ဥက္ကဌအသစ်ကိုလည်း ယုံကြည်တယ်။

ရဲအောင်ကတော့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ဇင်ဝိုင်းဟာ အနုပညာလောကသားတွေအတွက် တန်ဖိုးရှိတဲ့ ဥက္ကဌတစ်ယောက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ရုပ်ရှင်ဥက္ကဌအသစ် အပေါ်မှာလည်း ယုံကြည်မှုရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ အပြောင်းအလဲဖြစ်သွားတဲ့အပေါ်မူတည်ပြီး အနုပညာလောကသား တစ်ယောက်ဖြစ်သူ သရုပ်ဆောင် အကယ်ဒမီ ရဲအောင်ရဲ့ ရင်တွင်းစကားသံကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။



‘’ရုပ်ရှင်အစည်းအရုံးမှာ ဥက္ကဌရာထူးဆိုတာက သူ့ရဲ့ သက်တမ်းအချိန်တစ်ခုရှိသွားလို့ရှိရင် အားလုံးရဲ့ သဘောဆန္ဒနဲ့ ပြန်ပြီးတော့ ရွေးချယ်ကြတာပဲလေ။ ဦးဌေးဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ လိုအပ်တာတွေ အကုန်လုံး ဖြည့်ဆည်း ပေးသွားတာတွေ အများကြီးပါ။ အားလုံးလည်း ကျေနပ်ကြပါတယ်။ အဲဒီအတွက် ဦးဌေးကို ကျေးဇူးတင်တယ်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၆ ရက်နေ့က A (တစ်စုံတစ်ယောက်) ဇာတ်လမ်းတွဲ ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Zin Wyne

ရုပ်ရှင်ဥက္ကဌအသစ်ဖြစ်လာတဲ့ ဒါရိုက်တာ ညီညီထွန်းလွင်အပေါ်မှာလည်း ယုံကြည်မှုရှိတယ်လို့ ရဲအောင်က ပြောပါတယ်။

‘’ ဦးညီညီထွန်းလွင် ဥက္ကဌဖြစ်လာတယ်ဆိုတာ သိရတယ်။ ဦးညီကလည်း ကျွန်တော်တို့ လောကသားတွေနဲ့ အကုန်လုံးတွေနဲ့ရော၊ ထုတ်လုပ်သူတွေနဲ့ရောပေါ့ အားလုံးက ချစ်ကြတယ်။ လူချစ်လူခင်ပေါတဲ့အတွက် ဒါတွေက ပြဿနာမရှိဘူး။ တစ်ယောက်က တာဝန်ထမ်းဆောင်ပြီးတော့ နောက်တစ်ယောက်ကလည်း တာဝန်ထမ်းဆောင်ရတဲ့အချိန်မှာ အနုပညာလောကသားတွေချည်းပဲ ညှိညှိနှိုင်းနှိုင်းလုပ်ပြီးတော့ အဆင်ပြေမယ်လို့ ယုံကြည်တယ်။ ကျွန်တော်တို့လည်း တစ်ဒေါင့်တစ်နေရာကနေပြီးတော့ လိုအပ်တာတွေရှိရင် အမြဲတမ်း အဆင်သင့်ပါပဲ’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Nyi Nyi

သရုပ်ဆောင် ရဲအောင်ဟာ ရုပ်ရှင်ကားပေါင်းများစွာမှာ ဇာတ်ဆောင်၊ဇာတ်ပို့နေရာစုံမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ခုချိန်ထိလည်း အနုပညာလောကမှာပဲ ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ရဲအောင်က ၁၉၉ ၉၃ ခုနှစ်မှာ “မြစ်တို့၏မာယာ” ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆု၊ ၂ဝဝဂ ခုနှစ်မှာ “အကယ်ဒမီရှော့ခ်” ဇာတ်ကားနဲ့ အမျိုးသားဇာတ်ပို့ဆု အကယ်ဒမီများ ရရှိခဲ့တဲ့ မင်းသား တစ်ယောက် ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က