နှစ်(၁၀၀) ပြည့်ပွဲတော်မှာ ပါဝင်ဖို့ အားခဲထားပါတယ်တဲ့။

ရုပ်ရှင် နှစ် (၁၀၀) ပြည့်တဲ့ အချိန်မှာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာလောကထဲမှာ ရပ်တည်လာနိုင်တဲ့အပေါ် ဂွမ်းပုံလေးရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

Photo: Goon Sein



ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်အနေနဲ့ အောင်မြင်မှုရရှိထားတဲ့ တက္ကသိုလ်ဂွမ်းပုံလေးဟာ ရုပ်ရှင်နှစ်(၁၀၀) ပည့်တဲ့ အချိန်မှာ အနုပညာရှင်တစ်ယောက်ဖြစ်ခွင့်ရလို့ ဝမ်းသာတယ်လို့ ဆိုပါတယ်။ ဆရာတွေရဲ့ သွန်သင်ဆုံးမမှုကြောင့် အခုလို ရပ်တည်လာနိုင်တာလို့လည်း Duwun ကနေ ပြောပြလာပါတယ်။ 

“ ရုပ်ရှင်အစည်းအရုံးဆိုတာက မဂွမ်းတို့ရဲ့ မိခင်တပ်ရင်းကြီးလိုဖြစ်နေတာ မဂွမ်းတို့ရဲ့ အသက်မွေးဝမ်းကြောင်း၊ မိသားစုကို လုပ်ကျွေးနိုင်တာ ကိုယ့်ရဲ့ ရုပ်ရှင်အနုပညာပေါ့နော်။ မဂွမ်းက ၁၉၈၆ ခုနှစ်ကတည်းက ဒါရိုက်တာ ဦးနန္ဒ၊ ဒါရိုက်တာ ကိုဇော်မြင့်ဦးရဲ့ သွန်သင်မှုတွေကြောင့် တက္ကသိုလ်ဂွမ်းပုံဆိုတဲ့ နာမည်ကို ရရှိလာတယ်။ ဆရာတွေရဲ့ ညွှန်ကြားပြသမှုတွေကြောင့်လည်း အကယ်ဒမီဆိုတဲ့ ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။ အခုလို နှစ်(၁၀၀) ပြည့်မှာ ကိုယ်အသက်ရှိနေတာကြောင့် အခုလို ကြုံရတာ အရမ်းကို ဝမ်းပန်းတသာ ဖြစ်မိပါတယ်” ဆိုပြီးတော့ ရုပ်ရှင် နှစ်(၁၀၀) ပြည့် ရိုက်ကူးရေးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Goon Sein

ရုပ်ရှင်(၇၅) နှစ်ပြည့် ပွဲတော်တုန်းကလည်း အရမ်းပျော်ခဲ့ရတယ်လို့ တက္ကသိုလ်ဂွမ်းပုံလေးက ပြောလာပါတယ်။ ရုပ်ရှင် နှစ်(၁၀၀) ပြည့်အတွက်လည်း အားတက်သရော ပါဝင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ 

" ၇၅ နှစ်မြောက် ရုပ်ရှင်ပွဲတော် တုန်းကလည်း မဂွမ်းတို့တွေ ကြုံခဲ့ရဖူးတယ်။ တပ်မတော်ခန်းမမှာ လုပ်ဖို့အတွက်ကိုလည်း ဘဘဦးအောင်မြင့်မြတ်နဲ့ ပြဇာတ်အတိုလေးတွေ၊ ကကြ၊ခုန်ကြနဲ့ တစ်လ တိတိ လုပ်ခဲ့ရဖူးတယ်။ အခု နှစ်(၁၀၀) ပြည့်အတွက်ကိုလည်း အားခဲထားတာပါ။ ဒါပေမယ့် Covid ရောဂါကြောင့်မို့လို့ အခိုက်အတန့်လေးတစ်ခု ဖြစ်နေရတယ်။ တကယ်လို့ ပွဲတော်ကြီး စလုပ်မယ်ဆိုရင် မဂွမ်းတို့ကတော့ အားတက်သရော ပါဝင်သွားမှာပါ" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Goon Sein

ဂွမ်းပုံလေးဟာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ခဲ့တာကြောင့် ၁၀ စုနှစ် တစ်စု ကျော်လာတဲ့အချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိလာတဲ့ ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ မင်းသမီးရဲ့ သူငယ်ချင်းနေရာ၊ အဒေါ်နေရာ၊ အမေ နေရာ နဲ့ အစ်မကြီး နေရာတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်တုန်းက အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု အဖြစ် "ဤအရာကိုအချစ်ဟုခေါ်သလား" ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆု ရရှိထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က