၁၀ လပိုင်းမှာ ပြုလုပ်မယ်လို့ဆိုပါတယ်။
Sabal Thwin

နီနီခင်ဇော်က တတိယအကြိမ်မြောက် ကျင်းပပြုလုပ်မယ့် Red Revolution ဖျော်ဖြေပွဲကြီးကို မန္တလေးမှာ ကျင်းပပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ဒီပွဲကိုတော့ အောက်တိုဘာလမှာ ကျင်းပပြုလုပ်သွားမှာပါ။

Photo: Ni Ni Khin Zaw

နီနီခင်ဇော်က နှစ်တိုင်း ကျင်းပပြုလုပ်နေကြ ဖျော်ဖြေပွဲကြီးဖြစ်တဲ့ Red Revolution ကို မကြာခင် ကျင်းပပြုလုပ်တော့မယ်လို့ သိရပါတယ်။ ၃ ကြိမ်မြောက် ကျင်းပပြုလုပ်တာဖြစ်တဲ့အတွက် ပိုပြီးတော့ ထူးခြားမှုတွေခံစားရစေဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’၁၀ လပိုင်းကျရင်တော့ နီနီ့ရဲ့ Red Revolution (Season 3) ပေါ့။ ၃ ခါမြောက်တင်ဆက်မယ့် Show ပွဲကြီးလာပါတော့မယ်။ အဲဒီအတွက် ပြင်ဆင်နေပါတယ်။ Revolution ကို နီနီတို့ နှစ်တိုင်းဆိုသလို အရင်က လုပ်ခဲ့တဲ့ စံချိန်ကို အမြဲတမ်း ချိုးဖို့အတွက် နီနီတို့ ကြိုးစားနေကြပါတယ်။ နီနီအပါအဝင် အဖွဲ့သားတွေ အကုန်လုံးက ဘယ်လို ဆန်းသစ်တဲ့အရာတွေနဲ့ ပရိသတ်ကို ပေးမလဲပေါ့နော်’’ဆိုပြီးတော့ သြဂုတ်လ ၂၇ ရက်နေ့ညက Wine မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo:Amazing Grace

ဒီ ဖျော်ဖြေပွဲကိုတော့ မန္တလေးမှာ ကျင်းပပြုလုပ်သွားမယ်လို့ နီနီခင်ဇော်က ပြောပါတယ်။ မကြာခင်မှာလည်း တစ်ကိုယ်တော်အခွေအသစ် ထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။

‘’ဒီတစ်ခါ ထူးခြားတာက မန္တလေးမှာ လုပ်မှာဖြစ်တဲ့အတွက် နေရာအသစ်၊ ပရိသတ်အသစ်တွေနဲ့ ဆုံရမှာဖြစ်လို့ မန္တလေးက ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျဖို့ နီနီတို့ ဖန်တီးနေရပါတယ်။ အခုကလည်း ရှေ့တစ်လကျရင် ထွက်မယ့် တစ်ကိုယ်တော်အခွေအတွက် အသံသွင်းနေပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Amazing Grace

နီနီခင်ဇော်ဟာ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တာကြောင့် အခုဆိုရင် ဂီတလောကရဲ့ အောင်မြင်တဲ့ နေရာ တစ်နေရာကို ခိုင်ခိုင်မာမာရရှိထားသူဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်တုန်းက ‘’ဂယ်ပဲ ဂယ်ပဲ’’ ဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေထွက်ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’Super Red’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ‘’U’’ ဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီး ထပ်မံထွက်ရှိခဲ့ပါတယ်။

အဲဒီနောက် လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် သူမရဲ့ Single Song တွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသီချင်းတွေဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေလည်း အများ ကြီးပိုင်ဆိုင်ခဲ့ပါတယ်။ သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှု အနေနဲ့ ‘’The Voice Myanmar’’ သီချင်းဆိုပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင် တစ်ဦးအဖြစ်ပါဝင်နေသူဖြစ်ပါတယ်။

နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလိုသူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က