ရုပ်ရှင်သမားက ရုပ်ရှင်မရိုက်ရတော့ ဘာလုပ်စားကြမလဲလို့ဆိုပါတယ်။

အေးအေးခိုင်ကတော့ Covid ကာလအတွင်းစီးပွားရေးလုပ်နေကြတဲ့ အနုပညာမောင်နှမတွေအတွက်တော့ ဂုဏ်ယူတယ်လို့ သူက ပြောပါတယ်။ 

Photo: Aye Aye Khine



ဇာတ်ပို့သရုပ်ဆောင် အေးအေးခိုင် ကတော့ Covid ကာလမှာ စီးပွားရေးလုပ်နေကြတဲ့ အနုပညာမောင်နှမတွေကို ကြည့်ရင်း ပီတိဖြစ်ရတယ်ဆိုတာကို Duwun ကနေ ပြောပြလာပါတယ်။ 

“ Covid ကာလမှာ အစ်မကတော့ ဘာစီးပွားရေးမှ မလုပ်ရသေးပါဘူး။ တကယ်ဆိုရင်တော့ လုပ်သင့်ပါတယ်။ ကိုယ်တွေက ဝင်ငွေမရှိဘူး ထွက်ငွေတွေပဲ ရှိတယ်လေ။ သူငယ်ချင်းတွေကလည်း သူတို့ တစ်နိုင်တပိုင် လုပ်နိုင်တဲ့ အားလေးနဲ့ ဈေးရောင်းနေကြတာ ဂုဏ်ယူတယ်။ ပီတိလည်းဖြစ်တယ်၊ သမာအာဇီဝ ကျကျ လုပ်စားတာ ဖြစ်တဲ့အတွက် ဝမ်းသာတယ်။ ရုပ်ရှင်သမားက ရုပ်ရှင်မရိုက်ရတော့ ဘာလုပ်စားကြမှာလဲပေါ့” လို့ သူကဆိုပါတယ်။ 

Photo: Aye Aye Khine

Covid ကာလမှာ အနုပညာရှင်တွေက ဇာတ်ကားတွေ မရိုက်ရတာကြောင့် ဝင်ငွေ မရှိကြဘူးလို့ အေးအေးခိုင် ကပြောပါတယ်။ သူမကိုယ်တိုင်လည်း စီးပွားရေးလုပ်ချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ 

“ အစားအသောက် ဆိုတာက လုပ်ရင် လက်ဝင်တယ်၊ ပင်ပန်းတယ်။ မိသားစုအတွက် အဆင်ပြေတယ် ဆိုပေမယ့် အလုပ်တော့ နည်းနည်းရှုပ်တယ်။ ဒီပုံစံ ကြီးအတိုင်း ရှေ့ဆက်သွားဦးမယ်ဆိုရင် စီးပွားရေး တစ်ခုခု လုပ်ဖို့ကတော့ စဉ်းစားရမှာပေါ့နော်။ စီးပွားရေးကလည်း မလုပ်လို့ မရတော့ဘူး ဝင်ငွေတွေလည်း မရှိဘူး။ အခက်အခဲကတော့ ကိုယ်ပြောပြလည်း အကုန်လုံးက ဒီအတိုင်းပါပဲ။ အားလုံးက ထပ်တူဆိုတော့ ကိုယ်နေတတ်သလို နေ၊ ကိုယ့်ဘာသာကိုယ် အဆင်ပြေအောင် နေရတာပါပဲလေ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Aye Aye Khine

အေးအေးခိုင်ကတော့ ဟာသသရုပ်ဆောင်အဖြစ် ဇာတ်ကားတွေမှာပါဝင်ပြီး ပရိသတ်အားပေးမှု စတင်ရရှိလာခဲ့သူပါ။ သူ့မှာတော့ ဉာဏ်သွေးဟန် ဆိုတဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သားလေး ၆ နှစ်အရွယ်ကတည်းက ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် မိခင်တစ်ယောက်တည်း အင်အားနဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်လို့လည်း သိရပါတယ်။ သားဖြစ်သူ ဉာဏ်သွေးဟန်ကလည်း ပညာရေးမှာ ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က