loading...

loading...

loading...

ရုပ်ရှင်အစည်းအရုံးကို ၁၀ သိန်း လှူခဲ့ပါတယ်။
Sabal Thwin

“ပလေယာ” ရုပ်ရှင်ကားကြီးရဲ့ အောင်မြင်မှုအတွက် ထုတ်လုပ်သူ ကိုဘိုဘိုစန်းနဲ့အတူ ပါဝင်ထားကြတဲ့ အနုပညာရှင်များက အလှူအတန်းတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

Photo: Player

ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ရုပ်ရှင်ကားကြီးဖြစ်တဲ့ “ပလေယာ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ အရမ်းကို အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ရုပ်ရှင်လောကသားတွေအတွက် Bo Bo Production ကနေပြီးတော့ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ ထုတ်လုပ်သူ ကိုဘိုဘိုစန်းက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ကျွန်တော် အကြမ်းဖျင်းပြောရရင်တော့ လှူတာ သိန်း ၃၀၀ ကျော်လောက်ရှိမယ်ခင်ဗျ။ ရုပ်ရှင်အစည်းအရုံးကို (၁၀) သိန်းလှူတယ်၊ ဗီဒီယို အဖွဲ့ကို (၁၀) သိန်းလှူခဲ့တယ်။ သက်ကြီး လူရွှင်တော် ၁၃ ယောက်ကို တစ်ယောက် တစ်သိန်းစီ လှူတယ်။ ပြီးတော့ စက်အဖွဲ့ရော၊ DOP တွေရော၊ ဓာတ်ပုံ ၊ ကင်မရာမန်းတွေကိုလည်း ဆုတွေပေးခဲ့တယ်။ နောက်ထပ် ဇာတ်ပို့ ဇာတ်ရံတွေကိုလည်း အလှူငွေတွေ ပေးခဲ့ပါသေးတယ်” လို့ ဆိုပါတယ်။ 

Photo: Player

လက်ရှိမှာတော့ ပလေယာ ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၆ ရက်နေ့က စပြီး ၆ ပတ် ဆက်တိုက် ရုံတင်ပြသခဲ့တာ ဖြစ်ပေမယ့် အခုချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံတွေယာယီပိတ်ခဲ့ရပြီလို့ ကိုဘိုဘိုစန်းက ပြောပါတယ်။

“ အခုချိန်မှာတော့ ရုံချလို့ မရသေးတဲ့အတွက် ကျန်ငွေကိုတော့ သေချာပြောလို့မရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် အနုပညာလောကမှာ ဝင်ငွေစံချိန်အရ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပြီ အောင်မြင်ပြီလို့ ယူဆလို့ရတာပေါ့ဗျာ။ သင်္ကြန်မတိုင်ခင်မှာလည်း ပလေယာအဖွဲ့သားတွေအနေနဲ့ လိုအပ်တဲ့နေရာတွေမှာ လှူဖို့အတွက် စဉ်းစားထားပါတယ်။ အခုကတော့ ပလေယာ ရုံတင်တာ ၆ ပတ်ရှိသွားပြီ ၇ ပတ်မြောက် ရုံတင်တဲ့အချိန်မှာ ရုပ်ရှင်ရုံတွေ ပိတ်ခဲ့ရတာပါ” လို့ ဆက်လက်ပြောပြလာပါတယ်။ 

Photo: Player

ပလေယာ ရုပ်ရှင်ဇာတ်ကားကြီးကို ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ က ရိုက်ကူးတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မြင့်မြတ်၊ ထွန်းထွန်း၊ တိုင်ရွန်၊ အေးချမ်းမောင်၊ စိုးမြတ်သူဇာ၊ အိချောပို၊ ဆောင်းဝတ်ရည်မေ၊ မေမီကိုကို တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


loading...

က္က