သူမရဲ့ Crush ကတော့ ဘယ်လိုမျိုး ဖြစ်မလဲ။
Ei Ei Myat

သရုပ်ဆောင် မေမြင့်မိုရ်ကတော့ အခုချိန်ထိ သူမနဲ့ အဆင်ပြေတဲ့ သူမျိုးမတွေ့သေးဘူးလို့ဆိုပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး သူမက အရမ်းတွေးတတ်တာကြောင့် အခုချိန်ထိ တစ်ယောက်တည်းပါတဲ့။

 

Photo : မေမြင့်မိုရ်

ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် မေမြင့်မိုရ်ရဲ့ အချစ်ရေးကတော့ လက်ရှိမှာ အေးအေးဆေးဆေးပဲ လို့ သိရပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး သတင်းလည်း မကြားမိသလို သူမကလည်း အရမ်းကို တွေးတတ်တဲ့ သူမျိုး ဖြစ်တာကြောင့် အခုချိန်ထိ သူနဲ့ အဆင်ပြေတဲ့ သူမျိုး မတွေ့သေးဘူးလို့ ဆိုပါတယ်။

“ညီမက အရမ်းချေးများတယ်။ အရမ်းလည်း တွေးတတ်တာ။ over thinking ဖြစ်တော့ တစ်ယောက်နဲ့ မကြိုက်ရသေးဘူး အကုန်တွေးလိုက်တာ။ အဲဒီလိုမျိုးဆိုတော့ အဆင်မပြေတော့ဘူး။ ညီမ အခုချိန်ထိကတော့ ကိုယ်နဲ့ အဆင်ပြေတဲ့သူတော့ မတွေ့သေးပါဘူး" လို့ သြဂုတ်လ(၂၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Crush ရုပ်ရှင်အထူးပွဲမှာ ပြောခဲ့တာပါ။

Photo : မေမြင့်မိုရ်

မိန်းကလေးလည်း ဖြစ်တာကြောင့် သူမကအရင် Crush ရမှာမျိုးလည်း ရှက်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် အခုချိန်ထိ သူမ Crush တဲ့ သူမျိုးတော့ မရှိပါဘူးလို့ ပြောပါတယ်။ သူမကြိုက်တဲ့ ယောကျ်ားလေး ပုံစံမျိုးလေး ကတော့ တည်တည်ငြိမ်ငြိမ် ယောကျ်ားလေးမျိုးပါတဲ့။

“တည်တည်ငြိမ်ငြိမ် ရှိတဲ့ ယောကျ်ားလေးမျိုးကို သဘောကျတယ်။ ပြီးတော့ ညီမ Crush တဲ့ သူမျိုးတော့ မရှိပါဘူး။ Crush ရမှာ ရှက်သလိုပဲ။ မိန်းကလေး ဆိုတော့လေ။ Crush ခံချင်တာ။ ပြီးတော့ မေမြင့်မိုရ်က အရမ်းချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ပါ” လို့ ရှက်ကိုးရှက်ကန်းလေး ပြောခဲ့ပါတယ်။

Photo :Alinn yaung

သရုပ်ဆောင် မေမြင့်မိုရ် ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ‘’ပန်းနုသွေး’’ ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ခဲ့သူပါ။ လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ၂၀၁၉ခုနှစ် ဧပြီ(၅) ရက်နေ့က ပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာ Best Rising Star Female Award ကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။




က္က