သူမရဲ့ ပီတိစကားတွေကို အခုလို ပြောခဲ့ပါတယ်။

စိုးပြည့်သဇင်ဟာ အနုပညာအလုပ်တွေ လုပ်နေတဲ့အချိန်မှာ ရုပ်ရှင် နှစ်(၁၀၀) ပြည့်အထိမ်းအမှတ်အတွက် ပါဝင်ခွင့်ရတဲ့အပေါ် သူမရဲ့ ပီတိစကားတွေ ပြောလာပါတယ်။ 

Photo: Soe Pyae Thazin



စိုးပြည့်သဇင်ကတော့ ရုပ်ရှင် နှစ်(၁၀၀) ပြည့်အထိမ်းအမှတ်မှာ သူမကိုယ်တိုင် အနုပညာ လောကသားတစ်ယောက် ဖြစ်ခွင့်ရတာ အရမ်းပျော်တယ်လို့ Duwun ကနေ ပြောလာပါတယ်။

“ ရုပ်ရှင် နှစ် (၁၀၀) ပြည့်မှာ ကိုယ်က အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ်အရမ်းမြတ်နိုးတဲ့ အနုပညာအသိုင်းအဝိုင်းမှာ ဖြတ်သန်းနေရတာ အရမ်းပျော်တယ်။ အရင်တုန်းက အနုပညာရှင်တွေထဲမှာ စိုးပြည့်အားကျရတဲ့ အနုပညာရှင်တွေ အများကြီးပါပဲ။ ဇာတ်ကားတွေလည်း အနှစ်သာရ ပြည့်တဲ့ ဇာတ်ကားတွေ များပါတယ်" ဆိုပြီးတော့ ဇွန်လ(၈) ရက်နေ့က ရုပ်ရှင်အစည်းအရုံး နှစ်(၁၀၀)ပြည့်အတွက် ရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

Photo: Soe Pyae Thazin

စိုးပြည့်သဇင်ဟာ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား နဲ့ တီဗီကြော်ငြာများစွာ ရိုက်ကူးထားသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ် နှစ်(၁၀၀) ပြည့်မှာ သူမအတွက် ကောင်းတဲ့အမှတ်တရလေး ကျန်ခဲ့ချင်တယ်လို့ဆိုပါတယ်။  

“နောက်ထပ် နှစ်(၁၀၀) ကျရင်လည်း စိုးပြည့်ကတော့ မရှိတော့ဘူးပေါ့နော်။ အဲဒီအခါကျရင် အဲဒီတုန်းက သူတို့တွေ ရှိခဲ့ဖူးတယ်၊ ကြိုးစားခဲ့ကြဖူးတယ်၊ ဇာတ်ကားကောင်းလေးတွေ ဖန်တီးခဲ့ကြဖူးတယ် ဆိုတဲ့အရာလေးတွေ ဖြစ်ချင်တာပေါ့” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

စိုးပြည့်သဇင်ဟာ ၂၀၀၉ ခုနှစ်က "မိုးည အိပ်မက်မြူ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိထားသူဖြစ်ပါတယ်။ သူမကိုတော့ အစ်မ ဝမ်းကွဲတွေ ဖြစ်တဲ့ ထပ်ဆင့် အကယ်ဒမီ စိုးမြတ်သူဇာ၊ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်နန္ဒာ တို့နဲ့ အတူ အကယ်ဒမီ မိသားစု အဖြစ် ရုပ်ရှင်သမိုင်းပြတိုက်ရဲ့ ရာပြည့်အခန်းမှာ မှတ်တမ်းတင် ခံထားရတာဖြစ်ပါတယ်။  

Photo: Soe Pyae Thazin

စိုးပြည့်သဇင်က အသက်(၁၈) နှစ်အရွယ်မှာ ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။ ဂီတ နဲ့ ပတ်သက်ပြီးတော့လည်း အောင်မြင်မှုတွေ ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ စိုးပြည့်သဇင်က လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ပါပဲ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က