သူငယ်ချင်းတွေက မင်းသမီးလုပ်တော့တဲ့။

ဝိုင်းလေးကတော့ ပထမဆုံးအကြိမ် သရုပ်ဆောင်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ 

Photo: Ni Ni Khin Zaw



ဝိုင်းလေးကတော့ သရုပ်ဆောင် နေတိုး၊ နီနီခင်ဇော်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ “အိပ်မက်ကာရန်” ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးခဲ့တဲ့ အတွေ့အကြုံကို ပြောပြလာပါတယ်။ ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့အရာကို ပြန်ကြည့်တဲ့အခါ စိတ်လှုပ်ရှားမိတယ်လို့ Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။ 

“ဝိုင်းလေးက ပထမဆုံး သရုပ်ဆောင်ရတဲ့ ရုပ်ရှင်ကားကြီးရိုက်တာဆိုတော့ ရိုက်ပြီးလို့ မော်နီတာမှာ Play Back ပန်ကြည့်တဲ့အခါ ကိုယ်သရုပ်ဆောင်ထားတာကို အရမ်းကြိုက်တယ်ဆိုပြီးတော့ ပြောကြတာပေါ့နော်။ သရုပ်ဆောင်တာ အရမ်းကို ပင်ပန်းပါတယ်။ အခုလည်း ကြုံဖူးသွားပါပြီ။ ရှုတင်မှာလည်း သူငယ်ချင်းတွေက နောက်ကြတယ် မင်းသမီးလုပ်တော့ ဆိုပြီးတော့ပေါ့” လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: MLM

ဝိုင်းလေးကတော့ သရုပ်ဆောင်အလုပ်လုပ်ရတာ အရမ်းပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။ မနက်စောစော ရိုက်ကွင်းသွား ၊ ညဘက်ကျမှ အိမ်ပြန်ရတာဖြစ်တဲ့အတွက် ဝိတ်ကျနေပြီလို့လည်း မတ်လ ၁၁ ရက်နေ့က Pixy အလှကုန်ပစ္စည်း မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ သရုပ်ဆောင်ရတာထက် သီချင်းဆိုတာ ပိုပြီးတော့ ပျော်တယ်။ အခု သရုပ်ဆောင်ရတာ ပျော်စရာကောင်းတယ်ဆိုတာ သိလာပြီ။ မနက်မိုးလင်းရင် ရှုတင်သွားတယ်၊ မိုးချုပ်မှ ပြန်ရတယ်၊ ရှုတင် ထမင်းတွေလည်း စားရတယ်ဆိုတော့ အရမ်းပျော်စရာကောင်းလာပြီ။ ပထမဆုံး ရုပ်ရှင်ရိုက်တာ ၇ ပေါင်လောက် ကျသွားတယ်” လို့ ဆိုပါတယ်။ 

Photo: Ni Ni Khin Zaw

အိပ်မက်ကာရန် ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အဆိုတော် နီနီခင်ဇော်ရဲ့ ဇာတ်လမ်းကို မိုးနီလွင်က ဇာတ်ညွှန်းအဖြစ် ရေးသားခဲ့တာဖြစ်ပါတယ်။ အိပ်မက်ကာရန် ရုပ်ရှင်ဇာတ်ကားကြီးဟာ ဂီတကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးဖြစ်ပြီး 7sense ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Photo: Dior by heart

ဝိုင်းလေးဟာ Miss Myanmar World ရဲ့ အလှမယ်တစ်ဦးဖြစ်သလို ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ သီချင်းတွေဟာ လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားသလိုပဲ သူမဟာ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင် တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေ ရရှိလာတဲ့ အနုပညာရှင် တစ်ယောက် လည်း ဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံး တစ်ကိုယ်တော် အခွေဖြစ်တဲ့ "Selfie" တစ်ကိုယ်တော်အခွေကိုလည်း ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာပါ။ ဂီတအလုပ်တွေကို တစိုက်မတ်မတ် ကြိုးစားနေသူဖြစ်သလို မကြာခဏ Single Songe အသစ်လေးတွေနဲ့ မကြာခဏ ထွက်ရှိတတ်သူတစ်ယောက်ဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က