အမှတ်တရလေးတွေ ပြောပြလာပါတယ်။

ဖွေးဖွေးကတော့ လွှမ်းပိုင်နဲ့ ရဲရင့်အောင် တို့ရဲ့ သီချင်းတွေကို နားထောင်ဖြစ်တယ်လို့ ဆိုပါတယ်။ ရဲရင့်အောင်နဲ့ လွှမ်းပိုင်တို့ကလည်း ဖွေးဖွေးရဲ့ အနုပညာတွေကို အားပေးတယ်လို့ ပြောပါတယ်။

Photo: RBV



ဖွေးဖွေးကတော့ ရဲရင့်အောင်၊ လွှမ်းပိုင်တို့နဲ့ အတူ ဟာသဇာတ်ကားလေးရိုက်ရလို့ပျော်တယ်လို့ ဆိုပါတယ်။ ရဲရင့်အောင်နဲ့ လွှမ်းပိုင်တို့ရဲ့ သီချင်းတွေကိုလည်း နားထောင်ဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’နှစ်ယောက်စလုံးရဲ့ သီချင်းနားထောင်တယ်။ ရုပ်ရှင်ဆိုလည်းကြည့်တယ်။ လွှမ်းပိုင်ရဲ့ သီချင်းတွေဆိုလည်း ကာတွန်းအသံတွေနဲ့ဆိုတာတွေရော၊ တရုတ်အသံတွေနဲ့ ဆိုတာတွေရော သူက သီချင်းကို ကာရိုက်တာတွေ ပြောင်းအောင်ဆိုတယ်။ ရဲရင့်အောင်ကျတော့ Feel တွေများတယ်ပေါ့နော်။ ‘ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ်’ ပေါ့။ နှစ်ယောက်စလုံးရဲ့ သီချင်းကို နားထောင်ပါတယ်’’ ဆိုပြီးတော့ အမူအရာလေးတွေ လုပ်ပြရင်း ပြောပြခဲ့တာပါ။

Photo: RBV

အဲဒီနောက် လွှမ်းပိုင်ကလည်း ‘’ငါ့ကို နမ်းတဲ့ မုန်တိုင်း’’ ဇာတ်ကားရိုက်ပြီးတဲ့ အချိန်တုန်းက ဖွေးဖွေး၊ ရဲရင့်အောင်တို့နဲ့ အတူတွဲပြီး ပထမအကြိမ် တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ အခုလည်း ‘’ရောသမမွှေ’’ရုပ်ရှင်ဇာတ်ကားမှာ အတူတူပါဝင်သရုပ်ဆောင်ရမှာဖြစ်လို့ ပျော်တယ်လို့ သူကဆိုပါတယ်။

‘’ကျွန်တော်တို့ ဒုတိယတစ်ခေါက်ပြန်ပြီးတော့ ဆုံရတာပေါ့နော်။ ပျော်ဖို့လည်းကောင်းတယ်။ ဒီဇာတ်ကားက ပထမတုန်းက ဇာတ်ကားနဲ့ မတူဘူးဆိုတော့ နောက်ထပ် ပုံစံတစ်မျိုးသရုပ်ဆောင်ရမယ်ဆိုတော့ ပျော်ဖို့ကောင်းပါတယ်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၅ ရက်နေ့က ‘’ရောသမမွှေ’’ရုပ်ရှင်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: RBV

ရဲရင့်အောင်ဟာ အဆိုတော်တစ်ယောက် မဖြစ်ခင်ကတည်းက ဖွေးဖွေးရဲ့ အနုပညာတွေကို အားပေးခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာလည်း ဖွေးဖွေးနဲ့ အတူတွဲပြီး ရုပ်ရှင်ကားတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။

‘’ မဖွေး က မင်းသမီးဆိုတော့ မင်းသမီးလို့ပဲ မြင်ပါတယ်။ မဖွေးကို အားပေးပါတယ်။ ငယ်ငယ်ကတည်းကလည်း မဖွေးရဲ့ ဇာတ်ကားတွေ ကြည့်ဖြစ်တယ်။ ကျွန်တော် ဘာမှမဖြစ်ခင်ကတည်းက ကြည့်တာ သရုပ်ဆောင်ကောင်းတယ်လေ’’ လို့ ဆက်လက်ပြောပြခဲ့ဖူးပါတယ်။

Photo: RBV

သရုပ်ဆောင် ဖွေးဖွေး၊ လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့ဟာ ‘’ ငါ့ကိုနမ်းတဲ့ မုန်တိုင်း’’ရုပ်ရှင်ဇာတ်ကားထဲမှာ ပထမဆုံးအကြိမ် အတူတွဲပြီး သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ လွှမ်းပိုင်ဟာ နေညိုသွင် ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ခဲ့တာပါ။ ရဲရင့်အောင်ကတော့ မုန်တိုင်းဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဖွေးဖွေးကလည်း ဆိုတဲ့ ကောင်မလေး ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က