အနုပညာသွေးပါပြီးသား ကလေးပါ။

အိန္ဒြာကျော်ဇင်က တူမလေး မေတိုးခိုင်ရဲ့ သရုပ်ဆောင်အရည်အချင်းတွေအပေါ် အခုလို သုံးသပ်ပြောပြလာပါတယ်။ သူတို့ တူဝရီးနှစ်ယောက်တွဲသရုပ်ဆောင်ထားတဲ့ ‘’ရူးအောင်ချစ်မယ့်လူ’’ရုပ်ရှင်ကားကြီးကလည်း မကြာခင် ရုံတင်တော့မယ်လို့ ဆိုပါတယ်။

Photo: Aung Kyaw Tun



အိန္ဒြာကျော်ဇင်ကတော့ တူမလေးဖြစ်သူ မေတိုးခိုင်နဲ့ အတူတွဲပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ‘’ ရူးအောင်ချစ်မယ့် လူ’’ လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ မေတိုးခိုင်ရဲ့ ကြိုးစားမှုတွေကိုလည်း မီဒီယာတွေကနေတဆင့် သုံးသပ်ပြောပြခဲ့ပါတယ်။

‘’ အဲဒီဇာတ်ကားကိုတော့ ဝတ္ထုလေးကတည်းက ပရိသတ်တွေလည်း ကြိုက်ကြတယ်။ မေတိုးခိုင်လေးကလည်း သူ ဒီဖာတ်ကားထဲမှာ အများကြီး ကြိုးစားထားတယ်။ သူ့ရဲ့ ပထမဆုံး ဇာတ်ကားဖြစ်ပေမယ့် သရုပ်ဆောင် ဝါသနာပါတဲ့အတွက် အဲဒီသွေးတွေကတော့ သူ့မှာ ပါနေမှာပေါ့။ ကိုယ် တွဲရိုက်လိုက်တဲ့အခါမှာ သိတာပေါ့နော်။ သူ့မှာ ကြိုးစားချင်စိတ်ရှိတယ်ဆိုတော့ အဲဒီ ဇာတ်ကားမှာ သူအများကြီး ကြိုးစားထားတယ်။ ပရိသတ်လည်း ကြည့်ပြီးတော့ ဝေဖန်ပေးကြပါဦး’’ ဆိုပြီးတော့ သြဂုတ်လ ၁၁ ရက်နေ့က Bella ရဲ့ A Perfume Affair ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့ပါတယ်။

Photo: Pathein Thar

‘’ရူးအောင်ချစ်မယ့်လူ’’ ရုပ်ရှင်ကားကြီးကိုတော့ ပုသိမ်သားအင်တာတိန်းမန့်က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် နေတိုး၊ အိန္ဒြာကျော်ဇင် တို့က အဓိက ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ ‘’ရူးအောင်ချစ်မယ့်လူ’’ ရုပ်ရှင်ဇာတ်ကားအတွက် အူဝဲရဲ့ ပရိသတ်တွေနဲ့ နေတိုးရဲ့ ပရိသတ်တွေကတော့ ရင်ခုန်စိတ်လှုပ်ရှားရင်း စောင့်မျှော်နေရတဲ့ ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့သိရပါတယ်။

Photo" Ye' Khant

သူမဟာ အခုဆိုရင် ကိုယ်ပိုင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ‘’သရဲဆို ချိုနဲ့လား’’ ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ထုတ်လုပ်သူအဖြစ် ရိုက်ကူးမယ်လို့ ဆိုပါတယ်။ ပရိသတ်အတွက် တကယ်ကောင်းမွန်တဲ့ ဇာတ်မျိုးကိုသာ ရွေးချယ် ရိုက်ကူးမယ်လို့ ပြောပါတယ်။

‘’ အခုနောက်ပိုင်းမှာတော့ ပရိသတ်လည်း တကယ်ကြိုက်နိုင်မယ်။ အူဝဲလည်း တကယ် ၁၀၀ရာခိုင်နှုန်း စိတ်ကျေနပ်မှုရှိမှပဲ ရိုက်တော့တယ်။ ဇာတ်ကို အရမ်းမငြင်းပါနဲ့လို့တော့ ပြောပေမယ့် ငြင်းဖြစ်တယ်လို့ပဲ ပြောရမှာ။ ပရိသတ်ကိုတော့ အရမ်းတောင်းပန်တယ်။ ပရိသတ်တွေကလည်း လုပ်ရတဲ့ဟာ သိပ်မရှိတဲ့အရာမျိုးဆိုရင် သိပ်မကြိုက်ကြဘူး။ သူတို့အတွက် တကယ်ကိုကောင်းတဲ့ ဇာတ်မျိုးလေးကို ရွေးပြီးတော့ရိုက်ဖြစ်တယ်ပေါ့နော်’’ လို့ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Pyay Ti Oo

အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က