ဇူလိုင်(၂၈) ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံနဲ့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ဟာ နိုင်ငံတော် အတိုင်ပင်ခံ နဲ့ ဆွေးနွေးတဲ့ အခါမှာ ရုပ်ရှင်လောကသားတွေရဲ့ ငွေကြေးအခက်အခဲနဲ့ ပတ်သက်ပြီး တင်ပြပေးသွားမယ်လို့ ဆိုပါတယ်။ 

Photo: Nyi Nyi



နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ မြန်မာ့ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်၊ မင်္ဂလာကုမ္မဏီဥက္ကဌ တို့ဟာ ဇူလိုင်လ(၂၈) ရက်နေ့ မနက်ပိုင်း မှာ ရုပ်ရှင်လုပ်ငန်းနဲ့ပတ်သက်တဲ့ အခက်အခဲ တွေကို ဆွေးနွေးညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဆွေးနွေးရာမှာ ရုပ်ရှင်လောကသားတွေအတွက် ချေးငွေအခက်အခဲနဲ့ ပတ်သက်တာကို တင်ပြသွားမယ်လို့ ဥက္ကဌ ဦးညီညီထွန်းလွင်က Duwun ကနေ ပြောလာပါတယ်။ 

“ ရုပ်ရှင်လောကသားတွေ အကုန်လုံးကတော့ ရုပ်ရှင်ရိုက်ခွင့်ရချင်ကြတယ်။ထုတ်လုပ်သူတွေ၊ ရုံပိုင်ရှင်တွေ ကြတော့ ရုံ ပြန်ဖွင့်ခွင့် ရချင်တယ်ပေါ့။ ထုတ်လုပ်သူတွေကတော့ ရိုက်ခွင့်ရချင်တာထက် သူတို့ရဲ့ ငွေ အရင်းအနှီး တွေ မြုပ်နေတာ ပြန်မပေါ်သေးတော့ ချေးငွေတွေ ဘာတွေ ရရင် ချေးချင်ပါတယ်။ နိုင်ငံတော် ဆီ ကနေ ချေးငွေ ထုတ်ချေးပေမယ့်လည်း ကိုယ်က အခွန်တွေ ဘာတွေ ဆောင်ထားသလား စတဲ့ စည်းမျဉ်း စည်းကမ်းတွေတော့ ရှိမယ်ထင်ပါတယ်။ ချေးငွေ ကိစ္စကတော့ ကျွန်တော်လည်း နားမလည်ပါဘူး။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့လို့ တင်ပြလိုက်ရင် ပိုမြန်သွားမလားပေါ့” ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံး အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Nyi Nyi

လက်ရှိမှာ ရုံပိုင်ရှင်တွေရဲ့ အခက်အခဲတွေ ပိုများနေတယ်လို့ သိရပါတယ်။ ဝန်ထမ်း ပေါင်း(၅၀၀၀) ကျော်အတွက် စားဝတ်နေရေး အခက်အခဲတွေ ရှိနေတယ်လို့ ဦးညီညီထွန်းလွင်က ဆက်လက် ပြောပြခဲ့ပါတယ်။ 

“ လုပ်ငန်းတွေပြန်လည်ပတ်နိုင်ဖို့ အခက်အခဲရှိတယ်။ ရုပ်ရှင်ရုံတွေ ပိတ်ထားတော့ ရုံပိုင်ရှင်တွေ အနေနဲ့လည်း ဝန်ထမ်း လခတွေရှိတယ်။ ပြီးတော့ အဆောက်အဦးငှားရမ်းစာရိတ်လည်းရှိတယ်၊ အခွန်အခတွေလည်းရှိတယ်။ အဲဒီလိုဆုံးရှုံးမှုတွေကို ကာမိစေဖို့ ချေးငွေလေးရရင်ဆောင်ရွက်ပေးပါပေါ့။ အဲဒါကို တင်ပြလိုက်လည်း ငွေအမောက် ဘယ်လောက်ရမယ် ဆိုတာ ပြောမှာမဟုတ်ဘူး။ ကျန်တာတွေကို သက်ဆိုင်ရာ ဌာနက တာဝန်ရှိသူတွေက စဉ်းစား ဆုံးဖြတ်ပေးရမှာပေါ့။ ရုပ်ရှင်ရုံတွေဆိုရင် တစ်နိုင်ငံလုံးမှာ (၁၈၈) ရုံ၊ ပိတ်ကားပေါင်း(၂၁၃) ခု၊ ဝန်ထမ်းက အယောက်(၅၀၀၀) အခု ဒုက္ခရောက်နေပြီလေ။ အဲဒါကိုပဲ တင်ပြပေးလို့ရမှာပါ” လို့ သူကဆိုပါတယ်။ 

Photo: Nyi Nyi

Covid ကာလကြောင့် ရုပ်ရှင်လောကသား တချို့လည်း စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေက စားနပ်ရိက္ခာ ထောက်ပံ့ မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ စားဝတ်နေရေး ပြေလည်ကြတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ အနေနဲ့ကလည်း အနုပညာလောကသားအချင်းချင်း ပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးခဲ့ကြပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က