စိတ်ဓာတ်ကျခဲ့တာတွေရှိတယ်။

တေဇလင်းရောင်ကတော့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ စိတ်ဓာတ်ကျခဲ့ရတဲ့ အချိန်တွေကနေ ရုန်းထွက်ဖို့ ကြိုးစားသွားပါမယ်တဲ့။ 

The Model Academy ပြိုင်ပွဲကနေဆင့် ပရိသတ်တွေ သိလာခဲ့တဲ့ မော်ဒယ်လ် တေဇလင်းရောင်ကတော့ ရွှေကြို ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ရွှေကြိုအယောက်(၈၀) ထဲကို ပါဝင်ခဲ့ခြင်းမရှိတော့ပါဘူး။ ဒါကြောင့် သရုပ်ဆောင်အလုပ်ကိုပဲ ကြိုးစားသွားမယ်လို့ Duwun Media ကို ပြောပြလာပါတယ်။ 



“ကျွန်တော် အခုနောက်ပိုင်း သရုပ်ဆောင်ဘက်ကို တစိုက်မတ်မတ်လုပ်သွားမယ်။ MRTV-4 က Talent မှာပါဝင်ပြီးတော့ သရုပ်ဆောင်လုပ်မယ်။ အဲဒီဘက်ကိုတော့ ကျွန်တော် အားသာတယ်။ ပထမပြိုင်ပွဲ တုန်းက ပြဿနာတွေဖြစ်တော့ စိတ်ဓာတ်တော့ ကျတာပေါ့။ ဒါပေမယ့် Entertainment သက်သက်ပဲလေ။ သူတု့ိတွေ အကုန်လုံးနဲ့လည်း အဆင်ပြေတယ်။ ကျွန်တော်ကလည်း အနစ်နာခံတတ်တယ်ဆိုတော့ ဘာမှ မဖြစ်ပါဘူး” လို့ သူကဆိုပါတယ်။ 

Photo: Tayza Linn Young

တေဇလင်းရောင်ဟာ The Model Academy ပွဲမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကြောင့်လည်း အနုပညာအလုပ်လုပ်တဲ့ အချိန်မှာ စိတ်ဓာတ်ကျခဲ့မိတာတွေရှိတယ်လို့ ဆိုပါတယ်။ ဒီပြဿနာဟာ ပရိသတ်အတွက် ဖျော်ဖြေမှုတစ်ခုသာ ဖြစ်တယ်လို့ သိလိုက်ရတဲ့အချိန်မှာ ခံစားချက် နည်းနည်း သက်သာခဲ့တယ်လို့ ပြောပါတယ်။ 

“ ပရိသတ်တွေ မသိတာကိုက Entertainment ပဲ ၊ ဒါက ရသတစ်ခုပဲ။ ကိုရီးယားကားတွေထဲမှာဆိုရင် ယုတ်မာအောင် လုပ်တဲ့ကောင်ကို ကျွန်တော်တို့က ဒေါသတွေ ထွက်နေတာ။ အပြင်မှာတွေ့ရင်ကို သတ်ချင်နေတာ။ အခုကလည်း ပရိသတ်ကို စိတ်ဆိုးအောင် လုပ်လိုက်မိတာကိုက ရသဖြစ်သွားတဲ့အတွက် အဲဒါကိုက Entertainment ပဲ။ ကျွန်တော်လည်း အခုနောက်ပိုင်း ဘယ်သူနဲ့မှကို စကားမပြောဖြစ်တော့တာ။ ကိုယ့်ဘာသာကိုယ် အေးအေး ဆေးဆေးပဲ ဖုန်းပဲကြည့်တယ်” လို့ သူကဆိုပါတယ်။ 

Photo: Tayza Linn Young

အခုဆိုရင်တော့ သူငယ်ချင်းတွေနဲ့လည်း အတူတူ အချိန်မဖြုန်းတာ များသွားပြီလို့ တေဇလင်းရောင်က စိတ်မကောင်းစွာ ပြောပြလာပါတယ်။ သူ့ရဲ့ စိတ်ရင်းကို သိတဲ့ သူတွေကပဲ သူ့အနားမှာ နေပြီး ခွန်အားတွေပေးခဲ့ကြပါတယ်တဲ့။ 

“ အရင်တုန်းကဆိုရင် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လျှောက်သွားလိုက်၊ လျှောက်စားလိုက်ပဲ။ ဒီကိစ္စတွေ ဖြစ်ပြီးတဲ့နောက် ကျွန်တော့်ဘေးနားမှာ မိဘတွေရှိတယ်၊ သူငယ်ချင်းအရင်းတွေရှိတယ်၊ ကျွန်တော့်ရဲ့ စိတ်ရင်းကို တကယ်နားလည်တဲ့ မိတ်ဆွေတွေရှိတယ်။ တချို့ ကျွန်တော့်စိတ်ကို သိပေမယ့် ကျွန်တော်နဲ့ မခင်တဲ့ သူတွေကလည်း နားလည်ပေးခဲ့ကြပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရွှေကြို အယောက် ၈၀ ရွေးချယ်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: YP

တေဇလင်းရောင်ကတော့ မန္တလေးသား တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်ကို ဝါသနာကြီးသူဖြစ်တာကြောင့် The Model Academy ပြိုင်ပွဲမှာ ပထမဆုံးအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အခုလည်း ရွှေကြို လျှောက်ထားရာမှာ ဆန်ခါတင်စာရင်း အထိ မတက်ရောက်နိုင်ခဲ့တာကြောင့် စိတ်မကောင်းဖြစ်ခဲ့တယ်လို့ သူကပြောပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က