မနန်းဆုကို သိစေချင်တဲ့ အရာလေးတွေ ပြောလာပါတယ်။
Sabal Thwin

G-Fatt ကတော့ နန်းဆု နဲ့အတူတူ တည်ဆောက်ထားတဲ့ အချစ်ရေးဖြတ်သန်းမှုတွေကို ပြောပြလာပါတယ်။ သူ့ရဲ့ ထူးချွန်တဲ့အရာ၊ ညံ့ တဲ့အရာတွေကိုလည်း နန်းဆုကို သိစေချင်ပါတယ်တဲ့။

Photo: Nan Su Yati Soe

အဆိုတော် G-Fatt ကတော့ သူ့ရဲ့ ချစ်သူလေး နန်းဆုရတီစိုးအတွက် စကားလက်ဆောင်လေးတစ်ခု ပြောခဲ့ပါတယ်။ ရှေ့ဆက်မယ့် ချစ်သူဘဝလေးကိုလည်း အကောင်းဆုံးတွေနဲ့ပဲ ဖြတ်သန်းစေချင်တယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။

‘’ ကျွန်တော် ဘယ်လိုအရာတွေမှာ ထူးချွန်သလဲဆိုတာကို သူ့ကို ကောင်းကောင်းမွန်မွန်သိစေချင်တယ်။ ကျွန်တော် ဘယ်လိုအရာတွေမှာညံ့သလဲဆိုတာကိုလည်း ကောင်းကောင်းမွန်မွန်သိစေချင်တယ်။ အဲဒီအတွက် တော်တဲ့အရာတွေထက် ညံ့တဲ့အရာတွေမှာလည်း သူ ဘယ်လို သည်းခံမလဲဆိုတာကိုလည်း ပြင်ဆင်စေချင်တယ်။ အဲဒီလိုပဲ ကျွန်တော်တို့ ရှေ့ဆက်စေချင်ပါတယ်’’ လို့ ဆိုပါတယ်။

Photo: Nan Su Yati Soe

အဲဒီနောက် တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုတွေက မတူညီခဲ့တာကြောင့်လည်း အချစ်ရေးကို နားလည်မှုတွေနဲ့ တည်ဆောက်ရတာများတယ်လို့ G-Fatt က ပြောပါတယ်။

‘’ ဘဝကို ဖြတ်သန်းလာတဲ့ ပုံစံခြင်းမတူဘူး၊ ဖတ်လာတဲ့ စာခြင်းလည်းမတူဘူး၊ ယုံကြည်ချက်မတူဘူး၊ စဉ်းစားတွေးခေါ်မှုချင်း မတူကြဘူး၊ အရာအားလုံးမတူဘူး။ ကျွန်တော်တို့ တူတာ တစ်ခုက ချစ်ခြင်းမေတ္တာပဲရှိတယ်။ အဲဒီ ချစ်ခြင်းမေတ္တာနဲ့ မတူတဲ့အရာတွေကို လိုက်ပြီး ညှိရတာ။ အဓိက ကတော့ ဦးနှောက်နဲ့ နှလုံးသားကို ညီညီမျှမျှ အသုံးချတတ်ဖို့ လိုတယ်လို့ ထင်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Nan Su Yati Soe

G-Fatt က ချစ်သူက သူ့အပေါ် ယုံကြည်လာအောင် ကြိုးစားမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ အလားတူပဲ ဘေးမှာရှိတဲ့ ပတ်ဝန်းကျင်တိုင်းက လူတွေကိုလည်း ယုံကြည်မှုရှိလာအောင် လုပ်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

‘’ မနန်းဆုမှ မဟုတ်ဘူးပေါ့နော် သူများယုံကြည်တဲ့ ဘောင်ထဲက လူသားတစ်ယောက် မဖြစ်ချင်ဘူး။ ကျွန်တော်ရှင်သန်တဲ့ ကျွန်တော့် ပုံစံကို ယုံကြည်လာအောင်လို့ပဲ သူတို့ကို ပြောင်းလဲ လာစေချင်တာပါ။ အခုလည်း အဆင်ပြေအောင် ညှိနှိုင်းရတာပဲ။ ပြေလည်ပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၂၄ ရက်နေ့က ရေဘေးသင့်ပြည်သူတွေအတွက် ရန်ပုံငွေ ဘောလုံးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Nan Su Yati Soe

G Fatt က နန်းဆုရတီစိုးအတွက် အနုပညာအလုပ်တွေကို ပံ့ပိုးပေးသလို နန်းဆုကလည်း G Fatt အတွက် လိုအပ်တဲ့ အရာတွေကို ပံ့ပိုးပေးတဲ့ ချစ်သူတစ်ဦးပါ။ လက်ရှိမှာတော့ သူတို့ရဲ့ ချစ်သူစုံတွဲလေးက ချစ်သူသက်တမ်း ၂ နှစ်ကျော်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ အနုပညာနယ်ပယ်မှာ အောင်မြင်မှု ကိုယ်စီ ရရှိထားသူတွေလည်းဖြစ်ပါတယ်။ G Fatt ဆိုရင်လည်း မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ လူငယ်အဆိုတော် တစ်ဦးဖြစ်ပြီး သူကိုယ်တိုင် ရေးတဲ့ သီချင်းများနဲ အောင်မြင်မှု ရရှိထားတဲ့ အဆိုတော်တစ်ဦးပါ။ အဲဒီလိုပဲ နန်းဆုရတီစိုးဟာ သရုပ်ဆောင်လောကမှာသာမက အဆိုပိုင်းမှာလည်း အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။




က္က