နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့သူပါတဲ့။

သင်ဇာဝင့်ကျော် က နိုင်ငံရပ်ခြားကနေ ပန်းစည်းလက်ဆောင်ပို့လိုက်တဲ့ လူတစ်ယောက်နဲ့ သူမ တို့ရဲ့ ဆက်ဆံရေးအကြောင်းကို ပြောပြလာပါတယ်။ သင်ဇာကတော့ လက်ရှိမှာ Single တစ်ဦးပါပဲ။

Photo: သင်ဇာဝင့်ကျော်ဖေ့စ်ဘွတ်



သင်ဇာဝင့်ကျော်က ‘’ချစ်သူများနေ့’’မှာ မထင်မှတ်ထားတဲ့ လက်ဆောင်လေး ရောက်လာလို့ အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလက်ဆောင်ပိုင်ရှင်လေးနဲ့ သင်ဇာဝင့်ကျော်တို့ရဲ့ ဆက်ဆံရေးကို မီဒီယာတွေကနေတဆင့် ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘’ နိုင်ငံရပ်ခြားက ကိုယ့်ကိုသဘောကျတဲ့ လူတစ်ယောက်ပေါ့နော်။ ဒါကတော့ Relationship တစ်ခု သူနဲ့ မစရသေးပါဘူး။ အချင်းချင်းသဘောကျတဲ့အဆင့်အထိပဲရှိပါသေးတယ်။ သူကပန်းစည်း လေးပို့ပေးလိုက်တော့ မထင်မှတ်ထားတဲ့အတွက် ချစ်သူများနေ့မှာ Surprise ဖြစ်သွားပါတယ်’’ လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သင်ဇာဝင့်ကျော်ရဲ့ အချစ်ရေးက Single တစ်ယောက်ပါပဲ။ အချစ်သစ်တစ်ခု ထပ်ထားဖို့အတွက်လည်း စဉ်းစားနေတုန်း ကာလ ဖြစ်တယ်လို့ သိရပါတယ်။

‘’ ကိုယ့်ဘဝအတွက်၊ ကိုယ့်အပေါ် ကောင်းပေးနိုင်မယ့်သူမျိုးဆိုရင်တော့ သင်ဇာ လက်ခံပါတယ်။ တစ်ဘဝလုံးစာ လက်တွဲမယ့်သူမျိုးဆိုရင်လည်း ရိုမန့်တစ်ဆန်မှဆိုတာမျိုးက အဓိက မကျပါဘူး။ အဓိက ကတော့ ကိုယ့်ကိုနားလည်ပေးနိုင်ဖို့ ဂရုစိုက်ပေးနိုင်ဖို့ ကိုယ့်အပေါ် တကယ်ကောင်းဖို့ဆိုတဲ့ အချက်တွေ သိစေချင်တယ်’’ လို့ ပြောပြလာပါတယ်။

သင်ဇာဝင့်ကျော်ဟာ ရိုမန့်တစ်ဆန်တာကို သိပ်ကြိုက်တဲ့သူထဲမှာ မပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် Ro တယ်ဆိုတာ အသက်ကြီးတာ ငယ်တာနဲ့လည်း မဆိုင်ပါဘူးတဲ့။

‘’ အသက်ကြီးမှ Ro တာ ကြိုက်တဲ့သူတွေလည်းရှိတယ်။ တချို့ အိမ်ထောင်ပြုပြီးသားသူတွေ၊ ကလေး မွေးပြီးသားသူတွေလည်း Ro ကြတာကို တွေ့နေရတာပဲလေ။ ဒါကတော့ အသက်ကြီးတာ ငယ်တာနဲ့ မဆိုင်ပါဘူး’’ လို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က Girl Generation ကိုရီးယားအလှကုန်ပစ္စည်း ဆိုင်သစ် ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

သင်ဇာဝင့်ကျော်ရဲ့ အနုပညာသက်တမ်းက ကြာပြီဖြစ်ပါတယ်။ ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ အခက်အခဲတွေကြားက ကြိုးစားလာခဲ့ရသူပါ။ သူမကို ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ နဲ့ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။ သူမရဲ့ခန္ဓာကိုယ်အလှအပကလည်း ပရိသတ်တွေ ကြား ရေပန်းစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က