လူပျိုဘဝက ရခဲတယ်၊ လွတ်လပ်တယ်။

ကျော်ဇင်ထွဋ်ကတော့ တစ်ယောက်တည်းနေရတဲ့ ဘဝမှာ နေသားကျအောင် ကြိုးစားနေရတုန်းပဲလို့ ဆိုပါတယ်။ သူဟာ ဇနီးဟောင်းနဲ့ လမ်းခွဲခဲ့တာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။

Photo: Kyaw Zin Htut



ဇာတ်ပို့သရုပ်ဆောင် ကျော်ဇင်ထွဋ် ဟာ ဇနီးဖြစ်သူနဲ့ တရားဝင်လမ်းခွဲပြီးတဲ့နောက်မှာ တစ်ယောက်တည်း ဘဝကို အဆင်ပြေပြေ ဖြတ်သန်းနေတယ်လို့ ပြောပါတယ်။ သူငယ်ချင်းတွေကိုလည်း အိမ်ထောင်မပြုဖို့ တိုက်တွန်းတယ်လို့ Duwun media အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။

“လတ်တလောကတော့ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းပဲ လူပျိုဘဝဆိုတာ ရခဲတယ်။ ကံဇာတာတွေ တက်လာလို့သာ ရသွားတာ။ ဟိုးအရင်တုန်းကဆိုရင် သူငယ်ချင်းတွေကို ပြောဖူးတယ်။ အိမ်ထောင်မပြုကြဖို့ပေါ့။ အိမ်ထောင်ပြုပြီးမှ နောင်တရမယ်လို့လည်း ပြောခဲ့ဖူးပါသေးတယ်။ အခုဆို ပိုပြောချင်သေးတယ်။ လူပျိုဘဝက လုံးဝ လွတ်လပ်တယ်” လို့ ဆိုပါတယ်။

Photo: Kyaw Zin Htut

အခုဆိုရင်လည်း ကျော်ဇင်ထွဋ်ဟာ ကိုယ့်စိတ်တိုင်းကျ နေထိုင်ခွင့်ရပြီလို့ ဆိုပါတယ်။ အချစ်ရေး အကြောင်းတွေကိုလည်း ထပ်မတွေးတော့ဘူးလို့ သူကပြောပါတယ်။

“ အချစ်ရေးဆိုတာကို ခေါင်းထဲက ထုတ်လိုက်ပါပြီ။ စက်ဘီးထွက်စီးချင်လည်း အချိန်မရွေးထွက်စီးလို့ရတယ်၊ ညသန်းခေါင်လည်း စိတ်ကူးပေါက်ပြီး ထွက်စီးလို့ရရင် ထွက်စီးတယ်။ နေ့ဘက်လည်း ထွက်စီးတယ်။ ဒါတွေက ကိုယ့်စိတ်အပေါ် မူတည်သွားတာပေါ့လေ။ ကိုယ်ထွက်ချင်ရင် ထွက်လို့ရတယ်၊ ကိုယ်မထွက်ချင်ရင် မထွက်ဘူး။ အဆင်ပြေပါတယ်။ ကျန်တာတော့ အခက်အခဲသိပ်မရှိတော့ဘူး နေသားကျသွားပါပြီ” ဆိုပြီးတော့ နိုဝင်ဘာလ ၂၅ ရက်နေ့က ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်မင်းရဲ့ သားလေး ရက်လည်ကို လာရောက်ရင်းနဲ့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Kyaw Zin Htut

အချစ်ရေးနဲ့ ပတ်သက်ပြီး ဗေဒင်တောင် မမေးချင်တော့ဘူးလို့ ကျော်ဇင်ထွဋ်က ပြောပါတယ်။ အိမ်ထောင် ထပ်ပြုဖို့အတွက်ကိုလည်း စဉ်းစားရမယ်လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။ 

“ ဗေဒင်လည်းမမေးချင်တော့ပါဘူး။ တိုက်ဆိုင်လို့ မှန်ချင်လည်းမှန်၊ မှားချင်လည်း မှားသွားမှာပေါ့နော်။ ရှင်းရှင်းပြောရရင် ဘဝကို ကြိုမသိချင်တော့ဘူး။ ကိုယ့်ဘာသာကိုယ် ပျော်သလိုနေတယ်။ ပျော်ရမယ့် အရာတွေကိုပဲ တွေးပြီးတော့လုပ်မယ်ဆိုရင်တော့ ပျော်စရာတွေပဲ ဖြစ်လာမှာပါ။ အိမ်ထောင်ပြုတာတောင်မှ ကိုယ်ပျော်ရမယ်ဆိုရင်တော့ ထပ်ပြုရင်လည်း ပြုမှာပေါ့။ မပျော်ရဘူးထင်ရင်တော့ မပြုတော့ဘူး” လို့ သူကဆိုပါတယ်။

Photo: Kyaw Zin Htut

ကျော်ဇင်ထွဋ်နဲ့ ဇနီးဟောင်းတို့က ၂၀၁၈ ခုနှစ် ဇွန်လ အတွင်းမှာ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ တစ်နှစ်ကျော် ကြာပြီဖြစ်ပါတယ်။ ကျော်ဇင်ထွဋ်မှာတော့ ချစ်စရာကောင်းပြီး ပညာရေးမှာ ထူးချွန်တဲ့ သမီးလေး နှစ်ယောက်ရှိပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ သမီးကြီးဟာ တက္ကသိုလ်တက်ရောက်နေတာဖြစ်ပြီး သမီးငယ်လေးကတော့ တက္ကသိုလ်ဝင်တန်း တက်ရောက်နေတာဖြစ်ပါတယ်။ ကျော်ဇင်ထွဋ်ရဲ့ မိသားစုအခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်တွေရော၊ အနုပညာညီအစ်ကိုမောင်နှမတွေကပါ စိတ်မကောင်းဖြစ်ခဲ့ကြတာပါ။ ကျော်ဇင်ထွဋ်ကိုတော့ ရုပ်ရှင်ဇာတ်ကားနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ လူကြမ်း၊ဗီလိန် တစ်ယောက်လို သရုပ်ဆောင်ရပြီး ပရိသတ်တွေရဲ့ ချစ်တာတစ်မျိုး၊ မုန်းတာ တစ်လှည့် အကြိုက်မျိုးစုံ ဝေဖန်ခံခဲ့ရသူလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က