အရမ်းကို စိတ်ဖိစီးမှုများတဲ့နေရာပါ။

သရုပ်ဆောင် လူမင်းကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် ပြန်လည်ဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဥက္ကဌဟောင်း ဦးဇင်ဝိုင်းနုတ်ထွက်ခဲ့တဲ့ အပေါ်မှာလည်း ကိုယ်ချင်းစာတယ်လို့ ပြောပါတယ်။

Photo: Amazing Grace



မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်း ဦးဇင်ဝိုင်းကတော့ နိုဝင်ဘာလ ၁ ရက်နေ့က စပြီး ရုပ်ရှင်အစည်းအရုံး ဥက္ကဌရာထူးကနေ နှုတ်ထွက်စာတင်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်းဖြစ်သူ ဦးလူမင်းကလည်း ဥက္ကဌတစ်ယောက်အနေနဲ့ ပြန်လည်လုပ်ကိုင်သွားမှာ မဟုတ်ဘူးလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

“ရုပ်ရှင်အစည်းအရုံး ဥက္ကဌပြန်လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ ကျွန်တော်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ အချိန်တုန်းကတော့ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် လုပ်မယ်ဆိုတဲ့စိတ်နဲ့ ဆုံးခန်းတိုင်အောင် ကျွန်တော် လုပ်ခဲ့ပါတယ်။ ကျွန်တော် လုပ်နိုင်သလောက် လုပ်ပြီးပြီဆိုရင်တော့ ပြန်လုပ်ဖို့ စိတ်ကူးမရှိတော့ပါဘူး။” ဆိုပြီးတော့ နိုဝင်ဘာလ ၁၇ ရက်နေ့က “ကိုကို ငလက်မ”ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Amazing Grace

လူမင်းဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌတစ်ယောက်အဖြစ် ၂၀၁၄ ခုနှစ်ကစပြီး ၂၀၁၇ ခုနှစ်အထိ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဦးဇင်ဝိုင်းကို ကိုယ်ချင်းစာတယ်လို့ ပြောပါတယ်။

“ အစည်းအရုံး ဥက္ကဌနေရာနဲ့ပတ်သက်ပြီးတော့ ဒါကလည်း လူတစ်ယောက်ရဲ့အကြောင်းက ကာယကံရှင်လောက် ဘယ်သူမှမသိနိုင်ပါဘူး။ ရုပ်ရှင်အစည်းအရုံးဥက္ကဌ တစ်ယောက်နေရာကပြောရမယ်ဆိုရင်လည်း ကိုယ်ချင်းစာပါတယ်။ တာဝန်ကြီးပြီးတော့ စိတ်ဖိစီးမှု အင်မတန်များတဲ့နေရာ၊ လုပ်ရ ကိုင်ရတာ တကယ်ခက်တဲ့နေရာ ဒီလို ဖိစီးမှုတွေကြောင့် ဦးဇင်ဝိုင်း အနားယူသွားတယ်လို့ပဲ ထင်ပါတယ်” လို့ ဆိုပါတယ်။

Photo: Amazing Grace

လက်ရှိမှာတော့ လူမင်းက ဥက္ကဌရာထူးက နားပြီးတဲ့အချိန်မှာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အခုလည်း “ဗိုလ်ချုပ်အောင်ဆန်း”ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ တစ်ယောက်အဖြစ် တာဝန်ယူ ရိုက်ကူးနေတာပါ။ ဒီဇာတ်ကားမှာ မိတ်ကပ်လိမ်းခြယ်မှုတွေနဲ့ ပတ်သက်ပြီးတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေဖန်မှုတွေရှိနေတယ်လို့ သိရပါတယ်။

“ အောင်ဆန်းရုပ်ရှင်ကတော့ ရာခိုင်နှုန်းအရပြောရရင် ၅ ပုံ ပုံရင် တစ်ပုံလောက် ပြီးသွားပါပြီ။ အခုလည်း ဆက်ရိုက်နေတုန်းပါပဲ။ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး အခုချိန်မှာတော့ ဖြေရှင်းဖို့ မလိုဘူးလို့ အစ်ကို ယူဆပါတယ်။ ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားပါလို့ပဲ ကျွန်တော် ပြောပါရစေ” လို့ သူကဆိုပါတယ်။

Photo: Amazing Grace

လူမင်းကတော့ အကယ်ဒမီဆု ၄ ဆု ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၂၀၀၂ ခုနှစ်က ရွှေမှုံကြဲတဲ့ မိုးကောင်းကင် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ ၂၀၀၅ ခုနှစ်မှာ “ကျန်စစ်မင်း” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု နဲ့ အကောင်းဆုံး ဓာတ်ပုံဆု ၊ ၂၀၁၆ ခုနှစ်မှာတော့ “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု တို့ကို ရရှိပိုင်ဆိုင်ထားတာပါ။ ၂၀၁၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌရာထူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က