တယောကျောင်းတစ်ခု ဖြစ်လာဖို့ ကြိုးစားနေတယ်။

နိုနိုကေကတော့ တယောပညာကို ဝါသနာပါသူတွေအတွက် ကျောင်းဖွင့်နိုင်လောက်တဲ့အထိ ကြိုးစားမယ်လို့ ဆိုပါတယ်။ 

Photo: Noe Noe K



နိုနိုကေကတော့ လက်ရှိမှာ တယောသင်တန်းကျောင်းကို ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ သူမဟာ တယောပညာကို ဖခင်ဖြစ်သူထံမှ သင်ယူခဲ့တာဖြစ်ပြီး တယောဝါသနာရှင်တွေအတွက် လက်ဆင့်ကမ်းပညာပေးချင်တာကြောင့် ကိုယ်ပိုင်သင်တန်းကျောင်းလေး ဖွင့်ဖြစ်ခဲ့တဲ့အကြောင်းကို Duwun ကနေ ပြောပြလာပါတယ်။ 

“ တယောသင်တန်းပေးဖြစ်တဲ့ ရည်ရွယ်ချက်က အနာဂတ်မျိုးဆက်သစ်လူငယ်တွေကို ဂီတလက်ဆင့်ကမ်း အမွေတွေထဲကမှ တယောပညာကို လက်ဆင့်ကမ်းချင်လို့ သင်တန်းဖွင့်ဖြစ်တယ်။ ကိုယ်ပိုင်စီးပွားရေးထက်စာရင် ပညာကို အသုံးပြုပြီးတော့ လုပ်ရတဲ့ စီးပွားရေးကို ပိုသဘောကျတယ်။ အခုချိန်မှာ တယောသင်တန်း ဖွင့်ထားပေမယ့် နောင်တစ်ချိန်မှာ တယော ကျောင်းတစ်ခု ဖြစ်လာဖို့ ရည်မှန်းထားတယ်။ ဒီ အိပ်မက် တကယ်ဖြစ်လာဖို့ ကြိုးစားနေပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Noe Noe K

လက်ရှိ ဖြစ်ပေါ်နေတဲ့ Covid ကာလကြောင့် တယော သင်တန်းကို ခဏပိတ်ထားတယ်လို့ နိုနိုကေက ဆိုပါတယ်။ သူမအနေနဲ့ သင်တန်းလည်းပိတ်၊ အနုပညာအလုပ်တွေလည်း ခဏရပ်နားထားတဲ့ အချိန်မှာ သူမဝါသနာပါတဲ့ ပညာရပ်လေးတွေကို သင်ကြားနေတယ်လို့ အဆိုတော် စိန်လင်း(Aroma) ရဲ့ ကြော်ငြာရိုက်ကွင်းမှာ အခုလို ဖြေဆိုခဲ့တာပါ။ 

“ Covid ကာလမှာ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေ လုပ်ဖြစ်တယ်။ အဓိက ကတော့ Facebook ကြာ်ငြာလေးတွေ ရိုက်ဖြစ်တယ်။ ပြီးတော့ တယောတီးတာ လေ့ကျင့်ဖြစ်တယ်။ ဂီတနဲ့ ပတ်သက်တာတွေထဲမှာ ကိုယ်မသိတဲ့ အရာတွေကို လေ့လာဖြစ်တယ်။ ဟင်းချက်တာလေးတွေ လေ့လာတယ်။ အဓိက ကတော့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖြစ်တယ်” လို့ ဆိုပါတယ်။ 

Photo: Noe Noe K

နိုနိုကေကတော့ အနုပညာလောကထဲကို အလှမယ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။သူမဟာ Miss Christmas 2009 ၊ Miss Chinese World Myanmar 2017၊ Miss Universe West Yangon 2018၊ Best Talent (Miss World Myanmar2015) ၊ Miss Universe Yangon West 2018 ၊ Miss BSC Healthy Skin&Best Talent 2019 at (MissUniverseMyanmar2019) စတဲ့ ဆုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က