သရုပ်ဆောင် စဖြစ်ကတည်းက ခင်မင်လာခဲ့ကြတာပါ။

ဝေဠုကျော်ကတော့ ဖခင်ကို ဆုံးရှုံးခဲ့ရလို့ ဝမ်းနည်းကြေကွဲနေရှာတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦး အတွက် အားပေးစကား ပြောခဲ့ပါတယ်။ 

Photo: Wai Lu Kyaw



ဝေဠုကျော်ကတော့ ထက်ထက်မိုးဦးကို အနုပညာလောကထဲ စဝင်ကတည်းက ခင်ခဲ့ကြတာလို့ သိရပါတယ်။ ထက်ထက်မိုးဦးရဲ့ ဖခင်ဖြစ်သူ ဈာပနကိုလုပ်ပေးခဲ့တဲ့ အမှတ်တရတွေကိုလည်း Duwun ကနေ အခုလို ပြောပြလာပါတယ်။ 

“ မထက်ဆိုတာက ထက်ထက်မိုးဦး မဖြစ်ခင် မှုံရွှေရည် ဆိုတဲ့ နာမည်နဲ့ မင်းသမီး စလုပ်တဲ့ အချိန်ကတည်းက ခင်မင်ခဲ့တာပါ။ သူ့ရဲ့ ဖခင် ဆုံးသွားတော့ ကျွန်တော်ကလည်း အိမ်မှာပဲနေတဲ့ အချိန်နဲ့ ဆုံသွားတဲ့ အခါမှာ ကူညီပေးခွင့်ရခဲ့တယ်။ သူကိုယ်တိုင်ကလည်း ဘယ်သူ့ကိုမှ အသိမပေးချင်ပါဘူး၊ နေ့ချင်း အပြီး လုပ်ချင်တယ်ဆိုတာနဲ့ မထက်ရဲ့ ဆန္ဒအတိုင်းဈာပနကို စီစဉ်ပေးနိုင်ခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Wai Lu Kyaw

သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ ဖခင်ကတော့ ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ဝေဠုကျော်က ထက်ထက်မိုးဦးရဲ့ ဖခင်ဈာပန ကိစ္စတွေကို ဝေဠုကျော် ဖောင်ဒေးရှင်း အဖွဲ့သားတွေနဲ့ အတူ ကူညီပေးခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် ထက်ထက် မိုးဦးအတွက် အခုလို အားပေးစကား ဆိုခဲ့ပါတယ်။ 

“ သူ့ အနေနဲ့ ဖခင်ကို နောက်ဆုံး အချိန်ထိ ပြုစုခွင့်ရတယ်၊ တတ်နိုင်သလောက် သူ လုပ်ပေးခွင့်ရတယ်။ သူ့လို လုပ်ပေးခွင့် မရတဲ့ သူတွေလည်း များပါတယ်။ ဒါလေးတွေကို တွေးခိုင်းပြီး အားပေးစကားပြောခဲ့ပါတယ်။ ဒါကြောင့် မထက်လည်း အားမငယ်ပါနဲ့ မထက်မှာ အဖေတင်မကဘူး ပရိသတ်တွေလည်း အများကြီး ရှိပါသေးတယ်။ မထက် ပတ်ဝန်းကျင်မှာရှိတဲ့ မထက်ရဲ့ မိတ်ဆွေတွေ၊ မထက်ရဲ့ ပရိသတ်တွေ အတွက် မထက် လုပ်ပေးစရာတွေ အများကြီး ရှိပါသေးတယ်။ မထက်က စိတ်ဓာတ်မာပါတယ်” လို့ သူကပြောပါတယ်။ 

Photo: Wai Lu Kyaw

သရုပ်ဆောင် ဝေဠုကျော် ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ အခုလက်ရှိ COVID-19 ရောဂါ ကာကွယ်ရေးအတွက် သံသယလူနာများ သယ်ယူပို့ဆောင်ခြင်း၊ ဆေးဖြန်းခြင်းများဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီနောက် အမှန်တကယ် လိုအပ်မှု ရှိနေတဲ့ နေရာဒေသတွေမှာလည်း စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ မေလအတွင်းမှာလည်း နာဂဒေသအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ဝေဠုကျော် ဖောင်ဒေးရှင်းက လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင်ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်ရတဲ့ လူကြမ်းသရုပ်ဆောင်တွေ နဲ့ ဆိုက်ကား နင်းပြီး မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေကို အဝတ်အစား ၊ စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က