ဘဝမှတ်တိုင်တစ်ခု ဖြစ်လာမယ့်ပွဲပါ။
Sabal Thwin


၂၀၂၀ ခုနှစ်မှာတော့ အဆိုတော် မီးမီးခဲရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပရိသတ်တွေ အားပေးခွင့်ရရှိတော့မှာဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာ ကင်ဆာရောဂါနဲ့ ရင်ဆိုင်နေရသူ ဆိုရင်လည်း မမှားပါဘူး။

Photo: Mee Mee Khal

အဆိုတော် မီးမီးခဲကတော့ ၂၀၂၀ ခုနှစ်မှာသူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဘဝမှတ်တိုင်တစ်ခု စိုက်ထူမယ့် ပွဲလေး တစ်ပွဲဖြစ်တယ်လို့လည်း သူကပြောပါတယ်။

“One lady show လုပ်ဖြစ်ပါတယ်နော်။ January ၁၁ ရက်နေ့ ဖြစ်ပါတယ်။ လာနိုင်အောင်ကြိုးစားပေးကြပါလို့ ။

ကျွန်မဘဝရဲ့မှတ်တိုင် စိုက်ထူမဲ့နေ့လေးမှာ လာရောက် အားပေး ဖေးမ ကူညီကြပါလို့မေတ္တာရပ်ခံပါရစေ။နေရာ အချိန် အတိအကျ ပြန်လည်ပြီး ပြောပါမယ်လို့” ဆိုပြီးတော့ ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့ပါတယ်။

Photo: Mee Mee Khal

အဆိုတော် မီးမီးခဲဟာ ရင်သားကင်ဆာအဆင့် (၄)ခံစားနေတဲ့အပြင် ဦးခေါင်းရဲ့ညာဘက်ခွံမှာ ကင်ဆာအသစ်တစ်ခု ထပ်ပေါ်ခဲ့တာကြောင့် ဓာတ်ရောင်ခြည်နဲ့ ကုသနေရတယ်လို့ သိရပါတယ်။ သူ့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း Duwun Media အင်တာဗျူးမှာ ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။

“ကင်ဆာဆဲလ်တွေ မပြန့်သေးတဲ့အခြေအနေပေ့ါ။ ထပ်မဖြစ်လာဖို့ ဆုတောင်းနေရတာလေ။ နောက်ကျတဲ့အတွက် အမြစ်ကတော့မပြတ်ဘူး ။ ကင်ဆာဆဲလ်တွေက အခုမရှိတော့ဘူး ဆိုပေမဲ့ ပြန်ဖြစ်ဖို့ ရာခိုင်နှုန်းများတဲ့အထဲမှာပါတယ်။အရမ်းစိုးရိမ်ရတဲ့ နေရာတွေမှာပေါ်လာရင်တော့ ပြန်သွင်းရမှာပါ။အသက်ရှင်ဖို့ထက် လက်ရှိအချိန်နဲ့ ဘဝကိုပဲ တန်ဖိုးထားဖြတ်သန်းေ နပါတယ်။ခွဲစိတ်လည်း မမှီတော့ဘူးလေ။ ဖြတ်ထုတ်လို့လည်း မရတော့ဘူး။ အရိုးထဲထိ ပြန့်ကုန်တာဆိုတော့ ဆေးနဲ့ပဲ ထိန်းနေရတာပေ့ါ။ အစ်မကတော့ ကင်ဆာသမားတစ်ယောက်လို အသက်မရှင်ဘူး။ ပျော်ပျော်ပဲ နေတယ်” လို့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး Duwun Media ကို ပြောပါတယ်။

Photo: Mee Mee Khal

မီးမီးခဲကတော့ နိုင်ငံကျော် တေးရေးဆရာကြီး စောဘွဲ့မှူးရဲ့ သမီးငယ်လေးဖြစ်ပြီးတော့ အဆိုတော် ကဗျာဘွဲ့မှူးရဲ့ ညီမငယ်လေးဖြစ်ပါတယ်။သူမဟာ လက်ရှိမှာ ဂီတလောကနဲ့ နည်းနည်း အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းလောက်က သီချင်းအသစ်တစ်ပုဒ် ထွက်ရှိခဲ့ပြီး အဲဒီ သီချင်းလေးနဲ့ပဲ ပရိသတ်တွေ သူမကို ပြန်ပြီး သတိရစေခဲ့တာပါ။ သူမကိုယ်တိုင် ရေးထားတဲ့ “ငါ့ရဲ့ မျက်ဝန်းညို” ဆိုတဲ့ သီချင်းလေးက ပရိသတ်တွေကြားအ ရမ်းကို နာမည်ကြီးသွားခဲ့တာပါ။ ထူးခြားတဲ့ အသံလေးကို ပိုင်ဆိုင်ထားပြီး ချစ်ဖို့ကောင်းလှတဲ့ အဆိုတော် မီးမီးခဲဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ဦးပါ။မီးမီးခဲဟာ "မျက်ဝန်းညို" ၊ "အဝေးက ချစ်သူ" စတဲ့ သီချင်းအသစ်တွေလည်း ထွက်ရှိထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က