အခုတော့ ဒါရိုက်တာ ယုန်လေးနဲ့ ရုပ်ရှင်ရိုက်နေပါတယ်။

ဟဲဗီးဖြိုးကတော့ သရုပ်ဆောင်အလုပ်နဲ့ ဝေးကွာနေချိန်မှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: ဟဲဗီးဖြိုး



သရုပ်ဆောင် အလုပ်တွေနဲ့ ဝေးကွာနေခဲ့တဲ့ ဟဲဗီးဖြိုးကတော့ အခုဆိုရင် ဇာတ်ကားတွေ ပြန်ရိုက်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ ဒါရိုက်တာ ယုန်လေးရိုက်ကူးတဲ့ Dragon Empire ဆိုတဲ့ ရုပ်ရှင်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်နေတဲ့အကြောင်း ပြောပြလာပါတယ်။ 

“ရုပ်ရှင်ပြန်ရိုက်ရတဲ့အချိန်မှာ ကိုယ်အလှမ်းဝေးနေတဲ့ အရာလေးတွေကို ပြန်ပြီးတော့ တွေးရတယ်။ အရင်တုန်းက ရှုတင်တွေ ခဏခဏရှိတဲ့အခါကျတော့ ဇာတ်ကောင်အတွက် ဘယ်လိုလုပ်မယ် ဆိုတာမျိုး တွေးမိတာတွေ သိပ်မရှိဘူး။ အချိန်နည်းနည်း ကြာသွားတော့မှ ဇာတ်ကားပြန်ရိုက်ရပြီဆိုတော့ ကာရိုက်တာအတွက် သေသေချာချာ တွေးရတော့မှာပေါ့။ ကျွန်တော် ရည်ရွယ်ထားတာတော့ ရသလောက်ရှာမယ်၊ အလုပ်ကြိုးစားပြီး ပိုက်ဆံရှာမယ်။ ပြီးရင် အလှူတွေ လုပ်ချင်တယ်။” ဆိုပြီးတော့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: ဟဲဗီးဖြိုး

ဟဲဗီးဖြိုးကတော့ အခုဆိုရင် အသက် ၂၄ နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ အနုပညာလောကထဲမှာ ရှိနေပေမယ့် သရုပ်ဆောင်အလုပ်နဲ့ နှစ်တော်တော်ကြာ ဝေးကွာခဲ့တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားတာ တွေ့ရပါတယ်။ နယ် ဖျော်ဖြေပွဲတွေမှာ သီချင်းတွေ ဖျော်ဖြေနေတယ်လို့လည်း သိရပါတယ်။ အသက် ၂၀ ကျော်အရွယ် ဟဲဗီးဖြိုးကိုတော့ ပရိသတ်တွေက သရုပ်ဆောင်သာမက အဆိုတော် တစ်ယောက်အဖြစ်နဲ့ပါ တွေ့ရဦးမယ်လို့လည်း သိရပါတယ်။  

Photo: ဟဲဗီးဖြိုး

သူ့အနေနဲ့ ရုပ်ရှင်ကားကြီးတွေ ရိုက်ချင်ပေမယ့်လည်း လာကမ်းလှမ်းသူတွေ မရှိခဲ့ဘူးလို့ ဟဲဗီးဖြိုးက ရင်ဖွင့်ပြောပြလာပါတယ်။ အနုပညာအပေါ်ထားတဲ့ သူ့ရဲ့ ရည်မှန်းချက်ကိုလည်း အခုလို ပြောခဲ့ပြန်ပါသေးတယ်။ 

“ကျွန်တော့် စိတ်ထဲမှာ အခုဖြစ်နေတာပေါ့။ ကျွန်တော် က ဇာတ်ကားတွေ မရိုက်တော့တာ မဟုတ်ဘူး။ ဇာတ်ကားတွေရိုက်ချင်တယ်။ ကျွန်တော့်အဖေ အမေက ထုတ်လုပ်သူတွေ မဟုတ်တော့ အခက်အခဲတွေ အများကြီးရှိတယ်။ ဖေ့စ်ဘွတ်မှာ Tik Tok တွေရိုက်ပြီး မပြချင်ဘူး ကိုယ်တိုင်က ပရိသတ်ကို အနှစ်သာရတွေပဲ ချပြချင်တာ။ ထုတ်လုပ်သူတွေက ကမ်းလှမ်းမှသာ ကျွန်တော်က ရိုက်လို့ရမှာ။ တချို့တွေက မေ့နေကြပေမယ့် ပရိသတ်က မမေ့လို့ ကျေးဇူးတင်ပါတယ်" လို့ သူကဆိုပါတယ်။ 

Photo: ဟဲဗီးဖြိုး

ဟဲဗီးဖြိုးဟာ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ အောင်မြင်မှု မှတ်တိုင်ရရှိပြီးသား သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကား တွေနဲ့ တီဗီကြော်ငြာတွေလည်း အများကြီးရိုက်ကူးခဲ့ဖူးပါတယ်။ ပရိသတ်ရင်ထဲကို ထိမှန်စေခဲ့တဲ့ ကာရိုက်တာကတော့ ဇော်ဂျီ ဇာတ်ကားနဲ့ ကျွန်မ နှင်းဆီပါ မောင် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က