ပရိသတ်ကို ချပြချင်တဲ့ Plan တွေ အများကြီးပဲ။

Project K အဖွဲ့ဝင်တစ်ယောက်ချင်းစီတိုင်းရဲ့ ကိုယ်ပိုင်သံစဉ်တွေ ထွက်လာဖို့ရှိတယ်လို့ ထက်ဘုန်းနိုင်က ပရိသတ်တွေကို အသိပေးလိုက်ပါပြီ။ ပွဲတက်တာတွေလည်း လျှော့တော့မယ်လို့ ဆိုပါတယ်။ 

Photo: Project K



မြန်မာနိုင်ငံရဲ့ ဂီတရေစီးကြောင်းမှာ အောင်မြင်မှုများစွာရရှိပိုင်ဆိုင်ထားတဲ့ Project K အဖွဲ့ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေအကြောင်းကို ထက်ဘုန်းနိုင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော်တို့ရဲ့ အနုပညာလှုပ်ရှားမှုကတော့ ရုပ်ရှင်မှရယ်လို့ မဟုတ်ပါဘူး။ ကြော်ငြာတွေရိုက်ဖို့ လည်းရှိတယ်။ Music Video လုပ်ဖို့တွေလည်း ရှိတယ်။ တကယ်တော့ Plan တွေက ချပြစရာ အများကြီးရှိတယ်။ ကျွန်တော်တို့တွေက မလိုက်နိုင်ဖြစ်နေတာ။ အခုနောက်ပိုင်းမှာလည်း ကျွန်တော်တို့ ပွဲတွေကို တော်တော်လျော့မယ်။ ချပြချင်တဲ့ အနုပညာအလုပ်တွေကို ပိုပြီးတော့ အားထည့်သွားဖို့ကိုတောင် ကျွန်တော်တို့ စဉ်းစားနေတယ်’’ လို့ ဆိုပါတယ်။

Photo: Aung Ye Lin

Project K အဖွဲ့ဝင်တွေ တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်သီချင်းတွေလည်း ထွက်ဖို့ရှိသေးတယ်လို့ ထက်ဘုန်းနိုင်က ပြောပါတယ်။

‘’ တစ်ယောက်ချင်းစီ သီချင်းတွေကတော့ ထွက်ဖို့ရှိမှာပါ။ ကျွန်တော်တို့က အဖွဲ့လိုက်နဲ့ ရသ တစ်မျိုးပေးသလို တစ်ယောက်ချင်းစီမှာလည်း ကိုယ်ကြိုက်တဲ့ Music Style လေးတွေရှိတယ်။ အဲဒီအတွက် ကိုယ့်ဘာသာကိုယ် ဖန်တီးပြီး ပရိသတ်ကို ရသတစ်မျိုး ထပ်ပေးချင်လို့ Solo Song လေးတွေတော့ ထွက်ဖို့ရှိပါတယ်။’’ ဆိုပြီးတော့ နိုဝင်ဘာလ ၅ ရက်နေ့က ‘’ရောသမမွှေ’’ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Project K

Project K အဖွဲ့ဟာ လူငယ်ကောင်လေး(၇)ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ခုနှစ်က ကိုရီးယာနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိ Project K အဖွဲ့ဟာ ပြီးခဲ့သော လပိုင်းလောက် The Beginning ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပါသေးတယ်။ Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ပါဝင်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က