loading...

loading...

loading...

အခုသူက ၁၈ နှစ်ပြည့်ပြီ၊ လူကြီးဖြစ်ပြီဆိုတာနဲ့ ကိုင်ပေါက်နေတာ။
Sabal Thwin

ခင်ဇာခြည်ကျော်ကတော့ အသက် ၁၈ နှစ်ပြည့်ပြီးပြီဖြစ်တဲ့ သားဖြစ်သူ ဘုန်းမင်းနေလကို ဘယ်လောက်အထိ ရင့်ကျက်လာမလဲဆိုတာ စောင့်ကြည့်မယ်လို့ ပြောပါတယ်။ 

Photo: Khin Zar Chi Kyaw

ခင်ဇာခြည်ကျော်ကတော့ သားဖြစ်သူ ဘုန်းမင်းနေလ အကြောင်းတွေကို ရွှန်းရွှန်းဝေ အောင် ပြောပြလာပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်လာပြီလို့ ပြောတဲ့ သားဖြစ်သူကို စောင့်ကြည့်ဦးမယ်လို့လည်း Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ သူက ၁၈ နှစ်ပြည့်သွားပြီဆိုတော့ သူက လူကြီးဖြစ်သွားပြီဆိုတဲ့အကြောင်းနဲ့ပဲ ကိုင်ပေါက်တာ ပေါ့နော်။ သားရင့်ကျက်ပါပြီပေါ့။ အဲဒီတော့ ကိုယ်ကလည်း ရှေ့လျှောက် ရင့်ကျက်တယ်၊ မကျက်ဘူးဆိုတာကို စောင့်ကြည့်မယ်ပေါ့။ သူက လိမ်လည်း လိမ်မာတယ်။ တစ်ခါတလေလည်း ဆိုးချင်တယ်။ သူများတွေလိုလည်း တောက်လျှောက် ဆိုးနေတာလည်း မဟုတ်ဘူး။ဟော့ဟော့ရမ်းရမ်းဆိုးတာလည်း မဟုတ်။ သူက အေးအေးလေးနဲ့ ဆိုးတာ။ အဲဒါကလွဲလို့ ကျန်တာ အကုန်ကောင်းပါတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Khin Zar Chi Kyaw

ဘုန်းမင်းနေလဟာ ကျောင်းပိတ်ရက်ကို မိဘဆီအလည်ပြန်လာတာ ဖြစ်တဲ့အတွက် မိသားစု ဆုံတုန်း ခရီးတွေ သွားဖြစ်တယ်လို့ ခင်ဇာခြည်ကျော်က ပြောပါတယ်။ ကျောင်းတက်နေရလို့ အနုပညာအလုပ်တွေ တစိုက်မတ်မတ် မလုပ်နိုင်တဲ့ သားကို ချစ်တဲ့ ပရိသတ်ရှိလို့ ပျော်တယ်လို့လည်း သူက ဆိုပါတယ်။ 

“သားလေးက အခု foundation ပြီးသွားလို့ ရန်ကုန်မှာ ခဏလာပြန်နားတာပေါ့နော်။ ဖေဖော်ဝါရီလောက်ကျရင် ပြန်သွားရမှာပါ။ မိသားစု စုံတုန်း ခရီးသွားဖြစ်တယ်။ သူ့ရဲ့ ကြော်ငြာလေးတွေ ရိုက်နေရတယ်။ ဒါကတော့ သူ့ရဲ့ ကံကောင်းမှုပေါ့နော်။ သူများတွေလို ဆက်တိုက်လုပ်နေရတာလည်း မဟုတ်ဘူး။ ကျောင်းသွားတက်လိုက် ပျက်လိုက်နဲ့ဆိုပေမယ့် သူ့ကို ချစ်တဲ့ ပရိသတ်တွေရှိနေတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၀ ရက်နေ့က “ဂန္ဓဗ္ဗ” ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Khin Zar Chi Kyaw

ဘုန်းမင်းနေလ ကတော့ အခုလက်ရှိ စင်ကာပူနိုင်ငံမှာ ကျောင်းတက်နေတာဖြစ်ပါတယ်။ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သားဖြစ်တာကြောင့် ၂၀၁၈ ခုနှစ်အတွက် ရွှေကြိုပြိုင်ပွဲ ဝင်မပြိုင်ခင်ကတည်းက ပရိသတ်တွေ သိရှိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲပြီးတဲ့ နောက်မှာတော့ သူဟာ TV ကြော်ငြာရိုက်ကူးရေးတွေ၊ ဇာတ်ကားရိုက်ကူးမှုတွေ ကို တစိုက်မတ်မတ် ဆောင်ရွက်လာရသူဆိုရင်လည်း မမှားပါဘူး။ အခုလက်ရှိမှာတော့ မိခင်ဖြစ်သူရဲ့ ဆန္ဒအရ အနုပညာအလုပ်တွေထက် ပညာရေးကို ဦးစားပေးနေတာ တွေ့ရပါတယ်။

Photo: Khin Zar Chi Kyaw

သရုပ်ဆောင်ခင်ဇာခြည်ကျော်(Khin Zar Chi Kyaw)မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ တီဗီကြော်ငြာလေးတွေ နဲ့ မဂ္ဂဇင်း ကာဗာတွေရိုက်ကူးနေရတာ ဖြစ်သလို အဓိကအားဖြင့်ကျောင်းပညာရေးကို ပိုဦးစားပေးနေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က