၅၆ သိန်းတန် ညအိပ်ဝတ်စုံအကြောင်းပြောလာပါတယ်။

Paris Fashion Week ပွဲကို တက်ရောက်ခဲ့တဲ့ နေခြည်ဦးက သူမရဲ့ အဝတ်အစားတွေအပေါ် တန်ဖိုးမဖြတ်ကြဖို့ တောင်းဆိုလာပါတယ်။ ဒီနှစ်မှာ တက်ရောက်ခဲ့တဲ့ Fashion Week က အတွေ့အကြုံတွေကိုလည်း ပြောပြလာခဲ့ပါသေးတယ်။

Photo: Nay Chi Oo



နေခြည်ဦးတစ်ယောက် ပြင်သစ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Paris Fashion ပွဲကို သွားတဲ့အချိန်မှာ ညအိပ်ဝတ်စုံနဲ့ ရိုက်ခဲ့တဲ့ သူမရဲ့ ဓာတ်ပုံတွေကိုတင်ခဲ့ပါတယ်။ ဒီဝတ်စုံတွေဟာ မြန်မာငွေကျပ် ၅၆သိန်းတန် တယ်ဆိုပြီးတော့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ အကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။ 

‘’နေခြည်တစ်ခုပြောချင်တာက နေခြည်ဝတ်တဲ့ဟာတွေကို တန်ဖိုးတွေ၊ ဈေးတွေ မဖြတ်ပါနဲ့လို့။ ဘာကြောင့်လဲဆိုတော့ နေခြည် အနောက်မှာလိုက်ရတဲ့ Effect တွေက အများကြီးပဲ။ ကိုယ်ဝတ်တဲ့အရာတစ်ခု ကိုယ့် ကိုယ်ပေါ်တင်လိုက်တဲ့ အရာကို တန်ဖိုးထားတယ်။ ပြီးတော့ ကိုယ်သွားတာက Fashion Week လည်းဖြစ်နေတဲ့အခါကျတော့ ဒီလိုမျိုးချပြလိုက်တာပါ။ ဒီလောက်ဈေးကြီးတာကြီးဝတ်ပြီး ငါကတော့ ဒီလို အိပ်လိုက်ပါတယ်ကွာလို့လည်း ပြောတာမဟုတ်ဘူး’’ လို့ သူကဆိုပါတယ်။

Photo: Nay Chi Oo

နိုင်ငံတကာမှာရှိတဲ့ အောင်မြင်တဲ့ အနုပညာရှင်တိုင်းက Paris Fashion Week ပွဲကို တက်ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ နေရာဒေသအလိုက် အဝတ်အစား ဝတ်ရတယ်လို့လည်း နေခြည်ဦးက ပြောပါတယ်။

 ‘’ ဒီခရီးစဉ်တစ်လျှောက်လုံးမှာလည်း နေခြည်တို့ ဝတ်လာတဲ့ ဟာတွေ အကုန်လုံးမှာ ဒီတစ်ထည်ကတော့ ဈေးဘယ်လောက်မို့လို့၊ ဒီတစ်ထည်ကတော့ ဘယ်လောက်ဖြစ်လို့ ဈေးကြီးတာ ဝတ်မယ်ကွာဆိုပြီးတော့ ဆုံးဖြတ်ခဲ့တာမဟုတ်ဘူး။ ကိုယ်သွားမယ့် Show မှာ ကိုယ်ဝတ်ရမယ့် ဝတ်ပုံစားပုံကို ဘယ်လိုဖန်တီးမလဲပေါ့။ Fashion Week ဖြစ်တာကြောင့် ဟောလိဝုဒ်မှာရှိတဲ့ မင်းသားမင်းသမီးတွေရော၊ မော်ဒယ်တွေရော၊ နိုင်ငံရပ်ရပ်က အနုပညာရှင်တွေ အကုန်တတ်ရောက်ရတာဆိုတော့ ဒီလူတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် လိုက်ဖက်မှုရှိအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ အများကြီး ကြိုးစားရပါတယ်။ အဲဒါကြောင့်လည်း နေခြည်သွားဖြစ်တာပါ’’ လို့ ဆိုပါတယ်။

Photo: Nay Chi Oo

သူမဟာ Paris Fashion Week ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကိုပြောပြလာပါတယ်။ နေခြည်ဦးအတွက်တော့ ဒီနှစ် Fashion Week ဟာ သဘောကျစရာတွေ များခဲ့တယ်လို့ ဆိုပါတယ်။

‘’ Paris Fashion Week မှာလည်း ဟိုက ဒီဇိုင်နာတွေက ကိုယ်နဲ့ စကားပြောဖြစ်ရင်း အဆင်ပြေတော့ သူတို့ဖိတ်တဲ့ ပွဲတွေလည်း တက်ဖြစ်တယ်။ L’Oreal Paris နဲ့ သွားတာဖြစ်တဲ့အတွက် သူတို့ရဲ့ ဖက်ရှင်ရှိုးတွေ၊ သူတို့နဲ့ ချိတ်ထားတဲ့ ရှိုးတွေ တက်ခဲ့ရတဲ့အတွက် အများကြီးပျော်တယ်။ ဒီနှစ်တော့ အရမ်း အားရခဲ့တယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂ ရက်နေ့က V17 မိတ်ဆက်ပွဲကို တက်ရောက်ရင်း ပြောပြခဲ့တာပါ။

Photo: Nay Chi Oo

နေခြည်ဦးဟာ Paris Fashion Week ပွဲကို ဒုတိယအကြိမ်မြောက် တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကလည်း Paris Fashion Week ပွဲကို ပထမအကြိမ် တက်ရောက်ခဲ့သူပါ။ နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို နေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က