အနုပညာသမားတစ်ယောက်အနေနဲ့ကတော့ အရမ်းပျော်တာပေါ့။

ဝတ်မှုံရွှေရည်ဟာ သူမနဲ့ ဖွေးဖွေး တို့ရဲ့ အနုပညာပြယုဒ်တွေကို ရုပ်ရှင်သမိုင်းပြတိုက်မှာ ပြသထားတဲ့အပေါ် သူ့ရင်ထဲက ခံစားချက်ကို အခုလို ပြောပြလာပါတယ်။ 

Photo: NannSu



သရုပ်ဆောင် ဝတ်မှုံရွှေရည်နဲ့ ဖွေးဖွေးတို့ရဲ့ အနုပညာအလုပ်နဲ့ပတ်သက်တဲ့အရာတွေကို ရုပ်ရှင်သမိုင်းပြတိုက်မှာ ထားထားတယ်လို့ သိရပါတယ်။ အနုပညာသမားတစ်ယောက်အနေနဲ့ အရမ်းပျော်တယ်လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။ 

“ရုပ်ရှင်သမိုင်းပြတိုက်မှာ ဖွေးနဲ့ ကစ်ပုံ ထားတာပျော်စရာကောင်းပါတယ်။ ဒီနေရာဟာ အနုပညာသမားတိုင်းအတွက်၊ အနုပညာကို ချစ်တဲ့သူတွေအတွက် ကိုယ့်ရဲ့ ဇာတ်ကားတွေ၊ ရခဲ့တဲ့ ဆုတွေ၊ ကိုယ်နဲ့ ပတ်သက်တဲ့ အရာလေးတွေကို ရုပ်ရှင်သမိုင်းပြတိုက်မှာ ထားခြင်းအတွက်တော့ တကယ်ကို တန်ဖိုးရှိတဲ့နေရာ၊ တကယ်ကို ကြည်နူးစရာပေါ့နော်” ဆိုပြီးတော့ မတ်လ ၈ ရက်နေ့က Zealax hotel ဖွင့်ပွဲကို တက်ရောက်ရင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Amazing Grace

ဝတ်မှုံရွှေရည်ဟာ ပြည်ပအနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက် ဖြစ်ပါတယ်။ “From Bangkok to Mandalay” ရုပ်ရှင်ဇာတ်ကား၊ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကား၊ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားတွေ ကလည်း ပြည်ပ အနုပညာရှင်တွေနဲ့ အတူ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။ လက်ရှိ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ ဝတ်မှုံရွှေရည်( Wutt Hmone Shwe Yi) တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

Photo: Wutt Mhone Shwe Yi

ဝတ်မှုံရွှေရည်ကတော့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး သူမရဲ့ ရည်မှန်းချက်ကို အခုလို ပြောပြလာပါတယ်။ အနုပညာအလုပ်ကို ချစ်မြတ်နိုးတဲ့ သူမကတော့ ပရိသတ်ကို အသစ် အသစ်တွေပဲ ချပြချင်တယ်လို့ ဆိုပါတယ်။ 

“ ကိုယ်ချစ်တဲ့ အနုပညာအလုပ် လုပ်နေရတဲ့အချိန်မှာ ဘယ်လို ကြိုးစားရမလဲ၊ ဘယ်လို ဖန်တီးရမလဲ၊ ကိုယ်ဝါသနာပါတာကို ဆက်ပြီးတော့ ဘာတွေ အသစ်၊ အသစ် ထပ်လုပ်ရမလဲဆိုတာမျိုးပဲ တွေးပါတယ်။ ကိုယ်က တစ်နေ့ ဘာကြီးဖြစ်ရမယ်ဆိုတာကို မတွေးထားဘူး။ ဒါပေမယ့် ကိုယ်လုပ်ခွင့်ရတဲ့အချိန် လုပ်နေရတဲ့ အလုပ်ကိုတော့ အကောင်းဆုံး ကြိုးစားသွားမှာပါ” ဆိုပြီးတော့ ဆက်လက်ပြောပြလာပါတယ်။ 

Photo: RBV

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က