''မြ''ဇာတ်ကားမှာ ပါဝင်မယ့် သရုပ်ဆောင်တွေကို ပြောခဲ့တာပါ။
Sabal Thwin

သင်ဇာဝင့်ကျော်က ‘’မြ’’ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်အသစ်တွေအတွက် စကားလက်ဆောင်ပါးခဲ့ပါတယ်။ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်ရင် အလုပ်ကို အာရုံစိုက်ပါတဲ့။

သင်ဇာဝင့်ကျော်က အခုဆိုရင် ‘’မြ’’ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်အသစ်တွေနဲ့ ရိုက်ကူးတော့မှာဖြစ်ပါတယ်။ သရုပ်ဆောင်အသစ်တွေအတွက်ကိုလည်း မီဒီယာတွေကနေတဆင့် အားပေးစကားပြောခဲ့ပါသေးတယ်။

‘’ကိုယ်လည်း အသစ်ကနေ တက်လာတာပဲလေ။ ကိုယ်လည်း ရှိန်တာတွေဘာတွေတော့ ဖြစ်ဖူးတယ်။ ဒါပေမယ့်လည်း သင်ဇာကတော့ ကံကောင်းပါတယ်။ ကိုယ့်ကို လက်တွဲခေါ်တဲ့သူတွေ ချည်းပဲတွေ့ခဲ့တာဆိုတော့လေ အဲဒီအတွက် စိတ်မပူပါနဲ့ ကိုယ်ကတော့ အမြဲတမ်း ကိုယ်နဲ့ဆုံတဲ့ အသစ်ပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် ညှိပြီးတော့ လုပ်တယ်။ အသစ်ဆိုရင်လည်း တွဲခေါ်တယ်။ အဲဒါကြောင့် ကိုယ်ကိုယ်တိုင် ကြိုးစားချင်တဲ့စိတ်ရှိဖို့ပဲလိုပါတယ်’’ လို့ဆိုပါတယ်။

လက်ရှိမှာတော့ ‘’မြ’’ရုပ်ရှင်ဇာတ်ကားမှာ မုဒိမ်းသမားဇာတ်ရုပ်အနေနဲ့ပါဝင်မယ့် သရုပ်ဆောင်အသစ် ၃ ယောက်ကို စက်တင်ဘာလ ၈ ရက်နေ့မှာ ရွေးချယ်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအတွက် အလုပ်ကို အာရုံစူးစိုက်ကြဖို့ အတွက်ကိုလည်း အမှာစကားပါးခဲ့ပါသေးတယ်။

‘’ အားလုံးကို Welcome လုပ်ပါတယ်။ အားလုံး အတူတူကြိုးစားကြမယ်။ သူတို့ဘက်ကလည်း တကယ်တမ်းဖြစ်ချင်တဲ့စိတ်နဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တဲ့ စိတ်နဲ့ အကောင်းဆုံးကြိုးစားပါ။ ပြီးတော့ အလုပ်အပေါ် အာရုံစိုက်ဖို့လည်း လိုအပ်တယ်ပေါ့နော်။ အားလုံး ပူးပေါင်းပါဝင်ပြီးတော့ ဒီကားလေး ကောင်းဖို့အတွက် ကြိုးစားကြပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

‘’မြ’’ဇာတ်ကားမှာပါဝင်မယ့် သရုပ်ဆောင်အသစ်တွေဟာ အနုပညာလောကထဲကို လူကြမ်းတစ်ယောက်ဖြစ်ချင်တဲ့ စိတ်နဲ့ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒီ့အတွက် သင်ဇာဝင့်ကျော်ကလည်း ကြိုဆိုတယ်လို့ ပြောပါတယ်။

‘’ သင်ဇာတို့ရဲ့ သရုပ်ဆောင်လောကကို စိတ်ဝင်စားပြီးတော့ ဝင်ချင်တဲ့သူတွေ အများကြီးရှိတာ တွေ့ရလို့ ဝမ်းသာတယ်။ နောက်ထပ် လာမယ့် အသစ် အသစ်တွေ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ပင်လယ်ရေဆိုတာ သောက်လု့ိမကုန်ပါဘူး။ အားလုံးကို Welcome လုပ်ပါတယ်’’ လို့ သူကဆိုပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က