သူတို့ ဘာတွေ ပြောင်းလဲသွားကြလဲ။

မေတိုးခိုင်နဲ့ မြတ်နိုးအေးတို့သူငယ်ချင်း နှစ်ယောက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို အချက်နဲ့ ထူးခြားပြောင်းလဲလာ တယ်ဆိုတာကို အခုလို ပြောပြလာပါတယ်။ 

Photo: Myat Noe Aye



မေတိုးခိုင်ကတော့ အနုပညာညီအစ်မတစ်ဦးလည်းဖြစ် သူငယ်ချင်းအရင်းတွေလိုခင်မင်ရတဲ့ မြတ်နိုးအေးရဲ့ ထူးခြားမှုတွေကို အခုလို ပြောပြလာပါတယ်။ အရင်က မိတ်ကပ် မလိမ်းတတ်တဲ့ မြတ်နိုးတစ်ယောက် မိတ်ကပ်လိမ်းတာ အရမ်းတော်လာပြီလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ မြတ်နိုးက အခုနောက်ပိုင်း အရမ်းလှလာတယ်။ ချောတယ်။ သူ့ကို သတိထားမိလိုက်တာက မိတ်ကပ် အရမ်းပြင်တတ်လာတယ်။ မိတ်ကပ်သင်တန်း တက်လိုက်တယ်ထင်တယ်။ သူနဲ့ ကိုယ်နဲ့ မိတ်ကပ်လိမ်းတဲ့လူချင်းတူတော့ မိတ်ကပ်ဆရာကတောင်ပြောတယ်။ မြတ်နိုးက ခြယ်တာ အရမ်းတော်တာပဲတဲ့။ ဒါက သူတော်တဲ့အချက်ပေါ့နော်။ သူက ဘယ်အရာမဆို ဖြစ်သလို မလုပ်တတ်ဘူး။ ကြိုးစားပြင်ဆင်လေ့ရှိတာကိုလည်း တွေ့တယ်” လို့ သူကဆိုပါတယ်။ 

Photo: Htet Zaw Aung

မေတိုးခိုင်နဲ့ မြတ်နိုးအေး တို့ကတော့ တက်သစ်စ လူငယ် အနုပညာရှင်တွေဖြစ်ကြပါတယ်။ ပရိသတ်အ ခိုင်အမာ နဲ့ ရပ်တည်လာပြီဖြစ်တဲ့ သရုပ်ဆောင်လေးတွေဆိုရင်လည်း မမှားပါဘူး။ မေတိုးခိုင်ကိုတော့ အကယ်ဒမီသရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမချောလေးအဖြစ် ပရိသတ်တွေစတင်သိရှိလာခဲ့တာပါ။ မြတ်နိုးအေး ကိုတော့ “ည” ရုပ်ရှင်ဇာတ်ကား ကနေ စတင်ပြီး ပရိသတ်တွေ အားပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားရုံတင်ပြီးတဲ့နောက်မှာလည်း ပရိသတ်တွေရဲ့ အချစ်ကို ပိုမို ပိုင်ဆိုင်လာခဲ့သူဖြစ်ပါတယ်။ 

Photo: Myat Noe Aye

မြတ်နိုးအေးကလည်း မေတိုးခိုင် ရဲ့ ထူးခြားမှုတွေကို ပြောပြလာပါတယ်။ အဝတ်အစား ဆင်ယင်မှုနဲ့ ပတ်သက်လာရင် မေတိုးခိုင်ရဲ့ ဖက်ရှင်တွေကို သဘောကျတယ်လို့ သူက ဆိုပါတယ်။ 

“ မေတိုးခိုင်ကကျတော့ သူ့ကို ကြည့်လိုက်ပြီဆိုရင် တစ်ခုခုကို ကြိုတင်ပြီး ပြင်ဆင်တတ်လေ့ရှိတယ်။ အိုက်တင်ပိုင်းမှာသာမက ဖက်ရှင်ပိုင်းမှာလည်း သူ အသေးစိတ် ကြိုးစားတတ်တာကို တွေ့ရတယ်။ ညီမဆိုရင် ကိုယ့်ကိုယ်ကိုယ် ဖက်ရှင်နဲ့ ပတ်သက်လာရင် ဖြစ်သလို နေတတ်တယ်လို့ ခံစားရတယ်။ သူ့ရဲ့ ဘယ်ဓာတ်ပုံကို မဆို ကြည့်လိုက်ရင် အရမ်းမိုက်တယ်။ အလုပ်အပေါ်မှာလည်း သူက အလေးအနက် ထားတတ်သူတစ်ယောက်ပါ” လို့ မတ်လ ၅ ရက်နေ့ မနက်ပိုင်းက “လိပ်ပြာ” ဇာတ်လမ်းတွဲ ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။  

Photo: May Toe Khine

လက်ရှိမှာတော့ မေတိုးခိုင် နဲ့ မြတ်နိုးအေးတို့ဟာ “လိပ်ပြာ” ရုပ်သံဇာတ်လမ်းတွဲ အပိုင်း (၂) မှာ အတူတူပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ မြတ်နိုးအေးကိုတော့ ဒီဇာတ်လမ်းတွဲထဲမှာ မှုခင်း ဆရာဝန်တစ်ယောက်အဖြစ် အပိုင်း(၁) မှာကတည်းက ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မေတိုးခိုင်ကတော့ လိပ်ပြာ ဇာတ်လမ်းတွဲ အပိုင်း(၂) မှာ မှ ပါဝင်သရုပ်ဆောင်လာတာ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်စလုံးကလည်း လက်ရှိမှာ တီဗီကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ အနုပညာရှင်တွေဆိုရင်လည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က