တစ်ယောက်နဲ့တစ်ယောက်ကလည်း Troll ခံထားရတဲ့လူတွေ။

ပိုင်တံခွန်ဟာ ထူးအောင်နဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေထဲကမှ ရယ်စရာအမှတ်တရလေးတွေရှိခဲ့တယ်လို့ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်က အရမ်းကို Troll ခံနေရတဲ့သူတွေလို့လည်း သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

ပိုင်တံခွန်ကတော့ နာမည်ကျော်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ POSH မဂ္ဂဇင်းမှာ ထူးအောင်နဲ့ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ အကြောင်းပြောပြလာပါတယ်။ ဒီဓာတ်ပုံတွေရိုက်နေတဲ့ အချိန်မှာလည်း ပျော်စရာကောင်းတဲ့ အမှတ်တရတွေ ရှိခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



“ ကျွန်တော်တို့ နှစ်ယောက်စလုံးကလည်း အရင်ကတည်းက အရမ်းခင်တဲ့ သူငယ်ချင်းတွေ၊ ရိုက်တဲ့နေ့တုန်းကဆိုရင် ရယ်လိုက်ရတာဆိုတာလေ။ အိပ်တဲ့ပုံရိုက်တုန်းကဆိုရင် ဟေ့ကောင် မင်းဟိုဘက်တိုး၊ ငါ့မျက်နှာကို နမ်းမိတော့မယ်ပေါ့။ သူငယ်ချင်း အချင်းချင်းဆိုတော့လည်း အရမ်းရယ်ရတယ်။ မှတ်မှတ်ရရ ဓာတ်ပုံတစ်ပုံဆိုရင် ပူဖောင်းတွေကြားမှာ ကျွန်တော်က ထိုင်နေတယ်၊ ပြီးတော့ ဆံပင်ကိုလည်း စည်းထားတယ်။ ထူးအောင်က ဗလကြီးတွေနဲ့ ကျွန်တော့်အရှေ့မှာ Sefile ရိုက်နေတဲ့ပုံပေါ့။”လို့ သူကဆိုပါတယ်။

Photo: POSH Magazine – Myanmar

ဒီမဂ္ဂဇင်းကာဗာကိုတော့ ထိုင်းလူမျိုး ဓာတ်ပုံဆရာရိုက်ထားတာလို့ ဆိုပါတယ်။ ထူးအောင် နဲ့ အတူတွဲရိုက်ရတဲ့ ခံစားချက်ကိုလည်း ပိုင်တံခွန်က သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

“ထိုင်းတွေက အဲဒီလိုပုံမျိုးကို ကြိုက်တယ်။ ကျွန်တော်တို့ကတော့ အဲဒီပုံတွေကို ကြည့်ရတာ ခက်တယ်ဗျ။ မြန်မာပြည်မှာကျတော့ အရမ်း Troll လို့ကောင်းတဲ့ ပုံလေးတွေကိုး။ ထူးအောင်ကိုဆိုလည်း Troll ပြီဆိုရင် ဂေး တို့၊ အခြောက်တို့ပြောကြတယ်။ ကျွန်တော့်ကိုဆိုလည်း ဟိုးအရင်ကတည်းကနေ အခုချိန်ထိ ဂေးတို့၊ အခြောက်တို့ အမျိုးစုံပဲ။ Troll ခံရတဲ့ နှစ်ယောက်က အခုလို ရိုက်လိုက်တော့ အရမ်းရယ်ရတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၁ ရက်နေ့က လက်ဝတ်ရတနာ ကြော်ငြာရိုက်ကွင်းပေါ်မှာ ဖြေဆိုခဲ့တာပါ။

Photo:POSH Magazine – Myanmar

ပိုင်တံခွန်ဟာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေ ကိုလည်း မြန်မာပရိသတ်တွေ မကြိုက်မှာ စိုးရိမ်မိခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ ဖက်ရှင်ကဏ္ဍဖြစ်တဲ့အတွက်ကြောင့်လည်း လက်ခံရိုက်ကူးခဲ့တာပါတဲ့။

“ တချို့ပုံတွေကျတော့ မြန်မာပရိသတ်တွေ လက်ခံတဲ့ပုံရှိသလို လက်မခံတဲ့ ပုံတွေလည်းရှိတယ်။ ပုခုံးဖက်တာတို့၊ ခါးဖက်တာတို့ပုံတွေပါ။ သူတို့ ထိုင်းဘက်က ကျတော့ အဲဒီလိုပဲရိုက်ချင်ကြတာလေ။ ကျွန်တော်တို့ ဒါတောင်အရမ်းငြင်းထားတာ။ သူတို့နိုင်ငံမှာက ဒါကို ဖက်ရှင်အနေနဲ့ပဲရိုက်တာပါ။ ဓာတ်ပုံတွေ ထွက်လာလို့ ပရိသတ်တွေကြည့်ရင် ဆိုးဆိုးရွားရွားကြီးဖြစ်မှာကိုလည်း စိုးရိမ်တယ်။ ဖက်ရှင်ကဏ္ဍဆိုတော့လည်း အလုပ်ပဲလေ”လို့ ဆိုပါတယ်။

Photo: POSH Magazine – Myanmar

ပိုင်တံခွန်ရဲ့ အောင်မြင်မှုကတော့ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူဟာ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်း ကြိုးစားလာတာကို တွေ့ရပါတယ်။ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က