မန္တလေးမြို့မှာ ခမ်းခမ်းနားနား ပြုလုပ်သွားမှာပါ။
ပိုပိုရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ မန္တလေးမြို့မှာ ခမ်းခမ်းနားနား ပြုလုပ်သွားမှာ ဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေနဲ့ ပွဲအကြောင်းအသေးစိပ်ကို အခုလို ပြောပြထားပါတယ်။ 

Photo: Po Po



အဆိုတော်ပိုပိုကတော့ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲကို မန္တလေးမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲ တစ်ပွဲလုံးစာအတွက်ကိုလည်း ငွေကျပ် သိန်း ၅၀၀ အကုန်ကျခံထားတယ်လို့ ဆိုပါတယ်။ 

“ ဒီရှိုးပွဲကို ပိုပိုက သိန်း ၅၀၀ အကုန်ကျခံပြီး ပြုလုပ်မှာပါ။ ဒီ show ပွဲကို လမ်းပိတ်ပြီး လုပ်တယ်ဆိုတာကလည်း လူကြီးတွေကို သေသေချာချာ ပြောပြီးတော့မှ လုပ်တာပါ။ အဆင်လည်းပြေပါတယ်။ ကူလည်း ကူညီပေးကြတယ်။ ပွဲအစ ဖွင့်လိုက်တာနဲ့ကို အမိုက်စားတွေ မြင်တွေ့ရမှာပါ။ သူတို့ ပြီးတော့မှ ပိုပိုက ဘယ်လိုတွေ ဖျော်ဖြေမလဲ ဆိုတာတော့ စောင့်ကြည့်ကြပါဦးနော်”ဆိုပြီးတော့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Po Po

ပိုပို့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ည ၉ နာရီ၊ မန္တလေးမြို့မှာရှိတဲ့ ရတနာပုံEven Park မှာကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ လက်မှတ်ဈေးနှုန်းတွေကိုတော့ ငွေကျပ် ၁ သောင်း၊ ၃ သောင်းနဲ့ ၅ သောင်းတို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ CB Bank Account နဲ့ ဝယ်မယ်ဆိုရင်တော့ ၁ သောင်းတန်ကို ငွေကျပ် ၁၀၀၀ လျော့၊ ၃ သောင်းတန်ကိုတော့ ငွေကျပ် ၂၀၀၀ လျော့ ၊ ၅သောင်းတန်ကိုတော့ ငွေကျပ် ၃၀၀၀ လျော့မယ်လို့ သိရပါတယ်။ ပိုပိုဟာ သူ့ကို အားပေးခဲ့တဲ့ အမာခံ ပရိသတ်တွေအတွက် ထူးခြားတဲ့အစီအစဉ်တွေ ရှိသေးတယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Po Po

ပိုပိုနဲ့ အတူ ပါဝင်သီဆိုကြမယ့် အနုပညာရှင်တွေလည်း အများကြီးရှိသေးတယ်လို့ သိရပါတယ်။ မန္တလေးမြို့သား အဆိုတော် တစ်ယောက်လည်း ပါဝင်ဦးမယ်လို့ သူက ပြောပါတယ်။ 

“ ပါဝင်သီဆိုကြမယ့် အနုပညာရှင်တွေက Million Dream က ထွက်တဲ့ အဆိုတော်တွေဖြစ်တဲ့ အက်စတာကြည်ဖြူ ပါမယ်၊ ချယ်ရီသင်းလည်းပါမယ်ပေါ့နော်။ သူတို့ နှစ်ယောက်နဲ့ ပိုပိုကလည်း အမိုက်စား တင်ဆက်မှုတွေ လုပ်ဖို့ရှိပါတယ်။ ကိုသားသားလည်းပါမယ်၊ ဧည့်သည်အဆိုတော် တစ်ယောက်ကတော့ မန္တလေးသားတစ်ယောက်ပါမယ်။ ဘယ်သူဖြစ်မလဲ မသိဘူး။ စည်သူမင်းကတော့ ပိုပိုနဲ့ အတွဲဆိုမယ်။ နောက်ထပ် အနုပညာရှင်တစ်ယောက်လည်း ပါဦးမှာပါ”လို့ ဆိုပါတယ်။ 

Photo: Po Po

ပိုပိုဟာ ကိုယ်ပိုင်သီချင်းတွေဆိုရင်း နာမည်ကျော်ခဲ့တဲ့ အမျိုးသမီးအဆိုတော် တစ်ယောက်ပါပဲ။ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ လက်ရှိမှာ ပရိုဂျူဆာ တစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားနေသလို အခြေအနေကောင်းလာရင်လည်း Entertainment အကြီးကြီးတစ်ခု ထောင်ဖို့ ရှိတယ်လို့ သူမက ပြောဖူးပါတယ်။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က