Lဆိုင်းဇီရဲ့ အကြောင်းတွေ ပြောလာပါတယ်။
Sabal Thwin

တစ်ဦးတည်းသော တူမဖြစ်သူ Lဆိုင်းဇီရဲ့ အကြောင်းတွေကို Lခွန်းရီက ပြောပြလာပါတယ်။ ကွယ်လွန်သွားပြီးဖြစ်တဲ့ Lဆိုင်းဇီရဲ့ အဖေကိုလည်း သတိရတယ်လို့ဆိုပါတယ်။

အဆိုတော် Lခွန်းရီကတော့ သူမရဲ့ ဂီတမျိုးဆက်တစ်ဦးဖြစ်တဲ့ တူမဖြစ်သူ Lဆိုင်းဇီအကြောင်းတွေ ပြောပြလာပါတယ်။ တစ်ဦးတည်းသော တူမလေးလည်းဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်မတို့ မိသားစုမှာက မိန်းကလေးရှားပါတယ်။ ကျွန်မ သမီးရယ်၊ သူရယ် နှစ်ယောက်တည်းရှိပါတယ်။ တူမလေးကလည်း တစ်ဦးတည်းသော တူမလေးလည်းဖြစ်သလို အချစ်ဆုံး တူမလေးလည်းဖြစ်ပါတယ်။ အဒေါ်တွေ အများကြီးရှိတဲ့ ကြီးဒေါ်တွေထဲမှာလည်း သူက ကျွန်မကို အရမ်းချစ်ပါတယ်။ ခရစ္စမတ်ဆိုရင် သူရောက်လာပြီ။ သူ့မှာ အကျင့်လေးတစ်ခုရှိတယ်။ ကွယ်ရင်မေ့ တွေ့ရင်လွမ်းပေါ့။ တွေ့ရင် အန်တီခွန်းရီ ဆိုပြီးရောက်လာတယ်။ ပြီးရင် သူ့အလုပ်နဲ့ သူရှုပ်နေတာပဲ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Lခွန်းရီနဲ့ Lဆိုင်းဇီရဲ့ အဖေ ဟာ မောင်နှမ အရင်းတွေဖြစ်ပါတယ်။ Lဆိုင်းဇီရဲ့ ဖခင်ကတော့ Lခွန်းရီရဲ့ မောင်လေးဖြစ်တယ်လို့ သိရပါတယ်။ အခုဆို ကွယ်လွန်ခဲ့တာ နှစ်တွေ အတော်ကြာပြီလို့ သိရပါတယ်။

‘’ ဒီလို အောင်မြင်နေတာကိုလည်း သူ့အဖေကို အရမ်းမြင်စေချင်ပါတယ်။ ကျွန်မ မောင်လေးကိုလည်း သတိရပါတယ်။ အောက်တိုဘာ ၁ ရက်နေ့တုန်းက သူ့အဖေဆုံးတာ ၂၃ နှစ်ပြည့်ပါပြီ’’ ဆိုပြီးတော့လည်း စက်တင်ဘာလ ၃၀ ရက်နေ့က Lဆိုင်းဇီရဲ့ မိုးကောင်းကင် ခရီး အခွေ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Lခွန်းရီ ကတော့ ကချင်တိုင်းရင်းသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဂီတလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေရရှိထားတဲ့ အဆိုတော် တစ်ယောက်ပါ။ ကိုယ်ပိုင်သီချင်းပေါင်းများစွာလည်း ထွက်ရှိခဲ့သလို ယနေ့အချိန်ထိ Lခွန်းရီရဲ့ သီချင်းတွေကို ပြန်လည်သီဆိုကြတဲ့ အဆိုတော်တွေလည်းရှိပါတယ်။ အခုဆိုရင်လည်း သူမက အသက် ၅၀ ကျော်အရွယ်ကို ရောက်ရှိနေပေမယ့်လည်း ဂီတအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတာ တွေ့ရတုန်းပါပဲ။




ဆက်စပ်အကြောင်းအရာများ


က္က