ရုပ်ရှင်အစည်းအရုံးမှာ ဖြေရှင်းခဲ့တာပါ။

အဆိုတော် ယုန်လေးကတော့ သူ့ကို ဝေဖန်တိုက်ခိုက်ကြတဲ့ စကားတွေထဲမှာ " စည်းလုံးသင့်ပြီ မြန်မာပြည်" သီချင်း နဲ့ ပတ်သက်ပြီး သိန်း(၇၀၀၀) ရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အခုလို ပြောပြလာပါတယ်။ 

အဆိုတော် ယုန်လေးဟာ " စည်းလုံးသင့်ပြီ မြန်မာပြည်" Music Video နဲ့ ပတ်သက်ပြီး အနုပညာလောကသားတချို့ရဲ့ ဝေဖန်မှုလည်း ခံနေရတာဖြစ်ပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီး ငွေကျပ်သိန်း (၇၀၀၀) ရရှိတယ်ဆိုတဲ့ သတင်းတွေအပေါ် ယုန်လေးက အခုလို ပြောပြလာပါတယ်။ 



“ ကျွန်တော့်ကို ပြောချင်တဲ့သူတွေနဲ့ အခု ထိပ်တိုက်ရှင်းချင်ပါတယ်။ ကျွန်တော့်ကို အစော်ကားဆုံး ကိစ္စကတော့ သိန်း ၇၀၀၀၊ သိန်း ၈၀၀၀ ၊ သိန်း တစ်သောင်းအထိ ရတယ် ဆိုပြီးတော့ ပြောနေတဲ့ ကိစ္စ လာစော်ကားနေကြတာ အရမ်းများပြီ။ ဒီကိစ္စကတော့ ကျွန်တော့်ရဲ့ Team က ကြိုက်တဲ့လူကိုမေးကြည့်ပါ။ တစ်ယောက်မှ ပိုက်ဆံ မရဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရူးသွပ်ခွင့်မရှိဘူးလား။ မလုပ်ကြပါနဲ့ မတိုက်ခိုက်ကြပါနဲ့ ကျွန်တော် တာဝန်ယူထားတဲ့ မိသားစုတွေ အများကြီးရှိပါတယ်” ဆိုပြီးတော့ သြဂုတ်လ (၇) ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ မီဒီယာတွေနဲ့ တွေ့ဆုံပြီး အခုလို ဖြေဆိုခဲ့တာပါ။ 

အဆိုတော် ယုန်လေးကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ကိုဗစ်ကာလအတွင်း Music Video ရိုက်ကူးခြင်းကြောင့် ရိုက်ကူးခွင့် တစ်နှစ် ပိတ်ပင်လိုက်တယ်လို့ ဥက္ကဌ ဦးညီညီထွန်းလွင်က သြဂုတ်လ (၇) ရက်နေ့ မနက်က အမှုဆောင်များအစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောပြခဲ့တာပါ။ ယုန်လေးဟာ ဒီ Music Video ကြောင့် အနုပညာရှင်တချို့နဲ့ ပရိသတ်များစွာတို့ရဲ့ ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 


 "စည်းလုံးသင့်ပြီ မြန်မာပြည် " Music Video ကို သြဂုတ်လ (၄) ရက်နေ့ မနက် (၁၀) နာရီကျော်က Original Gangster Facebook Page ကနေ ပရိသတ်ကို မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုတွေကြုံခဲ့ရပါတယ်။ ဒီဝေဖန်ပြောဆိုမှုတွေကြောင့် သြဂုတ်လ (၅) ရက်နေ့ နေ့လယ် (၂) နာရီဝန်းကျင်က အဆိုတော်ယုန်လေးကိုယ်တိုင် Original Gangster Facebook Page ကနေ ဖြုတ်ချလိုက်တာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က