မဲဆောက်မှာ နေထိုင်တာဖြစ်ပါတယ်။

Hip Hop လောကမှာ Rap ဂီတတွေနဲ့ နာမည်ကျော်ကြားလာတဲ့ ကျော်သူစိုးက သီချင်းတွေနဲ့ ဝေးကွာခဲ့တာ ၁၃ နှစ်တောင်ရှိပါပြီ။ ဒီ ၁၃ နှစ်အတွင်းမှာ မိသားစုလေးတစ်ခုကို တည်ဆောက်ထားပါတယ်တဲ့။

Photo: Kyaw Thu Soe

Rap အဆိုတော်တစ်ဦးဖြစ်တဲ့ ကျော်သူစိုးရဲ့ ပရိသတ်တွေက ကျော်သူစိုးတစ်ယောက် ဘယ်မှာနေပြီး ဘာတွေလုပ်နေတယ် ဆိုတာကိုလည်း သိချင်နေကြမှာပါ။ ကျော်သူစိုးတစ်ယောက် လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစုအကြောင်း ကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ ကျွန်တော်က အခု ထိုင်းနိုင်ငံ မဲဆောက်မှာနေတယ်။ ကျွန်တော့်အမျိုးသမီးက ထိုင်းလူမျိုး၊ ကျွန်တော့်မှာ သားလေးတစ်ယောက်ရှိပါတယ်။ အသက်က ၅ နှစ်ရှိပြီ။ မြန်မာစကားမပြောတတ်သေးတော့ နည်းနည်းတိုင်ပတ်နေသေးတယ်’’လို့ သူကဆိုပါတယ်။

Photo: Kyaw Thu Soe

အခုဆိုရင်တော့ ဂီတအလုပ်တွေ ပြန်လည်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ သူ့ကိုအားပေးတဲ့ ပရိသတ်တွေကြောင့် သီချင်းတွေပြန်ဆိုသွားပါမယ်တဲ့။

‘’ ရန်ကုန်မှာလည်း ခဏပဲနေမှာပါ။ အခုစဉ်းစားထားတာကတော့ သီချင်းတွေ ပြန်လုပ်မယ်ပေါ့နော်။ ပွဲတွေရှိရင်လည်း ဆိုမယ်။ လောလောဆယ်ကတော့ မြေပဲယို အဖွဲ့နဲ့ပဲ လုပ်မှာပါ’’ ဆိုပြီးတော့ Hard Rock မှာ ပြုလုပ်ခဲ့တဲ့ မြေပဲယို ဖျော်ဖြေပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Kyaw Thu Soe

ကျော်သူစိုးဟာ မြေပဲယို အဖွဲ့ နဲ့ ဂီတအလုပ်တွေ ဆောင်ရွက်ခဲ့သူတစ်ယောက်ပါ။ သူကိုယ်တိုင်ရေးပြီး၊ သူကိုယ်တိုင်သီဆိုခဲ့တဲ့ သီချင်းတွေကလည်း Hip Hop ဂီတကို ရူးသွပ်သူ လူငယ်တွေကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။

အဲဒီနောက်မှာတော့ ဂီတလောကနဲ့ ၁၃ နှစ်အကြာဝေးကွာခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်းမှာ မြေပဲယိုအဖွဲ့နဲ့ အတူ ပြန်လည်လက်တွဲပြီး သီချင်းတွေ သီဆိုလာတာ တွေ့ရပါတယ်။ အဲဒါကြောင့် ကျော်သူစိုးရဲ့ သီချင်းတွေ ဂီတလှုပ်ရှားမှုတွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကတော့ဝမ်းသာနေကြပါပြီ။



က္က