ဂုဏ်ယူနေမိတယ်လို့ဆိုပါတယ်။

ဟိန်းဝေယံဟာ ရုပ်ရှင်နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးရေးမှာလည်း ပါဝင်နေတာဖြစ်သလို ပြတိုက် အတွင်းမှာလည်း အနုပညာရှင်တစ်ယောက်အဖြစ် ဖော်ပြထားတဲ့အပေါ် ဝမ်းသာနေတယ်လို့ ပြောပါတယ်။ 

Photo: Amazing Grace



ဟိန်းဝေယံကတော့ ရုပ်ရှင်နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးရေးတွေလုပ်နေတယ်လို့ သိရပါတယ်။ အဲဒီနောက် ရုပ်ရှင်သမိုင်းပြတိုက်မှာလည်း အနုပညာသမားတစ်ယောက်အနေနဲ့ ဖော်ပြထားကြတဲ့အပေါ် သူ့ရင်ထဲက ပီတိစကားကို Duwun ကနေ ပြောလာပါတယ်။ 

“ ရုပ်ရှင်သမိုင်းပြတိုက်အတွင်းက ဓာတ်ပုံမှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းလည်း ဝမ်းသာပါ တယ်။ ပျော်လည်းပျော်တယ်၊ ဂုဏ်ယူတယ်။ အခုလည်း နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးရေးတွေ လုပ်နေပါတယ်။ ရုပ်ရှင်ပြတိုက် အထဲမှာလည်း စုံစုံလင်လင် လေ့လာခွင့်ရတဲ့ အတွက်ကြောင့် တကယ်ကို သဘောကျစရာကောင်းတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်။ အများကြီး မျှော်လင့်ပြီး ကြိုးစားတာမျိုးလည်း မရှိပါဘူး” ဆိုပြီးတော့ ဇွန်လ ၁၅ ရက်နေ့က ရုပ်ရှင် နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Hein Wai Yan

ဟိန်းဝေယံဟာ COVID-19 ကာလဖြစ်တာကြောင့် ရုပ်ရှင်ရိုက်ကူးရေးတွေ နားထားရတယ်လို့ သိရပါတယ်။ အိမ်မှာ နေရတာ အချိန်ကြာလာတာနဲ့အမျှ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို လေ့လာဖြစ်တယ်လို့ သူကဆိုပါတယ်။ 

“ အခုချိန်မှာ အဓိက ကတော့ စာတွေ ဖတ်ဖြစ်တယ်။ ရုပ်ရှင်တွေ ကြည့်တယ်။ ကိုယ်လေ့လာသင့်တဲ့ အရာတွေကို လေ့လာနေတယ်။ ကိုယ့်အတွက် ခွန်အားဖြစ်စေမယ့် အရာလေးတွေကို ကြည့်တယ်။ အတွေးအခေါ်ပိုင်းဆိုင်ရာတွေကို လေ့လာတာမျိုးတွေ လုပ်နေတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Amazing Grace

ဟိန်းဝေယံကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သူဖြစ်ပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ် ၂၀ ကျော်ကို ရောက်ရှိလို့နေပါပြီ။ အဲဒီနောက် သူကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ‘’မာယာကကြိုး’’ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်အရှေ့အရောက်ပို့ဆောင်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က