အမှုပြီးဖို့က တရားလိုအပေါ် မူတည်သေးတယ်လို့သိရပါတယ်။

ဒီနေ့ ဇူလိုင်(၉) ရက်နေ့ ရုံးချိန်းမှာတော့ သရုပ်ဆောင် ဝေဠုကျော်ရဲ့ ရှေ့နေက သင်းသင်း တင်သွင်းထားတဲ့ သက်သေများနဲ့အတူ သင်းသင်းကို ပြန်လည် မေးမြန်းခဲ့တာပါ။

ဒီနေ့ (ဇူလိုင် ၉ ရက်) ရုံးချိန်းမှာ တရားလိုတင်သွင်းထားတဲ့ သက်သေတွေနဲ့ ပတ်သက်လို့ ဝေဠုကျော်ရဲ့ ရှေ့နေ ဖြစ်သူဦးဝေဖြိုးမြတ်က သင်းသင်းကို ပထမဆုံးအကြိမ် မေးမြန်းခဲ့ပါတယ်။ ဝေဠုကျော်ရဲ့ ရှေ့နေ မေးမြန်း မှုနဲ့ ပတ်သက်ပြီး တရားလို သင်းသင်းက” ဒီနေ့သူတို့ ဘက်က မေးလိုက်တဲ့ မေးခွန်းက သင်းရဲ့ အတွက်တော့ နည်းနည်းလေးတော့ စိတ်တိုတာထက် စိတ်မကောင်းတာ ဖြစ်မိတယ်။ ကိုယ်တင်လိုက်တဲ့ သက်သေတွေ အကုန်လုံး၊ စာနဲ့တကွ ရေးချထားတဲ့ အသံဖိုင်တွေ အကုန်လုံးက ၄၁၇ ပေါ့နော် တချို့ကိုစာရွက် အရွက်တိုင်း လုပ်မယ်ဆိုပေမယ့် တော်တော်များများလေးပါနေတဲ့အပိုင်းမှာရှိတယ်။ ဒါကို သူတို့ ဘက်က အတိအကျကြီးလို့ ပြေတဲ့ အချိန်ကတော့ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်”လို့ သူမက Duwun ကိုပြောပါတယ်။



အမှုအခြေအနေ တစ်နှစ်ကျော် ကြာလာပြီဖြစ်တာကြောင့် မိန်းကလေးတစ်ယောက်အတွက် နစ်နာတာတွေလည်း အများကြီး ရှိတယ်လို့ သူမကပြောခဲ့ပါသေးတယ်။

“အမှု အခြေအနေ တစ်နှစ်ကျော်လာတဲ့ အချိန်မှာ မိန်းကလေးနဲ့ အမှုဆိုတာက မအပ်စပ်ဘူးလေ။ ဒီကာလမှာတော့ မိန်းကလေးဘက်က နစ်နာနေတာတွေချည်းပါပဲ" လို့ သူမက ဆိုပါတယ်။ 

တရားစွဲဆို ခံထားရသူ သရုပ်ဆောင် ဝေဠုကျော်ကလည်း လက်ရှိ ရင်ဆိုင်နေရတဲ့ အမှုအခြေအနေကို ဇူ အခုလို ပြောပြခဲ့ပါတယ်။

 " ဒီနေ့က သက်သေတွေ ပြီးသွားလို့ ပြန်လည် စစ်မေးတဲ့ အခြေအနေကို ရောက်နေပါပြီ။ အပြန်အလှန် စစ်မေးတာ ဖြစ်တဲ့အတွက် ကျွန်တော့် ရှေ့နေကလည်း မေးသင့်တာ မေးမယ်၊ ဖြေသင့်တဲ့ ဖြေသင့်တဲ့ သူကလည်း ဖြေမယ်ပေါ့နော် "လို့ သူက ဆိုပါတယ်။ 

၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့ကတည်းက သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇)နဲ့ သင်းသင်းက တရားစွဲဆိုခဲ့တာဖြစ်ပြီးအခုဆိုရင် ယင်းအမှုဟာ အချိန်တစ်နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ အခုအချိန်ထိ စစ်ဆေးမေးမြန်းတွေ ဆက်တိုက်လုပ်နေပေမယ့်လည်း အမှုပြီးမယ့်အချိန်ကိုခန့်မှန်းလို့ မရသေးဘူးလို့ ဝေဠုကျော်ရဲ့ ရှေ့နေက Duwun ကို ပြောပါတယ်။

 " ဒီနေ့က တရားလိုကို ပြန်လည်မေးရတာပါ။ ပထမဆုံး အကြိမ် ပြန်လည် စမေးတာပါ။ အမှုကာလ ပြီးမယ့် အချိန်ကိုတော့ ခန့်မှန်းလို့မရသေးပါဘူး။ ဒါက တရားရုံးက လုပ်ရမယ့် အလုပ်ဆိုတော့ ဘယ်နေ့၊ ဘယ်ရက်အတိအကျမပြောနိုင်သေးပါဘူး။ တရားလို ဘက်ခြမ်းမှာလည်း ဘယ်လောက်အထိ ပြီးမလဲ ဆိုတာလည်း မပြောပြနိုင်သေးဘူး။ ဒါက တရားလိုအပေါ်မှာလည်း မူတည်သေးတော့ ခန့်မှန်းလို့ မရပါဘူး" လို့ သူက ဆိုပါတယ်။

 သင်းသင်းက ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့က ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇) နဲ့ သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုဖို့ သင်္ကန်းကျွန်း တရားရုံးမှာ ဦးတိုက် လျှောက်ပြီးနောက် ၂၀၁၉ ဇန်နဝါရီလ (၂၂) ရက်နေ့ ပထမဆုံး ရုံးချိန်းမှာ သရုပ်ဆောင် ဝေဠုကျော်က ငွေကျပ်သိန်း(၅၀) နဲ့ အာမခံ ရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က