တချို့အရာတွေက ဘဝတွေပါသွားတတ်တယ်။

နီနီခင်ဇော်ဟာ သူမနဲ့ ပတ်သက်ပြီး ကောလာဟလ သတင်းတွေမှာ နားလည်မှုလွဲတဲ့အပိုင်းတွေရှိတယ်လို့ဆိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်လွဲတာလေးတွေရှိပါတယ်။

Photo: Ni Ni Khin Zaw



နီနီခင်ဇော်ကတော့ အဆိုတော်ကျားပေါက်တို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးပြိုကွဲသွားတဲ့အပေါ် ရင်ထဲက ခံစားချက်တွေ ပြောပြလာပါတယ်။ သူမနဲ့ အဆိုတော်ကျားပေါက်တို့ တွဲနေတာလားဆိုတဲ့ သတင်းစကားတွေအပေါ် မီဒီယာအင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

“ နီနီလည်း အလုပ်တွေ ရှုပ်နေတဲ့ကြားက ဒီလို ကောလာဟလ သတင်းလေးထွက်လာတာပေါ့နော်။ အားလုံးကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြထားပြီးပြီလို့ ထင်ပါတယ်။ ဒီသတင်းတွေမှာလည်း နားလည်မှုလွဲတဲ့အပိုင်းလေးတွေရှိကောင်းရှိမှာပေါ့လေ။ သတင်းအကုန်လုံးကလည်း အမှန်မဟုတ်သလို၊ အမှားလည်းမဖြစ်တဲ့အတွက် စိတ်လိုက်မာန်ပါ မလုပ်စေချင်ဘူး။ တချို့သောအရာလေးတွေမှာက ဘဝတွေ ပါသွားတတ်ပါတယ်” လို့ ဆိုပါတယ်။

Photo: Dior

သူမဟာ ဂီတမောင်နှမတစ်ဦးရဲ့ အိမ်ထောင်ရေးပြိုကွဲမှုအပေါ်မှာလည်း ဘယ်လို စကားလုံးမျိုးတွေနဲ့မှ ဝေဖန်သုံးသပ်ပြောပြသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ သူများရဲ့ မိသားစုအရေးဖြစ်တဲ့အတွက် နီနီ မပြောလိုပါဘူး။ တစ်ခါတလေကျတော့ လူတွေဟာ ဘဝကိုယ်စီမှာ ရှင်သန်ကြတယ်။ ဖြတ်သန်းမှုတွေလည်း မတူဘူး၊ သူ့ရဲ့အမြင်၊ ကိုယ့်ရဲ့ အမြင်ရှိတယ်ဆိုပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်၊ စဉ်းစားပိုင်ခွင့် အများကြီးရှိပါတယ်။ ဒါကြောင့် သူများရဲ့ ဘဝကို ဝေဖန်တာမျိုး၊ သုံးသပ်တာမျိုးမလုပ်တာ အကောင်းဆုံးပါပဲ” လို့ သူကဆိုပါတယ်။

Photo: Dior

အဆိုတော် ကျားပေါက်နဲ့ ဇုံဇုံ တို့အတွက်ကိုလည်း နီနီခင်ဇော်က စကားလက်ဆောင် ပြောပေးခဲ့တာကို တွေ့ရပါတယ်။

“ လူတိုင်းကတော့ ဘာမဆို အကောင်းဆုံးလုပ်ချင်ကြတာပါပဲ။ မဖြစ်လာနိုင်ရင်တောင်မှ အဆိုးတွေထဲက အကောင်းဖြစ်လာဖို့အတွက် အများကြီး ကြိုးစားနေကြတာပေါ့နော်။ ဒါကြောင့်လည်း ရှေ့ဆက်လျှောက်မယ့် လမ်းခရီးမှာ အဆိုးတွေထဲက အကောင်းတွေ ရပါစေလို့ပဲ နီနီ ဆုတောင်းပေးပါတယ်” ဆိုပြီးတော့ နိုဝင်ဘာလ ၂၁ ရက်နေ့ညက ဝတ်မှုံရွှေရည်ရဲ့ Fan Meeting ပွဲကို တက်ရောက်ရင်း ဖြေဆိုပေးခဲ့တာပါ။

Photo: Dior

နီနီခင်ဇော်ဟာ သီချင်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တဲ့အဆိုတော် တစ်ဦးဖြစ်သလို ‘’ဂယ်ဘဲ ဂယ်ဘဲ’’၊ ‘’Super Red’’ ၊ ‘’U’’ စတဲ့ အခွေတွေ ထွက်ရှိပြီးခဲ့သလို အောင်မြင်မှုတွေလည်း ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ပါ။ နီနီခင်ဇော်က Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က