ရက် (၆၀) အတွင်းမှာ တကယ်ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။
Sabal Thwin

ညီထွဋ်ခေါင်ကတော့ ကြွက်သားတွေအပြည့်နဲ့ စမတ်ကျကျ ခန္ဓာကိုယ် အချိုးအစားရဖို့ (၃) နှစ်လောက် ကြိုးစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

Photo: Bling Bling

သရုပ်ဆောင် ညီထွဋ်ခေါင်ရဲ့ ခန္ဓာကိုယ်အချိုးအစားကတော့ အရင်တုန်းကနဲ့ မတူပဲ ပိုပြီးတောင့် တင်း လာတာတွေ့ရပါတယ်။ သူ့ရဲ့ ပြောင်းလဲမှုတွေကိုကြည့်ပြီး ခွန်အားဖြစ်ခဲ့တဲ့ ပရိသတ်တွေကြောင့် ဝမ်းသာမိတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ သူများထက် ပိုပြီးတော့ ထူးခြားချင်ရင် သူများထက်ပိုပြီးတော့ ကြိုးစားရတာပေါ့နော်။ ကျွန်တော် အရမ်းဖြစ်ချင်တဲ့ ပုံစံက အခုလို ခန္ဓာကိုယ်ပါ ဒါပေမယ့် (၂) နှစ်၊ (၃) နှစ်လောက် ကြိုးစားခဲ့တယ် မဖြစ်ခဲ့ဘူး။ အခုမှ ဖြစ်တာပါ။ ကျွန်တော့်ရဲ့ ပြောင်းလဲမှုကို ဓာတ်ပုံတင်လိုက်တုန်းက ခွန်အားရခဲ့တဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် အပြင်မှာ သူတို့နဲ့တွေ့ရင်လည်း ကိုယ်က ဓာတ်ပုံထဲက အတိုင်းဖြစ်အောင် ထိန်းသိမ်းရမှာလေ။ ကျွန်တော့်ရဲ့ ကြွက်သားတွေက နုပါသေးတယ်။ ဒီ့ထက်ပိုပြီးတော့ မာအောင် ဆက်ကစားရဦးမှာပါ” လို့ သူကဆိုပါတယ်။ 

Photo: Bling Bling

ညီထွဋ်ခေါင်ကတော့ ထူးအောင်ရဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို အားကျခဲ့ဖူးတယ်လို့ဆိုပါတယ်။ ထူးအောင်ရဲ့ GYM ကို သွားပြီး သေချာကြိုးစားခဲ့တာကြောင့် ရက်(၆၀) အတွင်းမှာ အခုလို ဖြစ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။ 

“ ဒီခန္ဓာကိုယ်ရလာတော့ ကျွန်တော့်ကိုယ် ကျွန်တော်လည်း တော်တော်အံ့သြသွားပါတယ်။ ငါ လုပ်နိုင်ပါတယ်ပေါ့။ ထူးအောင် တို့ Gym ကိုရောက်သွားတဲ့အချိန်မှာ သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို အားကျတယ်ဆိုတော့ သူတို့နဲ့ တိုင်ပင်ပြီး စနစ်တကျကစားရမယ့်ပုံစံ၊ စားရမယ့် ပုံစံတွေကို သေချာသင်ပေးတယ်။ ဒီခန္ဓာကိုယ်ဖြစ်ဖို့အတွက် ကိုယ်အရမ်းကြိုက်တဲ့ အစားအသောက်တွေလည်း ဖြတ်ခဲ့ရတယ်၊ ကိုယ်လုပ်ချင်တာတွေ မလုပ်ရဘူး၊ သူငယ်ချင်းတွေနဲ့ အပြင်သွားရင်တောင် ကိုယ်စားရမယ့် အစားအသောက်လေးတွေ ထည့်သွားရတာဆိုတော့ တော်တော်တော့ ခံစားရပါတယ်။” လို့ Shwe Series မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

Photo: Bling Bling

ညီထွဋ်ခေါင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ တီဗီကြော်ငြာတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေပြီဖြစ်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။ သူဟာ ဗီဒီယိုဇာတ်ကားတွေ အများအပြားရိုက်ကူးထားတာ တွေ့ရသလို အခုဆိုရင်တော့ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးလာရပြီဖြစ်ပါတယ်။ COVID-19 ကာလမတိုင်ခင်မှာတော့ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ "အပျိုယောင်ည" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ


က္က