ဆရာ မြသန်းတင် စာအုပ်ဖတ်ပြီး လေ့လာခဲ့ရတယ်။
Sabal Thwin

ဒေါင်း ဟာ ၁၀၁၄ ရုပ်ရှင်ဇာတ်ကားထဲက သူ့ရဲ့ ဇာတ်ကောင်အကြောင်းကို သိရဖို့ စာတွေဖတ်ရင်လေ့လာခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရာအပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။

Photo: Kyaw Thu

ဒေါင်းကတော့ မကြာခင်ရုံတင်ပြသတော့မယ့် “၁၀၁၄” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ အနော်ရထာမင်း မွေးတဲ့ ခုနှစ်က အကြောင်းအရာတွေကို အခြေခံပြီးရိုက်ကူးထားတာပါ။ ၁၀၁၄ ရုပ်ရှင်ရဲ့ ထူးခြားမှုတွေကို မီဒီယာအင်တာဗျူးတွေကနေတဆင့် ဒေါင်းက ပြောပြလာပါတယ်။

“ဒီဇာတ်ကားက ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းထဲမှာရှိကောင်းရှိလိမ့်မယ်။ ဖြစ်ကောင်းလည်း ဖြစ်ခဲ့လိမ့်မယ်။ ဒါပေမယ့် ထေရဝါဒနဲ့ ပတ်သက်ပြီးတော့ အဲဒီဘက်ခေတ်မှာ ဘယ်လောက်ထိ ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ အဖြစ်အပျက်လေးရယ်၊ အစွန်းရောက်တဲ့ ဝါဒီတွေကို ရင်ဆိုင်ပြီးတော့ တိုက်ထုတ်ခဲ့ရတဲ့ အခက်အခဲတွေလည်းရှိမယ်။ လူတွေရဲ့ ကောင်းခြင်း ဆိုးခြင်းတွေလည်းပါမယ် ဒါတွေကို အနုပညာမြောက်အောင် တင်ဆက်ပေးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

Photo: Kyaw Thu

၁၀၁၄ ရုပ်ရှင်ကားကြီး မရိုက်ခင်မှာလည်း လိုအပ်တဲ့ အကြောင်းအရာတွေကို ဒါရိုက်တာဖြစ်တဲ့ ဦးကျော်သူကိုယ်တိုင်က သေသေချာချာ လေ့လာပြီးမွ ရိုက်ရတယ်လို့ဆိုပါတယ်။ ဒေါင်းကိုယ်တိုင်ကလည်း သူ့ရဲ့ ကာရိုက်တာအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်လို့ပြောပါတယ်။

“ ဒီဇာတ်ကားရိုက်မယ့်အချိန်မှာ ဦးမောင်က ဘုန်းဘုန်းတွေရော၊ ပါချူပ်ဆရာတော်ကြီးကိုရော၊ သမိုင်းပညာရှင်တွေကိုရော၊ ဗန်းမော်ဆရာတော်ကြီးတွေကိုရော သေသေချာချာ မေးပြီးတော့ မှာ ဒီလိုဇာတ်ကားကို ရိုက်တယ်။ ဒီခေတ်မှာ ဒီလိုတွေရှိခဲ့တယ်ဆိုတဲ့ အရာတွေထဲက အနီးစပ်ဆုံးအရာတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Kyaw Thu

ဒေါင်းဟာ ၁၀၁၄ ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ရုပ်အကြောင်းကို လေ့လာဖို့အတွက် ဓာတ်ပုံတွေလည်းမရှိ၊ ဗီဒီယို မှတ်တမ်းလည်း မရှိတာကြောင့် အခက်အခဲတွေရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့် စာဖတ်ရင်းနဲ့သာ လေ့လာခဲ့ရတာပါတဲ့။

“ ကျွန်တော်ကတော့ ဆရာမြသန်းတင်ရဲ့ စာအုပ်ကို ဖတ်တယ်။ အဲဒီဘက်ခေတ်က လူတွေရဲ့ နိုင်ငံရေးအခြေအနေက ဘယ်လိုမျိုးလဲ။ ဇာတ်ညွှန်းထဲက ဇာတ်ကောင်ရဲ့ စိတ်၊ အဲဒါလေးတွေကို အရင်ဖတ်ပြီးတော့မှ ခံစားလိုက်တယ်။ နောက်ဆုံးကျတော့ ရိုက်ကွင်းပေါ်မှာ ဖြစ်လာတဲ့ ပတ်ဝန်းကျင်အပေါ်မှာပဲ အကောင်းဆုံး တုံ့ပြန်မှုဖြစ်ဖို့ ကြိုးစားပါတယ်” လို့ သူကဆိုပါတယ်။

Photo: Kyaw Thu

မိန်းကလေး ပရိသတ်အများစုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဒေါင်းက အခုဆိုရင် အနုပညာအလုပ်တွေ အဆက်မပြတ် လုပ်ကိုင်လာရပါပြီ။ သူ့ကိုတော့ ‘’ပုဂံမြို့သူ’’ ရုပ်သံ ဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။ မကြာခင် ရုံတင်ပြသတော့မယ့် "၁၀၁၄" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ


က္က