သီချင်းတွေ ဆိုနေရရင် ပျော်တယ်။

မေဟာ ဂီတအလုပ်တွေ ဆက်တိုက်လုပ်နေပေမယ့် သရုပ်ဆောင်အလုပ်ကို လက်လွှတ်သွားမှာ မဟုတ်တဲ့အကြောင်းပြောလာပါတယ်။ 

Photo: Candy May



ဂီတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်လာနေပြီဖြစ်တဲ့ မေ ကတော့ တစ်ချိန်တုန်းက သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ မေ ကို ပရိသတ်တွေက အဆိုတော်တစ်ယောက်အဖြစ် ပိုအားပေးလာတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကိုအခုလို ပြောပြလာပါတယ်။ 

“အနုပညာလှုပ်ရှားမှုအနေနဲ့ အဆိုတော် တစ်ယောက်ဆိုတာထက် သရုပ်ဆောင်အလုပ်တွေလည်း နည်းနည်း လုပ်ဖြစ်နေပါသေးတယ်။ ရုံမတင်သေးတာပဲရှိတာပါ။ အဆိုတော်တော်တစ်ယောက်အနေနဲ့ သီချင်းတွေဘာတွေ လုပ်နေရရင်ပျော်တယ်။ ပွဲတိုင်းတော့ မဆိုဖြစ်ပေမယ့် ရှိုးပွဲတွေတော့ ဆိုဖြစ်တယ်။ ဒီလိုအနေအထားလေးကို ပိုသဘောကျတယ်။ အဓိက ကတော့ကိုယ့်အရည်အချင်းကို ပြရတဲ့အရာကို ပိုကြိုက်တယ်။ မော်ဒယ်အလုပ် လုပ်နေရတုန်းကထက် အဆိုတော် သရုပ်ဆောင်အဖြစ် ရပ်တည်ရတာကို ပိုနှစ်သက်တယ်” ဆိုပြီးတော့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Amazing Grace

မေ ကတော့ တစ်ကိုယ်တော်အခွေ ထွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ သီချင်းတွေ လုပ်နေရရင် ပျော်နေတတ်သူဖြစ်တာကြောင့် ဂီတအလုပ်တွေ ပိုလုပ်ဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။  

“ အခွေ အသစ်ထွက်ဖို့လည်း ကြိုးစားနေတယ်။ မထွက်နိုင်သေးတာက သီချင်းတစ်ပုဒ်လုပ်ဖို့ဆိုတာလည်း အချိန်က အရမ်းကြာတယ်။ အရင်တုန်းကတော့ အလုပ်တွေ သေသေချာချာမလုပ်ခဲ့ဘူး။ သီချင်းတွေဆို ရင်လည်း လုပ်ခဲ့တဲ့အရာတွေက သိပ်စိတ်တိုင်းကျစရာမရှိဘူး။ ကိုယ်တကယ် သိလာတဲ့အချိန်မှာ အလုပ်တိုင်းလည်း မလုပ်ချင်တော့ဘူး။ ကိုယ့်တကယ် ပျော်တဲ့အလုပ်ကိုပဲ လုပ်ချင်တော့တယ်။ တကယ်လည်း အလုပ်ကို တစိုက်မတ်မတ်လုပ်လာတဲ့အချိန်မှာ ပရိသတ်ကလည်း ပိုပြီးတော့ အားပေးလာကြတော့ ဝမ်းသာတယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Candy May

မေ ကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ယောက်အဖြစ် စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့သူဖြစ်သလို တီဗီကြော်ငြာတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ သရုပ်ဆောင်လုပ်တာ ကြာလာတဲ့အချိန်မှာတော့ သူမက ဂီတလောကထဲက ဝင်ရောက်လာခဲ့ပါတယ်။ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ "Marry Me" ဆိုတဲ့ သီချင်းကိုတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Single Song လေးတွေ ထွက်ရှိလာတာ တွေ့ရပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က