သူမရဲ့ စိတ်နေစိတ်ထားတွေကိုလည်း ချီးကျူးခဲ့ပါသေးတယ်။

ဇာတ်ပို့ဇာတ်ရံတွေအတွက် စားနပ်ရိက္ခာလှူဒါန်းဖို့ အလှူငွေ ကောက်ခံတဲ့နေ့က ဖြူဖြူထွေးကို အစည်းအရုံးဝင် ရင်ထိုးပေးခဲ့တဲ့ အပေါ် ဦးညီညီထွန်းလွင်က အခုလို ပြောပြလာပါတယ်။ 

Photo : Nyi Nyi



စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေ အတွက် ဇွန်လ (၈) ရက်နေ့က ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ နာမည်ကျော် အနုပညာရှင်တွေနဲ့ အတူ ဖြူဖြူထွေး တို့ဟာ အိမ်တိုင်ရာရောက် လိုက်လံ အလှူခံခဲ့ကြပါတယ်။အလှူခံနေစဉ်အတွင်းမှာ ဖြူဖြူထွေးကို ရုပ်ရှင်အစည်းအရုံး ရင်ထိုး ပေးထားတဲ့အပေါ် အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က Duwun ကနေ ပြောပြလာပါတယ်။ 

“ သူက public figure တစ်ယောက်ဖြစ်ပါတယ်။ ဒီကာလကြီးမှာ လိုက်အလှူခံဖို့ဆိုတာ တော်ရုံတန်ရုံ မလွယ်ပါဘူး။ အဲဒီတော့ အစည်းအရုံးကိုယ်စားပြု လိုက်အလှူခံတာဖြစ်တဲ့အတွက် ရင်ထိုး ထိုးခိုင်းတာပေါ့။ အဲဒါ သူ့ကို ရင်ထိုး ထုတ်ပေးလိုက်တယ်ဆိုပြီးတော့ ပြဿနာတတ်တာပဲ။ အဲဒီနေ့က ဖြူဖြုထွေးအပါအဝင် ကိုခန့်စည်သူရော၊ မခိုင်လေးရော၊ ကိုရန်အောင်ရော ကို ရုပ်ရှင်အစည်းအရုံးက အလှူခံတာဖြစ်တဲ့အတွက် ရင်ထိုးတွေ ထုတ်ပေးရတာပေါ့။ အဲဒါ ဖြူဖြူထွေးကို ရင်ထိုး ထုတ်ပေးရပါ့မလားဆိုပြီး အရက်မူးနေတယ် ထင်တယ် အဲဒီလူတစ်ယောက်က ဖွတာ” ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့က စမိုင်းလ်ရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Amazing Grace

ဦးညီညီထွန်းလွင်ဟာ ဖြူဖြူထွေးရဲ့ စိတ်နေစိတ်ထားကို ချီးကျူးပြောဆိုခဲ့ပါတယ်။ ကိုယ်ပိုင် စိတ်ကူးနဲ့ အနုပညာလောကထဲကို ဝင်လာအောင် လုပ်နိုင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။ 

“ ဖြူဖြူထွေးက ချစ်ဖို့ကောင်းပါတယ်၊ သူက ကလေးပဲလေ စိတ်ထားလည်းဖြူတယ်၊ ပရဟိတ စိတ်လည်း ရှိတယ်။ ဒီအချိန်ကြီး သူ လာအကူအညီပေးပါဆို လာကူညီပေးပါတယ်။ ဘာပဲပြောပြော ဒီကလေးက တော်တယ်လို့ပဲ ပြောရမှာပါ။ ကြော်ငြာတို့ ဘာတို့ ရိုက်ရတယ်ဆိုတာ ဒါရိုက်တာ ငှားရတယ်။ ဒါရိုက်တာကနေတဆင့် မင်းသားမင်းသမီးငှားရတယ်။ ဖြူဖြူထွေးနဲ့က ဘာမှ မလိုဘူး သူ့ဘာသာသူ ဒါရိုက်တာလုပ်၊ သူ့ဘာသာသူပဲရိုက်လာတာ။ သူတက်လာတဲ့ လမ်းကြောင်းကလည်း သူ့စိတ်ကူးလေးနဲ့ သူတက်လာတာ။ အခု နာမည်ကြီးနေတဲ့ မင်းသား၊ မင်းသမီးတွေတောင် ကိုယ်ပိုင် စိတ်ကူးစိတ်သန်းနဲ့ လုပ်ဖို့ဆိုတာ ခက်တယ်။ ဖြူဖြူထွေးနဲ့ ဇာတ်ကားမရိုက်ဖူးတော့ သေချာတော့ မပြောပြတတ်ဘူး” လို့ သူက ဆိုပါတယ်။ 

Photo: Nyi Nyi

ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ကတော့ အနုပညာလောကမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုလည်း ရရှိပြီးသူတစ်ယောက်ပါ။ သူဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးကို၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး တာဝန်ယူဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ အနုပညာလောကအတွက် ဥက္ကဌကောင်း တစ်ယောက်ဖြစ်မယ်လု့ိ လည်း အနုပညာရှင်များစွာ တို့က မှတ်ချက်ပေးခံထားရသူတစ်ဦးပါပဲ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က