုပညာလမ်းကြောင်းကလည်း မတူကြဘူးလို့ဆိုပါတယ်။

သရုပ်ဆောင် သက်မွန်မြင့်ဟာ အောင်မြင်မှုတွေ ရရှိနေတဲ့ မင်းသမီးနှစ်ယောက်ကို နှိုင်းယှဉ်ဝေဖန်လာကြတဲ့ ပရိသတ်တွေအတွက် သူမရဲ့ခံယူချက်ကို အခုလိုပြောပြလာပါတယ်။ ဒီအတွက် ရင့်ကျက်စေချင်မိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’သူတို့ကို အများကြီးတော့မပြောဘူး၊ သူတို့ကို ရင့်ကျက်ဖို့ပဲပြောတယ်။ လူဆိုတာ ယှဉ်လို့မရဘူးလေ၊ ကိုယ်လည်း သူ့လို ဖြစ်ချင်မှဖြစ်မယ်၊ သူလည်း ကိုယ့်လို ဖြစ်ချင်မှဖြစ်မယ်၊ သူဆိုတာသူပဲ၊ ကိုယ်ဆိုတာကိုယ်ပဲ အမြဲတမ်းနှိုင်း ယှဉ်ပြီးတော့ ပြောလို့မရဘူး။ ဖြတ်သန်းပုံခြင်းလည်း မတူသလို ကိုယ့်ဘဝကိုယ် တည်ဆောက်ကြတဲ့ ပုံစံခြင်းလည်း မတူဘူး’’ လို့ ဆိုပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်ကလည်း အနုပညာလောကမှာ ကြိုးစားခဲ့ပုံခြင်း၊ ဖြတ်သန်းခဲ့ပုံခြင်းက မတူညီကြတဲ့အတွက် နှိုင်းယှဉ်လို့ မရဘူးလို့လည်း သက်မွန်မြင့်က ပြောပါတယ်။

‘’ အမြဲတမ်း ယှဉ်ပြီးတော့ လိုက်လုပ်လို့မရဘူးလေ။ သူ့အနေအထားနဲ့သူ၊ ကိုယ့်အနေအထားနဲ့ကိုယ်၊ သူသည်လည်း ကိုယ့်လို မဖြစ်နိုင်တာရှိသလို၊ ကိုယ်သည်လည်း သူ့လို မဖြစ်နိုင်တာရှိတယ်။ ဒါတွေကို ရင့်ကျက်တဲ့ စိတ်နဲ့ပဲ ဖြတ်သန်းစေချင်တယ်။ အမုန်းပွားကြတာတွေကို သက်မွန်မကြိုက်ဘူး’’ လို့ သူကဆိုပါတယ်။

Photo: Amazing Grace

ပရိသတ်တွေ အနေနဲ့ကလည်း ကိုယ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်အတွက် တခြားအနုပညာရှင်ကို ထိခိုက်အောင် လုပ်ဖို့ မသင့်ဘူးလို့ သက်မွန်မြင့်က ဆက်လက်ပြောပြလာပါတယ်။

‘’အဓိက ကတော့ ကိုယ်ချစ်တဲ့အချစ်က သူများကို အန္တရာယ်မဖြစ်စေချင်ဘူး။ သူများကို မထိခိုက်စေချင်ဘူး။ အဲဒါလေးကိုပဲ သတိကပ်ရမှာပေါ့’’ ဆိုပြီးတော့ သြဂုတ်လ ၂၅ ရက်နေ့က Brand’s ပွဲကို တက်ရောက်ရင်းနဲ့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Amazing Grace

သက်မွန်မြင့်ဟာ လက်ရှိမှာတော့ အကယ်ဒမီ ၂ ဆုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ ၂၀၁၀ ပြည့်နှစ်မှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၆ ခုနှစ်မှာ “ချစ်လှစွာသော အမုန်း”ရုပ်ရှင်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သားလေး အားချစ်နဲ့ သမီးလေး လဝန်းမေ ဆိုတဲ့ သားနဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ သူမကိုတော့ ပရိသတ်တွေက Music Video တွေကနေတဆင့် စတင်အားပေးခဲ့ကြတာပါ။ သက်မွန်မြင့်ရဲ့ ထူးခြားချက်ကတော့ ချစ်စရာကောင်းတဲ့ မျက်ဝန်း၊ အေးချမ်းတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်လေးနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မွေးရပ်မြေ ချင်းတောင်တန်းကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသူလေး တစ်ယောက်ပါ။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က