သူမအတွက် အမှတ်တရလေးတွေ ဖြစ်လာမယ်လို့ပြောပါတယ်။

မြတ်သူသူကတော့ သူမရဲ့ ဘဝမှာ အမှတ်တရများစွာကို တစ်စုတစည်းတည်း ထားနိုင်ဖို့ တစ်ကိုယ်တော် အခွေထုတ်မယ်လို့ ဆိုပါတယ်။ 

Photo: Myat Thu Thu



မြတ်သူသူကတော့ အခုဆိုရင် ဂီတလမ်းကြောင်းပေါ် ရောက်ရှိလာပြီဖြစ်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ အခုဆိုရင် တစ်ကိုယ်တော် အခွေ ထွက်ဖို့ ပြင်ဆင်နေပြီလို့ Duwun ကို ပြောပြလာပါတယ်။ 

"အမှန်အတိုင်းပြောရရင် မြတ်သူ အနေနဲ့ ကိုယ့်ဘဝအတွက် အမှတ်တရဖြစ်စေမယ့် သီချင်းလေးတွေကို တစ်စုတစည်းတည်း ရှိစေချင်တဲ့အတွက်ကြောင့် Mini Album ကတော့ ထုတ်ဖြစ်အောင် ထုတ်မှာပါ။ ကိုယ်တင်ပေးလိုက်တဲ့ သီချင်းလေးတွေကို ပိုအားပေးလာကြတယ်ဆိုရင် ကျေနပ်ပါတယ်။ ပိုလည်း ယုံကြည်မှုရှိတယ်။ အခွေလေးထဲမှာလည်း သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ် မတူအောင် နားထဲ စွဲနိုင်မယ့် သီချင်းလေးတွေကို အသစ်တွေပဲ ရေးပြီးတော့ စီစဉ်နေတာပါ" လို့ သူက ဆိုပါတယ်။ 

Photo: Myat Thu Thu

မြတ်သူသူက သူ့ရဲ့ တစ်ကိုယ်တော် အခွေမှာ သီချင်းအများကြီး မထည့်ထားဘူးလို့ ဆိုပါတယ်။ ဂီတဘက်မှာလည်း သူမကို အားပေးစေချင်တယ်လို့လည်း ပြောပါတယ်။ 

" လောလောဆယ်မှာ သီချင်း (၅) ပုဒ်ကတော့ ရနေပြီ။ ပုံစံလေး နည်းနည်းပြောင်းပြီး တစ်ပုဒ်လောက် ထပ်ထည့်လိုက်ရင် (၆) ပုဒ်လောက်တော့ ဖြစ်ချင် ဖြစ်သွားမယ်။ တစ်ပုဒ်စီ ဗားရှင်း နှစ်မျိုးနဲ့ ပြန်ထည့်ဖို့တော့ စီစဉ်ထားတယ်။ ဒါကိုလည်း ဆရာနိုင်ဇော်တို့၊ တေးရေးဆရာ နန္ဒ တို့နဲ့ သေချာ တိုင်ပင်ပြီးတော့ မြတ်သူလည်း အကောင်းဆုံး ကြိုးစားသွားမှာပါ။ သီချင်း တစ်ပုဒ်စီတိုင်းမှာလည်း တိုးတက်တဲ့ အားပေးမှုလေးတွေ လိုချင်မိတယ်။ နောက်ဆိုရင်လည်း မြတ်သူကို သီချင်းဆိုတဲ့ အပိုင်းမှာလည်း အားပေးကြဖို့ ပြောချင်ပါတယ်" 

Photo: Myat Thu Thu

မြတ်သူသူ ဟာ သူ့ရဲ့ ပထမဆုံး သီချင်းလေးဖြစ်တဲ့ " နှစ်သိမ့်ဆု" သီချင်းကို ဇွန်လ(၃) ရက်နေ့မှာ ထွက်ရှိခဲ့တာဖြစ်ပြီး " ဝေးသွားမှာစိုး" ဆိုတဲ့ သီချင်းလေးကိုတော့ ဇွန်လ (၁၄) ရက်နေ့ သူမရဲ့ မွေးနေ့မှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ သူမ ကို ပရိသတ်တွေက ဝိညာဉ်ရှိုက်သံ၊ ဝင်္ကပါစံအိမ်၊ ရတနာထဲကရတနာ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲဒီနောက် ‘’ပျားရည်အိုင်’’ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ‘’မြညို’’ ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ ပိုမိုအားပေးလာကြတာ တွေ့ရပါတယ်။ အခုချိန်ထိလည်း ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ် အခိုင်အမာ ရရှိလာသူ ဆိုရင်လည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က