သူများစုံတွဲလေးတွေကိုပဲ အားကျတော့မယ်။

ပိုးကြာဖြူခင်တစ်ယောက် ဗယ်လင်တိုင်းမ်နေ့ရောက်တိုင်း Surprise လုပ်တာ ခံရတယ်လို့ ဆိုပါတယ်။ သူမ ကိုယ်တိုင်ကလည်း Ro တတ်တဲ့ စုံတွဲလေးတွေဆို အရမ်း အားကျမိပါတယ်တဲ့။ 

Photo: Aroma



ပိုးကြာဖြူခင်ကတော့ ချစ်သူများနေ့မှာလည်း အလုပ်တွေနဲ့ ဖြတ်သန်းရဦးမယ်လို့ ဆိုပါတယ်။ သူမကတော့ ချစ်သူမရှိသေးတဲ့မင်းသမီးလေးဖြစ်တာကြောင့် တခြားစုံတွဲလေးတွေကိုကြည့်ပြီး အားကျနေမှာပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကိုယ်တိုင် Ro တဲ့သူတွေက ဘယ်လိုမျိုးလဲဆိုတော့ ကိုယ်ကိုယ်တိုင်အရမ်း Ro တာခံချင်တဲ့အတွက် သူများပျော်သွားမှာကိုလည်း အရမ်းသဘောကျတယ်ပေါ့နော်။ အမှန်ကတော့ ကိုယ်က Ro ခံချင်တယ်ဆိုတာက သူများပျော်ဖို့ထက် ကိုယ်တိုင်ကလည်း Ro တာခံချင်လို့ပါ။ Ro တတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့သူကတော့ တော်တော် ပျော်ရမယ်ထင်တယ်”ဆိုပြီးတော့ ဇန်နဝါရီလ ၂၃ ရက်နေ့က Beauty Spa Net ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Poe Kyar Phyu Khin

သူမကိုယ်တိုင်ကလည်း မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် ချစ်သူထားမယ်ဆိုရင် Ro တတ်တဲ့ ချစ်သူမျိုးရချင်ပါတယ်လို့ ပိုးကြာဖြူခင်က ပြောပါတယ်။ 

“ အားကျတာကလေ ကိုရီးယားကားတွေထဲမှာပဲ Ro တာပေါ့နော်။ ကိုရီးယားဇာတ်ကားကြည့်တဲ့ အချိန်ဆို အတွဲလေးတွေကို အားကျတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အဲဒီလောက်အထိ Ro ဖို့ အချိန်မရှိဘူး။ ဒါကြောင့် ရုပ်ရှင်ထဲက အတွဲတွေကိုပဲ အားကျပါတယ်။ Ro တာကတော့ မိန်းကလေးတိုင်းကြိုက်မယ်ထင်တာပဲ။ ဒါတွေက စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲမှာပဲ ရှိမှာလေ။ အပြင်မှာတော့ ရှားမယ်ထင်တာပဲ။” လို့ သူကဆိုပါတယ်။ 

Photo: Poe Kyar Phyu Khin

ပိုးကြာဖြူခင်အတွက် မမေ့နိုင်စရာ ဗယ်လင်တိုင်းမ် နေ့တွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ နှစ်စဉ်နှစ်တိုင်း Surprise လုပ်တာ ခံရတယ်လို့လည်း သူကပြောပါတယ်။ 

“ ဗယ်လင်တိုင်းမ်နေ့ကျရင်တော့ ကိုယ့်ကို Surprise လာလုပ်မယ့်သူတွေ အများကြီးပဲ။ အဲဒါက ကိုယ့် Fan တွေချည်းပါပဲ။ တစ်ခါတလေ ကိုယ်က အလုပ်ကိစ္စနဲ့ အပြင်ရောက်နေရင် အိမ်မှာ လက်ဆောင်တွေ ရောက်ပြီဆိုရင် အမေက ဖုန်းဆက်တယ်။ ပြန်လာလို့ ကြည့်ပြီး ငါ့ကို ဘယ်ကောင်လေးကများ ပေးထားတာလဲပေါ့ နာမည်လည်းမပါဘူးလေ။ နောက်တော့မှ စင်ကာပူက ပို့တဲ့သူနဲ့ ထိုင်းက ပို့တဲ့သူနဲ့ အဲဒီလို ဖြစ်သွားတာ" ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

ပိုးကြာဖြူခင်ကိုတော့ ဝင်္ကပါစံအိမ် ၊ မယ်မယ်ထိပ်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က