အခွေနာမည်ကိုတော့ "This is May Ma D" လို့ နာမည်ပေးထားပါတယ်။

မေမဒီကတော့ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေလေးကို ခက်ခက်ခဲခဲ ထုတ်ခဲ့ရတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ 

Photo: May Ma D



မေမဒီဟာ သူမရဲ့ တစ်ကိုယ်တော်အခွေလေး ထွက်လာနိုင်ဖို့ အကြွေးတွေလည်း အများကြီး တင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအခွေက သူမအတွက် ပထမဆုံး တစ်ကိုယ်တော်အခွေ ဖြစ်သလို အခက်အခဲတွေလည်း အများကြီးရှိနေခဲ့တယ်လို့ မီဒီယာတွေကို ပြောပြလာပါတယ်။ 

“ ဒီအခွေက ကိုယ့်အတွက် ပထမဆုံး အခွေလည်း ဖြစ်တယ်။ မေမဒီရဲ့ အခွေဖြစ်တာကြောင့် တခြားနာမည်လည်း မပေးချင်ဘူးဆိုတော့ "This is May Ma D" ဆိုပြီးတော့ပဲ နာမည်ပေးဖြစ်သွားတာပါ။ ဒီ အခွေထွက်ဖို့ (၂) နှစ်အချိန်ယူခဲ့ရတာပါ။ ဒီအခွေအတွက် အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ အခွေ ထုတ်ဖို့ အတွက်တော်တော်လေးကို စဉ်းစားခဲ့ရတာပါ။ အခုဆိုရင် အကြွေးတွေလည်း အများကြီးရှိနေတယ်။ ရှင်းစရာလင်းစရာတွေလည်း နောက်မှပဲ ရှင်းတော့မယ် ဆိုပြီးတော့ ကိုယ့်ရဲ့ မွေးနေ့ အမီလေး အခွေထွက်ဖြစ်အောင် ကြိုးစားမယ်ဆိုပြီးတော့ ထွက်လိုက်တာပါ” လို့ သူက ဆိုပါတယ်။ 

Photo: May Ma D

Covid ကာလမှာ တစ်ကိုယ်တော်အခွေ ထွက်ဖို့ အရမ်းခက်ခဲတယ်လို့ မေမဒီက ဆိုပါတယ်။ သူမရဲ့ မွေးနေ့ အမီ ပရိသတ်တွေရဲ့ လက်ထဲကို ပထမဆုံးတစ်ကိုယ်တော်အခွေလေး ရောက်စေချင်တာကြောင့် မဖြစ်ဖြစ်အောင် အခွေ ထုတ်ခဲ့တာပါဆိုပြီးတော့ သြဂုတ်လ ၆ ရက်နေ့က "This is May Ma D" တစ်ကိုယ်တော်အခွေ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

 “အခွေအတွက် စိုးရိမ်နေတာတွေကတော့ အများကြီးပါပဲ။ Covid ကာလ ဖြစ်နေတယ်ဆိုပေမယ့် ကိုယ့်ကို အားပေးကြတဲ့ ပရိသတ်တွေ၊ မိသားစုဝင်တွေက အခွေထုတ်ပါလို့ တိုက်တွန်းကြတဲ့ အတွက် မွေးနေ့ရက် အမီလေး အခုလို ထုတ်ဖြစ်သွားတာပါ။ အခွေအတွက် စိုးရိမ်မှုတွေကတော့ ရှိပေမယ့် အကျိုးအမြတ်ကို မတွက်ထားဘူး။ ပရိသတ်ကို ပေးဆပ်ချင်တယ်ဆိုတဲ့ စိတ်ပဲရှိတာပါ။ ကိုယ်ထုတ်လိုက်တဲ့ အခွေလေးက ပရိသတ်ရင်ထဲ ရောက်သွားရင် ကျေနပ်ပါပြီ” လို့ ဆိုပါတယ်။ 

Photo: May Ma D

မေမဒီရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ "This is May Ma D" အခွေကို သြဂုတ်လ (၇) ရက်နေ့မှာ ထွက်ရှိတာဖြစ်ပါတယ်။ သူမကိုတော့ ပရိသတ်တွေက Myanmar idol(Season-3) သီချင်းဆိုပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ကတည်းက စတင်အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ စတုတ္ထမြောက် Result Show မှာ ပရိသတ်ကို နှုတ်ဆက်ထွက်ခွာခဲ့ရသူပါ။ ပြိုင်ပွဲပြီးသွားတဲ့နောက်မှာလည်း ဂီတအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ သူမဟာ Group Song အခွေ တွေမှာလည်း ပါဝင်သီဆိုနေရသူဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က