နိုင်ငံရေးအကြောင်းနားမလည်ပေမယ့် နိုင်ငံ့အရေးကို စိတ်ဝင်စားကြပါတယ်။

‘’နိုင်ငံကြီးသား’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နေတိုး ပါဝင်ဖြစ်တဲ့အကြောင်းကို ဒါရိုက်တာ စတီးလ် က ပြောပြလာပါတယ်။ ဒီဇာတ်ကားရိုက်ကူးတဲ့ ရည်ရွယ်ချက်ကိုလည်း အခုလိုပြောပြလာပါတယ်။

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ‘’နိုင်ငံကြီးသား’’ရုပ်ရှင်ဇာတ်ကားကြီးကို နေတိုးနဲ့ ရိုက်ကူးဖြစ်ခဲ့ပုံကို ပြောပြလာပါတယ်။ နေတိုးကိုယ်တိုင်ကလည်း ဒီဇာတ်ကားကို လိုလိုလားလား လက်ခံခဲ့တာဖြစ်တယ်လို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ကျွန်တော်တို့ရဲ့ Hero ကို အရင်စဉ်းစားရမယ့်အချိန်မှာ စဉ်းစားလိုက်တော့ ကိုနေတိုးပေါ့။ အဲဒီတုန်းက ပရိုဂျူဆာဘယ်သူမှန်းလည်းမသိဘူး၊ ဘယ်သူနဲ့ရိုက်ရမှန်းလည်း မသိတဲ့အချိန်မှာ ကိုနေတိုးဆီ ရဲရဲဝံ့ဝံ့သွားတယ်။ အစ်ကိုရေ ဒီဇာတ်လမ်းလေးတစ်ပုဒ်ရေးထားတယ်ခင်ဗျ။ ဖတ်ကြည့်ပါဆိုပြီးတော့ ပေးခဲ့တယ်။ ၃ ရက်မြောက်တဲ့အချိန်မှာ သူ ကျွန်တော့်ကို ဖုန်းဆက်တယ်။ ကိုစတီးလ် လာခဲ့ပါဦးပေါ့ ကျွန်တော် ဒီဇာတ်ကားလေးကြိုက်တယ် ရိုက်မယ်ဗျာဆိုပြီးတော့ သူက ကျွန်တော့်ကို ယုံကြည်မှုရှိလို့ရိုက်ဖြစ်ခဲ့တာပါ’’လို့ သူကဆိုပါတယ်။

‘’နိုင်ငံကြီးသား’’ရုပ်ရှင်ဇာတ်ကားကိုတော့ သြဂုတ်လ ၈ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ကူညီခဲ့ကြသူတွေ အားလုံးကိုလည်း ဒါရိုက်တာစတီးလ်က ကျေးဇူးတင်စကားဆိုလာပါတယ်။

‘’ကျွန်တော်နိုင်ငံရေးအကြောင်းနားမလည်ဘူး။ ဒါပေမယ့် နိုင်ငံ့အရေးကိုတော့ စိတ်ဝင်စားတယ်။ ဒါလူတိုင်း လူတိုင်းမှာ နိုင်ငံ့အရေးဆိုတာရှိတယ်လေ ဥပမာ ကျွန်တော်တို့အိမ်သာယာမှ လမ်းသာယာမှာ၊ လမ်းသာယာမှ ရပ်ကွက်သာယာမယ် ဒီလိုပဲ ကျွန်တော်တို့မှာလည်း တာဝန်ရှိတယ် အဲဒီအတွက် ဒီဇာတ်ကားလေးကို ဝန်းရံပေးကြတဲ့ ကျေးဇူးတင်ပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့က ‘’နိုင်ငံကြီးသား’’ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့ပါတယ်။

Photo: နိုင်ငံကြီးသား

အဲဒီနောက် ‘’နိုင်ငံကြီးသား’’ ရုပ်ရှင်ကားကြီးရိုက်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကိုလည်း ဒါရိုက်တာ စတီးက ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ အဓိက က ဘာလဲဆိုတော့ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိရဘူး။ ဥပဒေသည်သာ ကျွန်တော်တို့ရဲ့ အထက်မှာရှိရမယ်။ အမှန်တရားဆိုတာ လူတိုင်းမှာရှိတယ်။ အဲဒီအမှန်တရားကို ဘယ်သူမှ ဖုံးကွယ်လို့မရဘူး တစ်နေ့နေ့ တစ်ချိန်ချိန် ပေါ်လာမှာပဲ ဆိုတဲ့ မက်ဆေ့ချ်ကို ပေးချင်တယ်’’ လို့ ဆက်လက်ရေးသားခဲ့ပါတယ်။

Photo: နိုင်ငံကြီးသား

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) (Steel)ကတော့ အက်ရှင်ဇာတ်ကားကောင်းတွေ၊ အက်ရှင်ဒရာမာ ဇာတ်ကားကောင်းတွေကို ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ သတိထားမိနေကြပြီဖြစ်ပါတယ်။ သူဟာ ‘’တောကျီးကန်း’’ ၊ ‘’ခိုးဆိုးလုနှိုက်’’၊ ‘’ပွဲခံမယ်’’စတဲ့ ရုပ်ရှင်ဇာတ်ကားတွေအပြင် နောက်ထပ် ရုပ်ရှင်ဇာတ်ကားကောင်းတွေကိုလည်းရိုက်ကူးထားတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က