အကယ်ဒမီ ဆွေဇင်ထိုက်နဲ့ အကယ်ဒမီ မင်းဦးတို့က ပြောပြလာပါတယ်။
သရုပ်ဆောင်သစ် Zell အတွက် ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ အကယ်ဒမီ ဆွေဇင်ထိုက်နဲ့ အကယ်ဒမီ မင်းဦးတို့က အကြံပြုစကားလက်ဆောင်ပါးခဲ့ပါတယ်။ Zell ဟာ ‘’အချိုးအကွေ့’’ ဆိုတဲ့ အက်ရှင်ကားနဲ့ ပရိသတ်အရှေ့ကို ရောက်ရှိလာတာဖြစ်ပါတယ်။

အနုပညာလောကထဲကို ‘’အချိုးအကွေ့’’ ဆိုတဲ့ အက်ရှင်ဇာတ်ကားနဲ့ စတင်ဝင်ရောက်လာတဲ့ မင်းသားအသစ် Zell အတွက် ဝါရင့်သရုပ်ဆောင်ကြီးတွေက အကြံပြုပြောပြလာပါတယ်။ အဲဒီမှာမှ အကယ်ဒမီ ဆွေဇင်ထိုက်ကလည်းသရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် Duwun Media ကနေ စကားလက်ဆောင် ပြောထားခဲ့ပါတယ်။

‘’ အနုပညာလောကမှာတော့ အသစ်အသစ်တွေက ထွက်ဖို့ လိုလာပြီလေ။ သရုပ်ဆောင်ဆိုတာလည်း အနုပညာသက်လုံကောင်းဖို့လိုတယ်လေ ပြီးတော့ ကာရိုက်တာကို နားလည်ဖု့ိ လိုပါတယ်။ ကာရိုက်တာအတိုင်း သရုပ်ဆောင်နိုင်မယ်ဆိုရင်တော့ အနုပညာသက်တမ်း ရှည်မှာပါ’’ လို့လည်း မတ်လ ၁၄ ရက်နေ့က မင်းသားသစ် Zell ရဲ့ မိတ်ဆက်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

အဲဒီနောက် သရုပ်ဆောင်သစ် Zell ကိုယ်တိုင်ကလည်း ပထမဆုံး ဇာတ်ကားဖြစ်တဲ့ ‘’အချိုးအကွေ့’’ ဇာတ်ကားကို ပရိသတ်အရှေ့ရောက်ဖို့ ကြိုးစားခဲ့ရတဲ့အပိုင်းတွေကိုလည်း ပြောပြလာပါတယ်။

‘’ ဒီလိုအခြေအနေတစ်ခုရောက်ဖို့ကို အရှေ့မှာ အချိန်ယူခဲ့ရတာတွေရှိတယ်။ ဒီဇာတ်ကား ပရိသတ်အရှေ့ရောက်လာဖို့ကို အနောက်မှာ ကျွန်တော်လုပ်ခဲ့ရတဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ ဒီကားကို ရိုက်ကူးခဲ့ပြီးတာ တစ်နှစ်ကြာပြီ ကားဆက်တာ၊ ပိုစတာ၊ ဆင်ဆာတင်တာကလည်း ကျွန်တော်တစ် ယောက်တည်း ပဲ လိုက်လုပ်ခဲ့တာ’’ လို့ ဆက်လက်ပြောပြထားပါတယ်။

‘’အချိုးအကွေ့’’ ဇာတ်ကားမှာ Zell နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ အကယ်ဒမီ မင်းဦးကလည်း Zell ရဲ့ အနုပညာအရည်အချင်းအပေါ် သူ့ရဲ့ သုံးသပ်ချက်ကို Duwun Media ကနေ ပြောပြလာပါတယ်။

‘’သူက နဂိုကတည်းက ဖိုက်တင်ပိုင်တဲ့သူ၊ ဖိုက်တင်ကားတွေရိုက်ထားတာဆိုတော့ အချိုးအကွေ့ ဇာတ်ကားမှာလည်း သူသရုပ်ဆောင်ထားတာကောင်းတယ်။ ပြီးတော့ ဒီဇာတ်ကားကလည်း ရိုက်ထားတာ ကောင်းတယ် အဓိကက ပရိသတ်လက်ထဲကို ဒီဇာတ်ကားလေး ရောက်ဖို့အတွက်ပါပဲ’’ လို့ ဆိုပါတယ်။

သရုပ်ဆောင်သစ် Zell နဲ့အတူ ‘’အချိုးအကွေ့’’ ဗီဒီယိုဇာတ်ကား မိတ်ဆက်ပွဲကို မတ်လ ၁၄ ရက်နေ့က Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ‘’အချိုးအကွေ့’’ ဗီဒီယိုဇာတ်ကားထဲမှာ Zell နဲ့အတူ မင်းဦး၊ ခင်ဝင့်ဝါ နဲ့ မေ တို့က အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားကိုတော့ မတ်လ ၂၆ ရက်နေ့မှာ စတင်ဖြန့်ချိ သွားမှာပါ။ Zell ရဲ့ နာမည်အရင်းကတော့ Zell Roland ဖြစ်ပါတယ်။ သူဟာ အရပ်မြင့်မြင့် ဆံပင်ရှည်ရှည် နဲ့ စမတ်ကျတဲ့ လူငယ်တစ်ယောက်ပါ။



က္က